ဂျစ်ပစီလူမျိုး

ဝီကီပီးဒီးယား မှ
ဂျစ်ပစီလူမျိုး (Romani people)
Romani flag created in 1933 and accepted at the 1971 World Romani Congress
လူဦးရေ စုစုပေါင်း
၂–၁၂ သန်း[၁][၂][၃][၄]
 အမေရိကန်၁ သန်း estimated with Romani ancestry[မှတ်စု ၁][၅][၆]
 ဘရာဇီး၈၀၀,၀၀၀ (0.4%)[၇]
 စပိန်၇၅၀,၀၀၀–၁.၅ သန်း (1.9–3.7%)[၈][၉][၁၀][၁၁][၁၂]
 ရိုမေးနီးယား၆၁၉,၀၀၇[မှတ်စု ၂]–1,850,000 (3.29–8.3%)[၁၃][၁၄][၁၅]
 တူရကီ၅၀၀,၀၀၀–၂,၇၅၀,၀၀၀ (3.8%)[၉][၁၆][၁၇][၁၈]
 ပြင်သစ်၅၀၀,၀၀၀–၁.၂ သန်း[၁၉][၂၀]
 ဘူဂေးရီးယား၃၂၅,၃၄၃[မှတ်စု ၃]–750,000 (4.9–10.3%)[၂၁][၂၂]
 ဟန်ဂေရီ309,632[မှတ်စု ၄]–870,000 (3.21–8.8%)[၂၃][၂၄]
 အာဂျင်တီးနား300,000[မှတ်စု ၅][၂၅][၂၆]
 ချက်သမ္မတနိုင်ငံ250,000[၂၇][၂၈]
 ယူနိုက်တက်ကင်းဒမ်း225,000 (0.4%)[၂၉][၉][၃၀]
 ရုရှား205,007[မှတ်စု ၆]–825,000 (0.6%)[၉]
 ဆားဘီးယား147,604[မှတ်စု ၇]–600,000 (2.1–8.2%)[၃၁][၃၂][၉]
 အီတလီ120,000–180,000 (0.3%)[၃၃][၉]
 ဂရိ111,000–300,000 (2.7%)[၃၄][၃၅]
 ဂျာမနီ105,000 (0.1%)[၉][၃၆]
 ဆလိုဗက်ကီးယား105,738[မှတ်စု ၈]–490,000 (2.1–9.0%)[၃၇][၃၈][၃၉]
 အီရန်2,000–110,000[၄၀][၄၁]
 မြောက်မက်စီဒိုးနီးယား53,879[မှတ်စု ၉]–197,000 (9.6%)[၉][၄၂]
 ဆွီဒင်50,000–100,000[၉][၄၃]
 ယူကရိန်း47,587[မှတ်စု ၁၀]–260,000 (0.6%)[၉][၄၄]
 ပေါ်တူဂီ40,000–52,000 (0.5%)[၉][၄၅][၄၅]
 ဩစတြီးယား40,000–50,000 (0.6%)[၄၆]
 ကိုဆိုဗို36,000[မှတ်စု ၁၁] (2%)[၉][၄၇]
 နယ်သာလန်32,000–40,000 (0.2%)[၉]
 ပိုလန်17,049[မှတ်စု ၆]–32,500 (0.1%)[၉][၄၈]
 ခရိုအေးရှား16,975[မှတ်စု ၆]–35,000 (0.8%)[၉][၄၉]
 မက္ကဆီကို15,850[၅၀]
 ချီလီ15,000–20,000[၅၁]
 မော်လ်ဒိုဗာ12,778[မှတ်စု ၆]–107,100 (3.0%)[၉][၅၂]
ဘာသာစကား
Romani language, Para-Romani varieties, languages of native regions
ကိုးကွယ်မှု
Predominantly Christianity[၅၃]
Islam[၅၃]
Shaktism tradition of Hinduism[၅၃]
Romani mythology
Buddhism (minority)[၅၄][၅၅]
Judaism (conversion through marriage to Jewish spouses)[၅၆][၅၇]
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
Doms, Lom, Dom; other Indo-Aryans

ဂျစ်ပစီလူမျိုး (Romani people)သည် ဥရောပတိုက်နှင့် အရှတိုက်တွင် အများဆုံး နေထိုင်သည်။ နေထိုင်သည်နေရာ အတည်တကျမရှိဘဲ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်နေထိုင်သည် လူမျိုးဖြစ်သည်။ ပါကစ္စတန်နိုင်ငံ၊ ဆန့် (Sindh)ဒေသမှ လားသည့်ဟု ဆို့ကြသည်။ ဂျစ်ပစီလူမျိုးသည် အိန္ဒိယနိုင်ငံ မြောင်ပိုင်းမှ ပါကစ္စတန်နိုင်ငံ၊ အီရန်နိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ တူရကီနိုင်ငံနှင့် အီဂျစ်နိုင်ငံ ထို့မှတဆင့် ၁၃၀၀ ပြည်နှစ်တွင် ဥရောပတိုက်သို့ ဝင်ရောက် နေထိုင်ခဲကြသည်။ ၁၅ဝဝ ပြည့်နှစ်တွင် ဆွစ်ဇာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ စပိန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ စသည် ဥရောပနိုင်ငံများ သို့ဝင်ရောက်လာခဲသည်။ ဂျစ်ပစီလူမျိုးသည် ဥရောပတိုက်၌ အင်ဒို-အာရီယန်လူမျိုးကြီး အုပ်စုဝင် လူမျိုးဖြစ်သည်။[၅၈]

ဂျစ်ပစီတို့ ဘာသာစကားကို ရိုမနီဘာသာဟု ခေါ်သည်။ ထိုဘာသာထဲတွင် ဂရိ၊ အာမီးနီးယန်းနှင့် ဆလားဗစ်စကားများ ပါဝင်သည်။ သူတို့တွင် ဘာသာစကားသီးသန့်ဟူ၍ မရှိချေ။ ရိုမနီဘာသာသည် ၁၄ မျိုးကွဲ၍ အခြားဘာသာစကားများနှင့် ရောနှောထွေးယှက်ကာ ကပြားဘာသာစကား ဖြစ်နေသည်။ ထိုရိုမနီဘာသာစကားမှာ ဂျစ်ပစီတို့ ဘိုးဘွားများ လက်ထက်ကတည်းက သုံးစွဲလာသော ဘာသာဖြစ်၍ ရှေးကျသော သင်္သကရိုဋ် (သက္ကဋ) ဘာသာနှင့် ပြကရိုဋ်ဘာသာတို့၌သာ မူတည်၏။ ဂျစ်ပစီတို့သည် သူတို့၏ ဓလေ့ထုံးစံများကို လွန်စွာ အရေးထားလိုက်နာကြ၏။

ယေဘုယျအားဖြင့် ဂျစ်ပစီလူမျိုးတို့၏ အရပ်အမောင်းမှာ ၅ ပေ ၄ လက်မသာသာ မြင့်၏။ ရှေးကျသော ဂျစ်ပစီတို့မှာ အသားမည်း၍ မျက်လုံးအိမ်နက်၏။ ဆံပင်မှာမည်း၍ များသောအားဖြင့် ကုပ်ပေါ်ဝဲနေတတ်၏။ ဆံရှည်ဟူ၍ မထားကြချေ။ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာနေကြသော ဂျစ်ပစီတို့မှာ ထိုရှေးကျသော ဂျစ်ပစီများနှင့် ပုံပန်းသဏ္ဌာန် ခပ်ဆင်ဆင် တူ၏။ သို့ရာတွင် တစ်နေရာရာ၌ အတည်တကျ စွဲမြဲ၍ နေတတ်သော ဂျစ်ပစီတို့မှာ များသောအားဖြင့် သူတို့ အခြေစိုက်ရာဒေသရှိလူမျိုးများဘက်သို့ နွယ်၍ ရုပ်ပြောင်းသွားတတ်၏။ နေရာအတည်တကျ မနေထိုင်ကြဘဲ ကြုံရာအလုပ်များကို လုပ်ကိုင်စားသောက်လေ့ရှိသည်။ အစုလိုက်ပြောင်းလေ့ရှိသည်။[၅၉]

