ဂျော့ချ် ခိုင်ဆာ

ဝီကီပီးဒီးယား မှ
George Kaiser
မွေးဖွား (1942-07-29) ဇူလိုင် ၂၉၊ ၁၉၄၂ (အသက် ၈၁)[၁][၂]
Tulsa, Oklahoma
ဌာနေTulsa, Oklahoma[၁]
San Francisco, California
နိုင်ငံသားUnited States[၁]
မိခင်ကျောင်းHarvard College (B.A.)
Harvard Business School (MBA)
အလုပ်အကိုင်Chairman of BOK Financial Corp.
ကြွယ်ဝမှုIncrease US$7.1 billion (February 2016)[၃]
အိမ်ထောင်ဖက်(များ)Betty Eudene (deceased)
Myra Block
သားသမီးwith Eudene:[၁]
--Philip Kaiser
--Leah Kaiser
--Emily Kaiser
ဝက်ဘ်ဆိုဒ်http://www.gkff.org/about-gkff/about-george-b-kaiser/

၁၉၄၂ တွင်မွေးဖွားခဲ့သူ ဂျော့ချ် ဘီ ခိုင်ဆာ သည် အမေရိကန်စီးပွားရေးသမားတစ်ဦးဖြစ်ပြီး BOK ဘဏ္ဍာရေး အဖွဲ့အစည်းကြီး၏ ဥက္ကဋ္ဌဖြစ်သည်။ သူသည် ကမ္ဘာပေါ်တွင်အချမ်းသာဆုံးလူ အယောက်ငါးဆယ်ထဲမှ တစ်ယောက်ဖြစ်ပြီး အမေရိကန်ရှိ အလှူရှင်များထဲတွင် ပါဝင်သည်။

အစောပိုင်းဘဝများနှင့် သက်မွေးဝမ်းကြောင်းလုပ်ငန်း[ပြင်ဆင်ရန်]

၁၉၄၂ ခုနှစ်တွင်မွေးဖွားခဲ့ပြီး သူသည် Tulsa ပြည်သူ့ကျောင်းတွင် တက်ရောက်ခဲ့ပြီးနောက် ဟားဗတ် တက္ကသိုလ်မှ MBA ဘွဲ့နှင့်တက္ကသိုလ်ပထမဘွဲ့ကိုရရှိခဲ့သည်။ ခိုင်ဆာ သည် U.S. Foreign Service သို့ဝင်ရောက်ခဲ့သော်လည်း ၁၉၆၆ တွင် သူ့ဖခင်အလုပ်ကို လုပ်ကိုင်ရန်အတွက် Tulsa သို့ပြန်လာလေသည်။

Kaiser-Francis Oil ကုမ္ပဏီသည် ၁၉၄၀ ခုနှစ်များအတွင်း Oklahoma တွင် စခန်းချသော နာဇီဂျာမနီများတပ် တွင် ဂျူးဒုက္ခသည်များဖြစ်ခဲ့သော ခိုင်ဆာ ၏ဦးလေးနှင့်မိဘများ တည်ထောင်ခဲ့ သော ကုမ္ပဏီဖြစ်သည်။ ခိုင်ဆာ သည် ထိုကုမ္ပဏီကို ၁၉၆၉ ခုနှစ်တွင် လက်လွှဲယူခဲ့သည်။ ၁၉၉၀ တွင် အစိုးရအေဂျင်စီများက နိုင်ငံ၏အဓိကငွေစုအဖွဲ့အစည်းများ၏လုံခြုံရေးကို အာမခံ ထားသော Oklahoma ဘဏ်ကို ခိုင်ဆာ ကဝယ်ယူလိုက်သည်။ ထိုဘဏ်ကိုဝယ်လိုက်ခြင်းက ခိုင်ဆာ ကို Forbes မဂ္ဂဇင်း၏ “အမေရိကန်လူချမ်းသာ ၄၀၀” ထဲတွင် ပါဝင်သွားစေသည်။

၂၀၀၇ ခုနှစ်တွင် BOKF တွင်ပါဝင်သော ခိုင်ဆာ ၏ရင်းနှီးမြှုပ်နှံမှုမှာ ၂.၃ ဘီလီယံဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ခန့်မှန်းခြေအဖြစ် သူ၏ပိုင်ဆိုင်မှုမှာ ၁၂ ဘီလီယံခန့်ရှိပြီး အမေရိကားတွင် ၂၀ ယောက်မြောက် အချမ်းသာဆုံးနှင့် Oklahoma တွင် အချမ်းသာဆုံးလူအဖြစ် ခိုင်ဆာ ကို Forbes မဂ္ဂဇင်းကသတ်မှတ်ခဲ့သည်။ မတ်လ ၂၀၀၉ တွင် စီးပွားရေးကျဆင်းသည်ကို ရင်ဆိုင်ရပြီးနောက် ခိုင်ဆာ ၏ငွေကြေးပိုင်ဆိုင်မှုများမှာ ဒေါ်လာ ၉ ဘီလီယံသို့ ကျသွားပြီး ၄၃ ယောက်မြောက် ကမ္ဘာပေါ်တွင်အချမ်းသာဆုံးအဖြစ် Forbes မဂ္ဂဇင်းက သတ်မှတ်ခဲ့ပြန်သည်။ ကိုယ်ပိုင်ဘဝ

သူသည် လက်ထပ်ပြီး ကလေးသုံးယောက်ရရှိခဲ့သည်။ ကွဲကွာချိန်များတွင် ဇနီးအသစ် Myra ဖြင့် Tulsa ကြား California ရှိ Oklahoma နှင့် San Francisco တို့တွင် နေထိုင်သည်။

ပရဟိတလုပ်ငန်းများ[ပြင်ဆင်ရန်]

ခိုင်ဆာ သည် ၂၀၀၈ ခုနှစ် Business Week မဂ္ဂဇင်း၏ အမေရိကန်ရှိ ထိပ်သီးအလှူရှင် ၅၀ စာရင်းတွင် Warren Buffett၊ Bill နှင့် Melinda Gates တို့နောက်တွင်ရှိပြီး နံပါတ်သုံး နေရာချိတ်ခဲ့သည်။ ဂျော့ချ် ခိုင်ဆာ မိသားစုဖောင်ဒေးရှင်းကိုဖွဲ့စည်းပြီး ကလေးသူငယ်ဆင်းရဲမှုပပျောက်ရေးအတွက် လုပ်ဆောင်ချက်များမှာ အင်မတန်ထင်ရှားသည့်အပြင် ခိုင်ဆာ သည် လူအယောက် ၅၀၀၀ ခန့်ရှိသော Oklahoma ရှိ ဂျူးအဖွဲ့အစည်းတစ်ခုတွင် အဓိကအကျိုးတော်ဆောင်ဖြစ်လေသည်။ ကလေးသူငယ်ပညာရေးအတွက်လည်း သူသည် အသိအမှတ်ပြုရလောက်အောင် လှုပ်ရှား တက်ကြွသူဖြစ်သည်။

ခိုင်ဆာ မိသားစုဖောင်ဒေးရှင်းသည် Alaska အစိုးရ Tony Knowles ကစတင်တည်ထောင်၍ ၂၀၁၀ ဇန်နဝါရီ တွင် U.S. ကိုယ်စားလှယ် Brad Carson ဒါရိုက်တာလုပ်နေသော Tulsa တက္ကသိုလ်တွင်း တည်ရှိသည့် အကျိုးအမြတ်ကိုမရည်ရွယ်သော National Energy Policy Institute ကို ငွေကြေးထောက်ပံ့ခဲ့သည်။

ဇန်နဝါရီ ၂၀၀၉ ခုနှစ်တွင် ခိုင်ဆာ သည် ဓာတ်ဆီနှင့်ဂတ်စ်စက်ရုံများ အတွက် မြေယာအိမ်ရာ အခွန်များကို လျှော့ချသင့်ပြီး ထိုပိုက်ဆံများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအစီအစဉ်များ တွင် အသုံးပြုသင့်ကြောင်း Oklahoma အိမ်ကိုယ်စားလှယ်များကို ပြောကြားပြီးနောက် သူသည် ထိုကိစ္စအပေါ် အာရုံစူးစိုက်ခဲ့သည်။ ခိုင်ဆာ သည် သူ့ပိုင်ဆိုင်မှု၏ထက်ဝက်ကို လူမှုရေးပရဟိတလုပ်ငန်းများအတွက် လှူဒါန်းအသုံးပြုမည် ဟု ကိုယ်ကိုယ်တိုင်ကတိပြုခဲ့သူတစ်ဦးဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ George Kaiser - ForbesForbes (March 9, 2011)။ May 11, 2011 တွင် ပြန်စစ်ပြီး။
  2. George B. Kaiser, The Oklahoman (accessed 2013-02-28).
  3. Forbes: The World's Billionaires: "George Kaiser" March 2013