ဂျရယ်လ် ဂရော့စ်ဗန်နာ

ဝီကီပီးဒီးယား မှ
ဂျရယ်လ် ဂရော့စ်ဗန်နာ
ဂျရယ်လ် ဂရော့စ်ဗန်နာ
မွေးသက္ကရာဇ် (1951-12-22) ဒီဇင်ဘာ ၂၂၊ ၁၉၅၁ (အသက် ၇၂)
အီတန်ဟောလ်၊ ချက်စ်ရှိုင်းယား ပြည်နယ်
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၆.၇၆ ဘီလျံ
ကြင်ဖော် နာတာလီရာ ဖိလစ်
မိဘ Robert Grosvenor, 5th Duke &
Viola Lyttelton

Westminister ၏ ၆ ယောက်မြောက် မြို့စားကြီး Major-General Gerald Cavendish Grosvenor သည် ၁၉၅၁ ဒီဇင်ဘာ ၂၂ နေ့တွင်မွေးဖွားခဲ့သူ ဖြစ်ပြီး Westminister ၏ ၅ ယောက်မြောက် မြို့စား ဖြစ်သူ Robert George Grosvenor နှင့် သူ၏ ဇနီး Hon တို့၏သားဖြစ်သည်။

အိမ်ရာမြေအသုံးချလုပ်ငန်းတခုဖြစ်သော Grosvenor Group ကို ပိုင်ဆိုင်သူဖြစ်ပြီး Sunday Times ၏ ၂၀၁၀ အချမ်းသာဆုံးသူများစာရင်းအရ မြို့စားကြီး၏ ပိုင်ဆိုင်မှုမှာ ပေါင် ၆.၇၅ ဘီလီယံ ( ဒေါ်လာ ၁၂ ဘီလီယံ ) ပိုင်ဆိုင်ပြီး Lakshmi Mittal နှင့် Roman Abramovich တို့နောက်တွင်ကပ်လျက် တတိယမြောက် ဗြိတိန်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ Harrow School နှင့် Sandhurst တွင် ပညာသင်ကြားခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ဗြိတိန် ရှိ Chester တက္ကသိုလ် တွင် အဓိပတိတယောက် ဖြစ်လာခဲ့သည်။

ဂရိတ်ဗြိတိန်တွင် အချမ်းသာဆုံး အိမ်ရာမြေအသုံးချလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး Lancashire, Cheshire, Scotland နှင့် Central London ရှိ Mayfair, Belgravia တို့တွင် ကျယ်ပြန့်သော အိမ်ရာမြေ အများအပြားပိုင်ဆိုင်ပြီး နိုင်ငံတွင်း အများဆုံးအိမ်ရာ မြေပိုင်ဆိုင်သူတယောက်ဖြစ်သည်။ မြို့စားကြီးသည် Canada နှင့် Spain တို့ ရှိ အိမ်ရာမြေများကိုလဲ ပိုင်ဆိုင်သည်။

စစ်တပ်တွင်း ဘဝ[ပြင်ဆင်ရန်]

Harrow School မှ ရိုးရိုး O-Level ဖြင့် အောင်မြင်ခဲ့ပြီးနောက် Sandhurst ရှိ Royal Military Acadamy သို့ဝင်ခွင့်ဖြေဆိုရာတွင်မအောင်မြင်ခဲ့ပေ။ ၁၉၇၀ တွင် ဗြိတိန်ပြည်စောင့်တပ်ဖွဲ့သို့ တပ်သားအနေဖြင့် ဝင်ရောက်ခဲ့ သည်။ ထိုနောက် ၁၉၇၃ တွင် မြို့စားကြီးသည် Sandhurst တွင် တက်ရောက်သင်ကြားခဲ့ပြီး နောက်ပိုင်းတွင် မြောက်အိုင်ယာလန် မြင်းတပ်၊ သူ၏ ရှေ့ပြေးတပ်ကို အခြေခံတည်ထောင်ထား သော Cheshire သက်တော်စောင့် တပ်ရင်း၊ ဘုရင်မကြီး၏ သက်တော်စောင့်တပ် တို့ကို ဦးစီးကွပ်ကဲ အုပ်ချုပ်ခဲ့သည်။

သူသည် အမှတ် ရ တပ်မတော်လေတပ်၊ The Royal Mercian and Lancastrian သက်တော်စောင့်တပ်၊ ဘုရင်မကြီး၏ သက်တော်စောင့်တပ်၊ Nothumbria တက္ကသိုလ် အရာရှိ လေ့ကျင့်ရေးတပ်မကြီး၊ အပါအဝင် တပ်ရင်းပေါင်းများစွာတွင် ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီး၊ ကနေဒီယံတော်ဝင် westminister ဗဟို တပ်ရင်း၊ မြောက်အိုင်ယာလန် မြင်းတပ်တို့တွင် ဗိုလ်မှူးကြီး၊ သက်တော်စောင့်တပ် ၏ တပ်ချုပ်မှူးကြီး အဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရ သည်။

