ငါးဖီးမ

ဝီကီပီးဒီးယား မှ
ငါးဖီးမ

ငါးဖီးမ (Leiognathus splendens) ကို ငါးတံငါဟူ၍လည်း ခေါ်သည်။ ရခိုင်တိုင်း၌ ယင်းကို ငါးဥကြီးဟူ၍ သိကြသည်။ ပါဏဗေဒအလိုအားဖြင့် 'လေအိုနေးသပ်စပလင်ဒန်'ဟု ခေါ်သည်။ ကိုယ်ပြား၍ ပါးစပ် အရှေ့သို့ ငေါထွက်နေသည်။ အရောင်မှာ ငွေရောင်တောက်နေသည်။ ဆူးတောင်များသည် သန်မာ၍ ကြီးထွား သည်။ အမြီးခွသည် ရှည်၏။ ကျောရိုးဆူးတောင်နှင့် နှာတံပေါ် ၌ အမည်းကွက်များ ပါရှိသည်။ အရှည် ၅ လက်မ၊ ၆ လက်မ အထိ ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)