ဂျူရီ

ဝီကီပီးဒီးယား မှ

ဂျူရီ။ ။ အင်္ဂလန်နိုင်ငံနှင့်တကွ အင်္ဂလန်နိုင်ငံ တရားစီရင်ရေးစနစ်ကို လိုက်နာကြသည့်နိုင်ငံတို့တွင် အမှုအခင်းမှ ပေါ်ပေါက်လာသော အကြောင်းခြင်းရာတို့ကို အဆုံးအဖြတ်ပေးရသော အဖွဲဲ့ဟူ၍ တရားစီရင်သော တရားသူကြီးတို့နှင့် ဆက်စပ်တည်ရှိသည်။ ထိုအဖွဲ့ကို ဂျူရီအဖွဲ့ငယ်ဟု ခေါ်တွင်လေသည်။

ဤသို့ဆုံးဖြတ်ပေးရသော ဂျူရီအဖွဲ့ငယ်အပြင် ဂျူရီအဖွဲ့ကြီး ဟူ၍လည်း ရှိသေးသည်။ ၁၉၃၃ ခုနှစ်မတိုင်မီ ဂျူရီအဖွဲ့ကြီးတို့ သည် ရာဇဝတ်ကြီးတို့၌ ရုံးတော်ရှေ့မှောက်သို့ တရားခံအား မသွင်းရသေးမီ မှုခင်းဖြစ်ပွားသည့် အခြင်းအရာတို့ကို ရှေးဦး စစ်ဆေးရသည်။

ဦးစွာပထမ ပေါ်ပေါက်လာသော သာဓကများအရ တရား လို၏ ထွက်ချက်တို့သည် ယုတ္တိတန်သည်ဟူ၍ ကျေနပ်လောက် အောင် ထင်မြင်ယူဆရသည့်အခါ ဂျူရီအဖွဲ့ကြီးက အမှုကို စွဲချက်နှင့်တကွ ရုံးတော်သို့ တင်သွင်းရသည်။ ဤသို့ ရုံးတော် သို့ အမှုတင်သည့်အခါ တရားခံအား တရားသူကြီးနှင့် ဂျူရီ လူကြီးများ၏ ရှေ့မှောက်တွင် စစ်ဆေးလေသည်။ ၁၉၃၃ ခုနှစ် သို့ ရောက်သောအခါ ဂျူရီအဖွဲ့အပေါ်၌ ချမှတ်ထားသော တာဝန်ဝတ္တရားတို့သည် ယုတ်လျော့သွားခဲ့သည်။ လန်ဒန်မြို့ တော်နှင့် မစ်ဒဲဆက်ခရိုင်မှတပါး တစ်ခြားသောနယ်ပယ်အားလုံး တို့၌ ရှေးဦး စစ်ဆေးခြင်းတာဝန်တို့ကို ဂျူရီအဖွဲ့ကြီးထံမှ နုတ်သိမ်းလိုက်လေသည်။ အဆိုပါ လန်ဒန်မြို့တော်နှင့် မစ်ဒဲ ဆက်ခရိုင်တို့တွင်လည်း အင်္ဂလန်ပြင်ပတွင်ရှိသော ဗြိတိသျှ နိုင်ငံသားတို့က နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်သည့် အခါ၌၎င်း၊ ကိုလိုနီအစိုးရ ဘုရင်ခံနှင့် အခြားရာထူး ဌာနန္တရ ကြီးသော ပုဂ္ဂိုလ်တို့က ပြစ်မှုကျူးလွန်သည့်အခါ၌၎င်း၊ မှုထမ်း ရာထမ်းတို့၏ လျှို့ဝှက်ချက်အက်ဥပဒေအရ ပြစ်မှုတို့ကို ကျူး လွန်သည့်အခါ၌၎င်း၊ ပါလီမန် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု တို့ကို ကျူးလွန်သည့်အခါ၌၎င်း ထိုအခါမျိုး၌သာလျှင် ဂျူရီ အဖွဲ့ကြီးသည် ရှေးဦးစွာ စစ်ဆေးခြင်းကို ပြုလုပ်နိုင်သည်။

အထက်ပါ ဂျူရီနှစ်မျိုးအပြင် အခြားဂျူရီတစ်မျိုး ရှိသေး သည်။ ထိုဂျူရီအဖွဲ့၏တာဝန်မှာ သေဆုံးခြင်း၏အကြောင်းရင်း တို့၌ သက‡ာမကင်းဖွယ်တို့ကို တွေ့ရှိသည့်အခါ၌၎င်း၊ အကျဉ်း ချထားစဉ် အကျဉ်းသမားသေဆုံးသည့်အခါ၌၎င်း၊ ဥစ္စာသိုက် များနှင့် စပ်လျဉ်း၍ နိုင်ငံတော်က ပိုင်ထိုက်သည်၊ နိုင်ငံတော် သား ပိုင်ထိုက်သည်ဟု အငြင်းပွားသောအခါ၌၎င်း စစ်ဆေးရ သောတာဝန် ဖြစ်လေသည်။

အင်္ဂလန်ပြည်တွင် မှုခင်း စစ်ဆေးသော ဂျူရီအဖွဲ့ငယ်တွင် ဂျူရီလူကြီး ၁၂ ဦးပါဝင်၍ ရာဇဝတ်ကြောင်း မှုခင်းတို့၌ ထိုဂျူရီ ၁၂ ဦးတို့ တညီတညွတ်တည်း ဆုံးဖြတ်မှသာလျှင် စီရင်ချက်သည် အတည်ဖြစ်နိုင်သည်။ ဂျူရီလူကြီးတို့ သဘော ကွဲလွဲသည့်အခါများ၌ ဂျူရီအဖွဲ့သစ်ကို ဖွဲ့ပြီးလျှင် အမှုကို အသစ်ပြန်၍ စစ်ဆေးရသည်။ တရားမမှုများ၌ကား သက်ဆိုင် ရာ ကာယကံရှင်တို့က ဂျူရီလူကြီးအများ ဆုံးဖြတ်ရာကို နာခံပါမည်ဟုဆိုလျှင် ထိုများရာ ဆုံးဖြတ်ချက်ဖြင့် အမှုကို စီရင်နိုင်သည်။ စကော့တလန်ပြည်၌ ရာဇဝတ်မှုခင်းများတွင် ဂျူရီလူကြီး ၁၅ ဦး ပါဝင်ရ၍ များရာ ဆုံးဖြတ်သည် အတည် ဖြစ်ရသည်။ အမှုကို စွဲဆိုတင်သွင်းရသော ဂျူရီအဖွဲ့ကြီး၌ကား ဂျူရီလူကြီး ၁၂ ဦးမှ ၂၃ ဦးအထိ ပါဝင်ရသည်။ အမှုကို စွဲဆို တင်သွင်းခွင့်ရရန် ဂျူရီ ၁၂ ဦးက သဘောတူညီ ရသည်။ ၁၂ ဦးထက်နည်းသော ဂျူရီလူကြီးတို့က အမှုကို စွဲဆိုတင်ရန် ဆုံးဖြတ်သည်ရှိသော် ထိုစွပ်စွဲဲချက်ကို ပလပ် လိုက်ရသည်။

သေမှုတို့ကို စစ်ဆေးရသော ဂျူရီအဖွဲ့၌ကား ဂျူရီလူကြီး ၇ ဦး မှ ၁၂ ဦးထိ ပါဝင်ရသည်။ ယင်းတို့အနက် ၂ ဦးထက် မပို သော ဂျူရီလူကြီးတို့၌ သဘောကွဲလွဲချက်များ ရှိခဲ့သော် ကျန် ဂျူရီလူကြီးများ၏ ဆုံးဖြတ်ရာကို သေခင်းစစ်ဆေးသောတရား သူကြီးက လက်ခံရသည်။

ဂျူရီအဖွဲ့ဖြင့် မှုခင်းစစ်ဆေးသော မူလဇစ်မြစ်မှာ မထင်ရှား ချေ။ ထင်မြင်ယူဆချက်များ အမျိုးမျိုး အဖုံဖုံရှိကြ၏။ သို့သော် အများက ယူဆထားသော အချက်တစ်ရပ်မှာ ရှေးအဂ‡လိပ် ဆက္ကဆွန်ခေတ်က နေရင်းဒေသရှိ နယ်သူနယ်သားများ အချင်း ချင်း အငြင်းအခုံ ဖြစ်သည့်အခါ အရပ်လူကြီးများပါဝင်သော ဒေသန္တရဆိုင်ရာ ခရိုင်ခွဲအဖွဲ့ အစည်းအဝေးပြုလုပ်၍ အဆုံး အဖြတ်ပေးသော ဓလေ့မှ ဂျူရီအဖွဲ့ ဖွဲ့ခြင်းမှ ဆင်းသက်လာ သည်ဟု ဖြစ်လေသည်။ ထိုထက်သင့်မြတ်သော အယူအဆ တစ်ရပ်မှာ ယခုခေတ်တွင် အများသိပြီးဖြစ်သော ဂျူရီစနစ် သည် ရောမအင်ပိုင်ယာ နောက်ပိုင်းခေတ်မှ စတင်ပေါ်ပေါက်ခဲ့ သည်ဟူသော အယူအဆ ဖြစ်၏။ ထိုခေတ်တွင် ရောမအင်ပိုင် ယာသည် နေပြည်တော်အပြင် ရပ်ဝေးရှိ နယ်ပယ်များအထိ အုပ်ချုပ်ရေး အာဏာ ပျံ့နှံ့ခဲ့သည်။ ထိုအခါ ဗဟိုဘဏ္ဍာတော် တိုက်ဌာန အာဏာပိုင်တို့နှင့် ရပ်ဝေးနယ်ပယ်ရှိ တိုင်းသူပြည် သားတို့ အချင်းချင်း ဘဏ္ဌာရေးနှင့်ဆိုင်သောဝိဝါဒများ ဖြစ်ပွား လာ လေသည်။ ထိုဝိဝါဒတို့ကို ဖြေရှင်းရန်အလို့ငှာ နေပြည် တော်ရှိ အရာရှိအရာခံတို့သည် သက်ဆိုင်ရာဒေသ၏ ထက် အောက် ပတ်ဝန်းကျင်ရှိ တာဝန်ရှိသူပုဂ္ဂိုလ်တို့အား ဆင့်ခေါ် ပြီးလျှင် ကျမ်းကျိန်စေ၍ စစ်တမ်းထုတ်လေသည်။ ထိုရောမ အင်ပိုင်ယာခေတ်က စစ်တမ်းများကို မြန်မာဘုရင် လက်ထက် က စစ်တမ်းများနှင့် သဘောသွားချင်း နှိုင်းယှဉ်ပေသည်။

နှောင်းခေတ် ရောမအင်ပိုင်ယာ၏ နည်းနိဿျတို့ကို ဖရန့် ဧကရာဇ်ဘုရင်တို့နှင့် နော်မန်မြို့စားကြိးတို့က အတုယူလေ သည်။ နော်မန်တို့က အင်္ဂလန်ပြည်ကို လွှမ်းမိုးလာသောအခါ ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးကိစ္စတို့၌ ဘုရင်နှင့် တိုင်းသူပြည် သားတို့ အချင်းချင်း ဝိဝါဒဖြစ်လေသော် နော်မန်တို့သည် ထိုဝိဝါဒကို ဖြေရှင်းရန် အလို့ငှါ၊ အရပ်လူကြီးများ ပါဝင်သည့် အစည်းအဝေးကို ဆင့်ဆိုသည့် အခွင့်အာဏာကို အသုံးပြုလာ ကြသည်။

ခရစ် ၁၁၆၆ ခုနှစ်တွင် အရပ်လူကြီးများ အစည်းအဝေး ဆင့်ခေါ်သည့် ထုံးတမ်းကို ဥပဒေဖြင့် အတည်ပြုလိုက်ပြီး သည့်နောက် ဂျူရီအဖွဲ့ကြီးစနစ်သည် ဖြစ်ထွန်းလာလေသည်။ ဤအချိန်အထိ အမှုစစ်ဂျူရီအဖွဲ့ငယ်ဟူ၍ မပေါ်ပေါက်သေး ချေ။ အမှုတင်သော ဂျူရီအဖွဲ့ကြီးက တရားခံ၏အမှုကို တင် သည့်အခါ တရားခံသည် စွဲချက်ကို ချေပသောအနေဖြင့် ကမ္ဘာ လေးရပ်စည်းဖြင့် အမှုကိုစစ်ဆေးရန် တောင်းဆိုလိုက တောင်း ဆိုနိုင်ခွင့် ရှိသည်။ ၁၂၁၆ ခုနှစ်တွင် ကမ္ဘာလေးရပ် စစ်နည်း ကို ပယ်ဖျက်လိုက်သောအခါ ဂျူရီအဖွဲဲ့ငယ်နှင့် အမှုစစ်သော စနစ်သည် ပေါ်ပေါက်လာလေသည်။ သို့သော် မူလတွင် အမှုတင် ဂျူရီအဖွဲ့ကြီးနှင့် အမှုစစ်ဂျူရီအဖွဲ့ငယ်တို့ကို ပြတ်သား စွာ ပိုင်းခြား၍ မထားခဲ့လေ။ အမှုတင် ဂျူရီအဖွဲဲ့ကြီးသည် မိမိ အမှုကို မိမိတင်လျှောက်ပြီးနောက် ထိုအမှုကိုပင် စစ်ဆေးလေ့ရှိ ကြသည်။ ၁၃၅၂ ခုနှစ်ရောက်ခါမှပင် အမှုတင်ဂျူရီလူကြီး အဖွဲ့သည် အမှုကို စစ်ဆေးခြင်း မပြုရလေဟု ပညတ်လေ သည်။ ထိုနှစ်တွင် အမှုတင်ဂျူရီအဖွဲ့ကြီးနှင့် အမှုစစ်ဂျူရီ အဖွဲ့ငယ်ဟူ၍ တရားခံအား စွဲချက်တင်ရန်နှင့် အမှုစစ်ရန် အလို့ငှာ တီထွင်လိုက်ပြီဖြစ်သော်လည်း တရားခံ၏ သဘော တူညီချက် မရှိပါဘဲလျက် ဂျူရီအဖွဲ့နှင့် စစ်ဆေးခြင်းကို မပြု နိုင်သေးချေ။ ရုံးတော်ရှေ့သို့ တရားခံ ရောက်ရှိလာသောအခါ တရားခံက တရားသူကြီးနှင့် ဂျူရီအဖွဲ့တို့ စစ်ဆေးခြင်းကို သဘောတူလက်ခံပါသည်ဟု ပဋိညာဉ်မပေးလျှင် တရားခံကို မစစ်ဆေးနိုင်တော့ချေ။ ထိုကြောင့် ၁၇၇၂ ခုနှစ်အထိ လုပ်ရိုး လုပ်စဉ်မှာ အမှုစစ်ဆေးခြင်းကို တရားခံက လက်ခံလာသည့် တိုင်အောင် တရားခံအား နှိပ်စက် ည|ဉ်းပန်းခြင်းပင် ဖြစ်၏။

တရားခံက သဘောတူညီချက် မပေးသဖြင့် ည|ဉ်းပန်းနှိပ်စက် ရင်းဖြင့် တရားခံ သေဆုံးရသော အမှုများ ရှိခဲ့ဘူးသည်။ တရားခံသည် သူ၏အမှုကို အစစ်ခံသည်ထက် ည|ဉ်းပန်း နှိပ်စက်၍ သေဆုံးရသောဒဏ်ကို အဘယ်ကြောင့်ပို၍ ကျေနပ်နှစ်သက်ပါသနည်းဟုဆိုသော် ထိုခေတ်က ပြစ်ဒဏ် ခံရသော သူတို့သည် သေဒဏ်ဖြင့် စီရင်ပြီးခြင်းကိုသာ ခံရရုံမျှမက ဥစ္စာပစ္စည်းများလည်း အသိမ်းခံရ၍ သူ့အား ဆက်ခံသည့် အမွေစား၊ အမွေခံဟူသမျှမှာလည်း နိုင်ငံရေး အခွင့်အရေးနှင့်တကွ အခြားအခွင့်အရေးများပါ ဆုံးရှုံးခြင်းကို ခံရသောကြောင့် ဖြစ်၏။ အကယ်၍ ည|ဉ်းပန်း နှိပ်စက်ခြင်းကြောင့် သေဆုံးခဲ့သော် တရားခံသည် မှုပြစ်မရှိဘဲ သေဆုံးရသည်မည်သဖြင့် အထက်ပါ အခွင့်အရေးမျိုးကို မဆုံး ရှုံးလေ။၁၇၇၂ ခုနှစ်သို့ ရောက်သည့်အခါ တရားခံ၏ သဘော တူညီချက်ကို ရခါမှ တရားသူကြီးနှင့် ဂျူရီအဖွဲ့တို့ စစ်ဆေးနိုင် စေရမည်ဟူသောအချက်ကို ပယ်ဖျက်လိုက်လေသည်။ ဂျူရီလူကြီး များအဖြစ်ဆောင်ရွက်သော အရည်အချင်းရှိသူများ၏ စာရင်းကို သက်ဆိုင်ရာနယ်မှ အရာရှိများက ပြုလုပ်ပေးရလေသည်။

အသက် ၂၁ နှစ်မှ ၆ဝ အတွင်းရှိ မည်သည့်ယောက်ျား၊ မိန်းမ မဆို ဂျူရီလူကြီးအဖြစ် ဆောင်ရွက်နိုင်သည့် ဂုဏ်အဂ‡ါရှိသည်။ သို့သော် ဆရာဝန်များ၊ သာသနာ့ဝန်ထမ်းများ၊ လွှတ်တော် အမတ်များ၊ ရှေ့နေရှေ့ရပ်များ၊ စစ်ဖက်ဆိုင်ရာ အမှုထမ်းများ၊ တရားသူကြီးများ စသည်တို့မှာ ဂျူရီလူကြီးများအဖြစ် ဆောင် ရွက်ခြင်းမှ ခွင့်လွတ်ထားခြင်း ခံရသူများ ဖြစ်၏။ ရုံးမှ အလို ရှိသည့်အခါ စာရင်းမှ ရွေးချယ်ကာ ဆင့်ခေါ်လေသည်။ ဂျူရီ လူကြီးအဖြစ်ဖြင့် ဆောင်ရွက်ရန် ဆင့်ခေါ်ခြင်းခံရသူသည် ရုံးသို့ မပျက်မကွက် သွားရောက်ရသည်။ ရုံးက အခွင့်အမိန့်ရမှ သာလျှင် ရုံးသို့ မသွားဘဲနေနိုင်သည်။ ရုံးမှလည်း လုံလောက် သော အကြောင်းပြချက်များ မရှိဘဲ ခွင့်ပြုခြင်း မရှိချေ။ ဂျူရီ လူကြီးအဖြစ် ဆောင်ရွက်သဖြင့် အခကြေးငွေ အနည်းငယ်သာ ရ၏။ ဂျူရီလူကြီးများ မည်သည့်ဘက်သို့ မျက်နှာမလိုက်ဘဲ ဆုံးဖြတ်ရမည်ဖြစ်ရာ ဂျူရီလူကြီးများကို ဂရုစိုက် စိစစ်ရွေးချယ် ရလေသည်။ အရေးကြီးသော အမှုများတွင် ဂျူရီလူကြီးများကို မည်သည့်ဖက်ကမှ ဩဇာပေးခြင်း၊ သွေးဆောင်ခြင်း မပြုနိုင် အောင် အထူး ဂရုစိုက်ရ၏။ ဂျူရီလူကြီးများအား လာဘ်ထိုး ရန် ကြံစည်သူ၊ လာဘ်ပေးသူများကိုလည်း ပြင်းပြင်းထန်ထန် နှိပ်ကွပ် အပြစ်ပေးလေသည်။

မြန်မာနိုင်ငံ တရားလွှတ်တော်တွင် မူလ စီရင်ပိုင်ခွင့် အာဏာအရ၊ စက်ရှင်မှုများကို စစ်ဆေးသည့်အခါ ဂျူရီလူကြီး များ အဖွဲ့ဖြင့် စစ်ဆေးလေသည်။ ဂျူရီလူကြီးများအဖွဲ့တွင် အဖွဲ့ဝင် ၉ ဦး ပါဝင်၏။ ဂျူရီလူကြီးများကို တရားလွှတ်တော် ရုံးဝန်ထောက်က အမည်များကို အက္ခရာလိုက်စဉ်ကာ ရေးဆွဲ ထားသော စာရင်းမှ ရွေးချယ်ရသည်။ ထိုစာရင်းတွင် ခရိုင်ဝန် ထက် ရာထူးကြီးမြင့်သူများ၊ လွှတ်တော်အမတ်များ၊ တရား သူကြီးများ၊ အကောက်တော်နှင် ။ ထိုသို့မလာရောက်ဘဲနေ လျှင်သော်လည်းကောင်း၊ ဂျူရီလူကြီးအဖြစ် ဆောင်ရွက်နေစဉ် ရုံးမှ အခွင့်မပြုဘဲ ပြန်သွားလျှင်သော်လည်းကောင်း၊ ရုံးတော်၏ အမိန့်ကို မလေးမစား ပြုမှုဖြင့် တရားဝန်ကြီးက သင့်တင့်သည်ထင်သော ငွေကို ဆောင်ရွက်ရန် အပြစ်ပေးနိုင်၏။ ဒဏ်ငွေ မဆောင်လျှင် တရားမထောင်တွင် ၆ လထက် မပိုသော ထောင်ဒဏ်ကို သတ်မှတ်နိုင်၏။

ဂျူရီလူကြီးအဖြစ် ဆောင်ရွက်ရန် ဆင့်ခေါ်ရာတွင် အမှန်လို အပ်သည့် အရေအတွက်ထက်ပို၍ ဆင့်ခေါ်လေသည်။ ထိုသို့ ဆင့်ခေါ်ထားသူများထဲဲမှ လိုသမျှကို မဲချ၍ ရွေးချယ်သည်။ မဲကျသူများကို တစ်ဦးစီ တစ်ဦးစီ အမည်ခေါ်သည့်အခါ တရား သူကြီး၏ ရှေ့တွင် ရပ်ပြရလေသည်။ ထိုအခါ တရားခံ သို့မဟုတ် အစိုးရရှေ့နေက သဘောမကျလျှင် အကြောင်းပြ ကန့်ကွက်နိုင်သည်။ ကန့်ကွက်ခြင်းခံရသူမှာ အကြောင်းပြချက် လုံလောက်လျှင် အပယ်ခံရသည်။ ထိုပြင် အကြောင်းမပြဘဲနှင့် လည်း တရားခံနှင့် အစိုးရရှေ့နေတို့သည် ၈ ဦးစီအထိ ကန့်ကွက်နိုင်သေးရာ ရုံးတော်က ထိုသို့ ကန့်ကွက်သည်ကို လက်ခံရ၏။

ဂျူရီလူကြီးများနှင့် အမှုစစ်ဆေးပုံမှာ သဘောအားဖြင့် အထက်ကပြဆိုခဲ့သည့် ဗြိတိသျှတရားရုံးများ စနစ်အတိုင်းပင် ဖြစ်သည်။ ဂျူရီလူကြီး အချင်းချင်း သဘောကွဲလွဲသည့်အခါ ဂျူရီလူကြီးသစ်များဆင့်ခေါ်၍ အမှုကို ပြန်လည် စစ်ဆေးရ၏။ သို့သော် ၆ ဦးထက် မနည်းက တသဘောတည်းဖြစ်နေလျှင် တရားဝန်ကြီးသည် ထိုဆုံးဖြတ်ချက်ကို လက်ခံ၍ အမိန့်ချမှတ် နိုင်သည်။ လက်မခံလိုက ဂျူရီလူကြီးသစ်များကို ဆင့်ခေါ်၍ အမှုပြန်လည်စစ်ဆေးရန် တရားဝန်ကြီးက အမိန့်ချမှတ်ရ၏။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)