ဂျွန် ဂျိမ်း ဩဒူဘွန်

ဝီကီပီးဒီးယား မှ
ဂျွန် ဂျိမ်း ဩဒူဘွန်

ဂျွန် ဂျမ်း ဩဒူဘွန်(John James Audubon) (ဧပြီ ၂၆၊ ၁၇၈၅-ဇန်နဝါရီ ၂၇၊ ၁၈၅၁) သည် ပြင်သစ်-အမေရိကန် လူမျိုး တစ်ဦးဖြစ်ပြီး သူသည် ငှက်များအကြောင်း၊ သဘာဝပတ်ဝန်းကျင် လေ့လာသူနှင့် ပန်းချီသမားတစ်ဦး ဖြစ်သည်။ သူသည် အမေရိကမြောက်ပိုင်းရှိ ငှက်များအကြောင်းများကို ပုံများရေးဆွဲ၊ မှတ်သားဖော်ပြထားခဲ့သည်။ သူအား ပြင်သစ်ကိုလိုနီပိုင် စိန့်ဒိုမန်ဂွေ့(ယခု-ဟိုင်တီ) တွင် မွေးဖွားခဲ့ပြီး ငယ်စဉ်အချိန်များအား ပြင်သစ်တွင် ကုန်ဆုံးခဲ့သည်။ ထို့ပြင် သူသည် အမေရိကကို ချစ်မြတ်နိုး၍ ၎င်းအတွက် ကြီးမားသော အလုပ်ကို လုပ်ခဲ့ပြီး ယနေ့ခေတ်အမေရိကန် လူမျိုးများအတွက် ပြသပေးခဲ့သည်။ သူ၏ အမည်ရင်မှား ဂျင်း ရောဘင် ဖြစ်သည်။ သို့သော် ၁၈၀၃ ခုနှစ်၊ အမေရိကန်သို့ မှတ်ပုံတင်ရန်အတွက် သင်္ဘောပျဉ်ခင်းနေစဉ်၊ ၎င်း၏အသက် ၁၈နှစ်ကျော်ပြီးနောက်တွင် သူ့အမည်အား ပြောင်းလဲ့ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]