The Duke of Westminster ဟူသည် Military and Hospitaller Order of St. Lazarus of Jerusalem ၏ ထိပ်ဆုံးဦးစားပေး အဆင့်ရာထူး ဖြစ်သည် 2004 တွင် မြို့စားကြီးအား ကာကွယ်ရေးဝန်ထမ်း ( အရံတပ်သားများနှင့် ဗိုလ်လောင်းများ ) ဌာန ၏ လက်ထောက် အကြီးအကဲရာထူးမှ ဗိုလ်ချုပ်ရာထူးသို့တိုးမြှင့်ပေးခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနတွင် ၄ နှစ်တာဝန်ထမ်းဆောင်ခဲ့နောက် ၂၀၀၇ မတ် တွင် ဗိုလ်ချုပ် Simon Lalor သို့အရန်တပ်ဖွဲ့ဝင် ၅၀,၀၀၀၊ ဗိုလ်လောင်း ၁၃၈,၀၀၀ နှင့် အတူတာဝန် လွဲပြောင်းပေးခဲ့သည်။ Grovenor သည် ယခုအခါ ထိုရာထူးဖြင့်ပင်ပြန်လည်ခန့်အပ်ရန် သုံးသပ်သည့် အရန်စာရင်းတွင် ပါဝင်နေသည်။ ၂၀၀၈ မွေးနေ့ဂုဏ်ပြုပွဲတွင် သူ့၏ စစ်မှုရေးရာ စွမ်းဆောင်မှုများ အတွက် Campanion of the Order of te Bath ( CB ) ဆုပေးအပ်ခြင်းခံရသည်။ သူသည် နာမည်ကြီး စစ်တက္ကသိုလ် Royal United Services Institute ၏ ဂုဏ်ထူးဆောင် ဒုတိယ ဥက္ကဋ္ဌ လဲဖြစ်သည်။

ပုဂ္ဂိုလ်ရေး ဘဝ[ပြင်ဆင်ရန်]

မြို့စားကြီးသည် ငယ်စဉ်က Lough Erne အလယ်ရှိ ကျွန်းတကျွန်းတွင်နေထိုင်ခဲ့ပြီး Sunningdale School နှင့် Harrow School တို့တွင် မတက်ရောက်မီက အိုင်ယာလန်မြောက်ပိုင်းတွင် ပညာသင်ကြားခဲ့သည်။ မြို့စားကြီးသည် ၁၉၇၈ ခုနှစ်တွင် ဒုတိယ ဗိုလ်မှူးကြီး Harold Pedro Joseph Phillips နှင့် Georgina Wernher တို့၏ သမီးဖြစ်သူ Natalia Ayesh Phillips နှင့် လက်ထပ်ခဲ့သည်။ သူ့ ဇနီးဖြစ်သူမှာ ရှရှားကဗျာဆရာ Alexander S. Pushkin ၏ မျိုးရိုးမှ ဆင်းသက်လာသူတယောက်ဖြစ်ပြီး ( ထို့ကြောင့် သူ၏ အဘိုးဖြစ်သူ အာဖရိကန် လူမျိုး Ibrahim Hannibal ( သို့ ) Kin George II က သူမအား ဗြိတိန် ထီးနန်းအရိုက်အရာ ဆက်ခံရမည့်အလားအလာမှ အလှမ်းဝေးအောင် ပြုလုပ်ထားသည် ) သူတို့၏ သားသမီးများမှာ

  • Lady Tamara Katherine Grosvenor ၁၉၇၉ ဒီဇင်ဘာ ၂၀ နေ့တွင် မွေးဖွားခဲ့ပြီး Edward Bernard Charles van Cutsem နှင့် ၂၀၀၄ နိုဝင်ဘာ ၆ နေ့တွင် လက်ထပ်ခဲ့သည်။
  • Lady Edwina Louise Grosvenor သည် ၁၉၈၁ နိုဝင်ဘာ ၄ နေ့တွင် မွေးဖွားခဲ့ပြီး Dineal Robert Snow နှင့် ၂၀၁၀ နိုဝင်ဘာ ၂၇ နေ့တွင် လက်ထပ်ခဲ့သည်။
  • Hugh Richard Louis Grosvenor ( ခေါ် ) Earl Grosvenor ကို ၁၉၉၁ ဇန်နဝါရီ ၂၉ နေ့တွင်မွေးဖွားခဲ့သည်။
  • သူသည် Westminister မြို့စားအရိုက်အရာ ဆက်ခံရဟန်ရှိသည်။
  • အငယ်ဆုံးသမီးဖြစ်သော Lady Viola Georgina Grosvenor ကို ၁၉၉၂ အောက်တိုဘာ ၁၂ နေ့ တွင်မွေးဖွားခဲ့ သည်။

ရရှိခဲ့သည့် ဆုတံဆိပ်များ[ပြင်ဆင်ရန်]

  • Companion of the Order of the Bath (Military Division) (2008)
  • Knight Companion of the Order of the Garter (2003)
  • Officer of the Order of the British Empire (Military Division) (1995)
  • Knight Grand Cross of the Order of Saint Lazarus (1995)
  • Knight of the Venerable Order of Saint John (1991)
  • Territorial Decoration (1994)
  • Canadian Forces Decoration (unknown)
  • Deputy Lieutenant (Cheshire) (1982)

စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရမှုများ[ပြင်ဆင်ရန်]

  • ဗြိတိန်ဘုရင်မကြီး၏ သက်တော်စောင့်တပ် ၏ ဂုဏ်ထူးဆောင်ဗိုလ်မှူးကြီး
  • အမှတ် ရ တပ်မတော် လေတပ် ၏ ဂုဏ်ထူးဆောင်ဗိုလ်မှူးကြီး
  • Canada, BC, New Westminister ရှိ တော်ဝင် Westminister တပ်ရင်းကြီး၏ ဂုဏ်ထူးဆောင် ဗိုလ်မှူးချုပ်ကြီး
  • တော်ဝင် လက်နက်ကိုင် တပ်မကြီး မှ ဂုဏ်ထူးဆောင် ကိုယ်ရံတော် ဗိုလ်မှူးကြီး
  • Nothumbria တက္ကသိုလ် အရာရှိ လေ့ကျင့်ရေးတပ်မကြီး မှ ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီး