ဂျီသရီးရိုင်ဖယ်
| G3/ဂျီသရီး | |
| အမျိုးအစား | မောင်းပြန်ရိုင်ဖယ် |
| မူရင်းနိုင်ငံ | အနောက်ဂျာမဏီ |
| ဒီဇိုင်နာ | Mauser, CETME, Heckler & Koch |
| စတင်ထုတ်လုပ်သည့်နှစ် | ၁၉၆၄ |
| ကျည်တောင့် | 7.62x51mm နေတိုး |
| ကျည်ထွက်နှုန်း | တစ်မိနစ် ၅၀၀-၆၀၀ |
| ကျည်မြန်နှုန်း | 800 m/s |
| အကွာအဝေး | မီတာ ၁၀၀-၄၀၀ |
| ကျည်ကတ် | အတောင့်၂၀ဝင် |
| အလေးချိန် | ၄.၁-၅.၅၄ kg |
| အရှည် | ၈၄၀-၁၀၂၅mm |
| ပြောင်းအရှည် | ၃၁၅-၄၅၅mm |
ဂျာမဏီနိုင်ငံ Heckler & Kochကုမ္ပဏီနှင့် စပိန်နိုင်ငံပိုင် CETMEကုမ္ပဏီတို့ ၁၉၅၀ခုနှစ်များတွင် ပူပေါင်းတီထွင်သော မောင်းပြန်ရိုင်ဖယ် အမျိုးအစားဖြစ်ပြီး HK G3ဟု လူသိများသည်။
မာတိကာ |
[ပြင်ဆင်ရန်] G3အသုံးပြုသည့်နိုင်ငံများ
G3အား နေတိုးမဟာမိတ်နိုင်ငံများဖြစ်သည့် ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ပြင်သစ်၊ ဂျာမဏီ၊ ဂရိ၊ အိုက်စ်လန်၊ အီတလီ၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ နော်ဝေ၊ နယ်သာလန်၊ ပေါ်တူကီ၊ တူရကီ၊ ဗြိတိန်တို့တွင် အသုံးပြုသည်။
ထို့အပြင် နေတိုး အဖွဲ့ဝင် မဟုတ်သည့် အာဂျင်တီးနား၊ ဘာရိမ်း၊ ဘော့စနီးယား ဟာဇီဂိုဗီးနား၊ အီရန်၊ လစ်ဗျား၊ မလေးရှား၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ ဖိလစ်ပိုင်၊ ဆိုမားလီးယား၊ ထိုင်း၊ ဇင်ဘာဘွေ စသည့် နိုင်ငံပေါင်း ၄၀ကျော်ရှိ လက်နက်ကိုင်တပ်များတွင် လည်းအသုံးပြုသည်။
[ပြင်ဆင်ရန်] G3ထုတ်လုပ်သည့်နိုင်ငံများ
G3ရိုင်ဖယ် အမျိုးအစားအမျိုးမျိုးအား တရားဝင်လိုင်စင်ဖြင့် အောက်ပါ နိုင်ငံများတွင် ထုတ်လုပ်ကြသည်။
ပြင်သစ်
ဂရိ
အီရန်
မက္ကဆီကို
မြန်မာ
နော်ဝေ
ပါကစ္စတန်
ပေါ်တူဂီ
ဆော်ဒီအာရေးဗျ
ဆူဒန်
ဆွီဒင်
ထိုင်း
တူရကီ
ဗြိတိန်
[ပြင်ဆင်ရန်] G3မျိုးကွဲများ
- G3
- G3A1
- G3A2
- G3A3
- G3A3A1
- G3A4
- G3A4A1
- G3KA4
- G3KA4A1
- G3A5
- G3A6
- G3A7
[ပြင်ဆင်ရန်] အသုံးပြုခဲ့သည့်စစ်ပွဲများ
ပေါ်တူဂီကိုလိုနီ စစ်ပွဲ၊ ဇင်ဘာဘွေ လွတ်လပ်ရေး စစ်ပွဲ၊ ပေါ်တူဂီတော်လှန်ရေး စစ်ပွဲ၊ ကမ္ဘောဒီးယား ပြည်တွင်းစစ်၊ အီရန် အီရတ် စစ်ပွဲ၊ တူရကီ ပီကေကေ ပဋိပက္ခ၊ ဆီရာလီယွန်း ပြည်တွင်းစစ်၊ အီသီယိုးပီးယား ပြည်တွင်းစစ်၊ အာဖဂန် စစ်ပွဲ၊ ဒုတိယ ပင်လယ်ကွေ့ စစ်ပွဲ
[ပြင်ဆင်ရန်] G3နှင့်မြန်မာ့တပ်မတော်
၁၉၈၈မတိုင်မီက မြန်မာ့တပ်မတော်တွင် ကာကွယ်ရေးပစ္စည်း စက်ရုံများမှ ထုတ်လုပ်သော ရ.၆၂မမ G3ရိုင်ဖယ် များကို တွင်ကျယ်စွာ အသုံးပြုခဲ့သည်။ G3A2 အား က.ပ.စ BA63 ချေမှုန်းရေးရိုင်ဖယ် အဖြစ်လည်ကောင်း၊ G3K အား က.ပ.စ BA72 ချေမှုန်းရေးရိုင်ဖယ် အဖြစ်လည်းကောင်း၊ G4 ခေါ် က.ပ.စ BA64 အား အပေါ့စား စက်သေနတ်အဖြစ် လည်းကောင်း အမျိုးမျိုးပြောင်းလဲ ထုတ်လုပ်ခဲ့ကြသည့် အပြင် ယခုထက်တိုင် အချို့နေရာ များတွင် ဆက်လက် အသုံးပြုလျှက် ရှိသည်။