ငါးဖောင်ရိုး
Wikipedia မှ
[ပြင်ဆင်ရန်] ငဖောင်ရိုး
ပါဏဗေဒအလိုအရ ငဖောင်ရိုးသည် 'စကွမ်ဗရီစိုစီဒေး' (Scomberesocidae) မျိုးရင်းတွင် ပါဝင်သည်။ ငဖောင်ရိုးသည် လုံးလုံး ရှည်ရှည် ပုံသဏ္ဌာန်ရှိသည်။ ကျောဆူးတောင်တစ်ခုတည်းရှိ၍ ယင်း၌ ရိုးနုများပါရှိသည်။ မေးရိုးသည် ရှည်လျား၍ ငှက်နှုတ်သီးကဲ့ သို့ ချွန်ထွက်နေ၏။ ငါးတောင်ညင်း၊ နှုတ်သီးထိုးတို့သည် ငါးဖောင်ရိုးနှင့် မျိုးချင်းနွယ်သောငါးများ ဖြစ်ကြလေသည်။ [၁]
[ပြင်ဆင်ရန်] ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)