ဂျစ်ပစီလူမျိုးတစ်စု တစ်စုတွင် သူတို့တင်မြှောက်ထားသော အကြီးအကဲများကို ဘုရင်နှင့် ဘုရင်မဟု ခေါ်ကြသည်။ ထိုဘုရင်နှင့် ဘုရင်မတို့က အုပ်ချုပ်ကာ ကိုယ့်လူစုနှင့်ကိုယ် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာနေထိုင်ကြ၏။ ရွှေ့ပြောင်းသည့်အခါ သူတို့၏ အိမ်ထောင်ပစ္စည်းကလေးများ၊ သားသမီးများနှင့် မွေးမြူထားသောခွေးများကို ရထားပေါ်သို့ တင်ဆောင်သွားတတ်၏။ ဂျစ်ပစီတို့သည် အလွန်တောက်ပသော အရောင်များကို နှစ်ခြိုက်၏။ အဝတ်အစားများကိုသော် လည်းကောင်း၊ အသုံးအဆောင်ပစ္စည်းများကိုသော်လည်းကောင်း တောက်ပစွာ ဆင်ယင်ခြယ်လှယ်ထား၏။ ဂျစ်ပစီမိန်းမများမှာ ဇာထိုး၊ ပန်းချုပ်၊ ဗေဒင်ဟောခြင်းတို့၌ ကျွမ်းကျင်၏။ အဝတ်အစားများကို ဇာပန်းများ ထိုးထားလေ့ရှိ၏။ မိန်းမများသည် လက်ဝတ်လက်စားများကို အလွန်မက်ကြ၏။ ရွှေလက်ကောက်ကြီးများ ဝတ်ကာ နားနှစ်ဖက်၌လည်း ရွှေနားကွင်းများကို တစ်ချွင်ချွင်မြည်အောင် ဆွဲထားတတ်ကြလေသည်။

ဂျစ်ပစီတို့မှာ တစ်စုနှင့်တစ်စု ဓလေ့ထုံးစံချင်း မတူကြချေ။ သို့သော် ဂျစ်ပစီလူမျိုးစုတိုင်း၌ပင် ပွဲတော်နေ့များ၊ ပျော်ပွဲဲ၊ ရွှင်ပွဲ၊ ကခုန်ပွဲများ ရှိကြလေသည်။ ပွဲတော်ကျင်းပသည့်ညများ၌ စခန်းချရာ တဲများရှေ့တွင် မီးပုံကြီးများပုံ၍ ယောက်ျားများက အတီး၊ အမှုတ်များ တီးကာ မိန်းမကလေးများက သီချင်းများဆိုပြီးလျှင် ကခုန်မြူးထူးကြ၏။ ဂျစ်ပစီတို့မှာ ပျော်ပျော်နေတတ်သည်။ အခြေအတည်တကျ မရှိချေ။ ရှေးကျသော ဂျစ်ပစီတို့မှာ အသက်မွေးဝမ်းကျောင်း မကောင်းချေ။ ရပ်ရွာထဲ၌လှည့်လည်၍ ခိုးဝုက်တိုက်ခိုက် လိမ်လည်လှည့်ဖြား၍ စားတတ်၏။ အမေရိကတိုက် နှင့် ဥရောပတိုက်ရှိ ဂျစ်ပစီတို့မှာ အများအားဖြင့် ဆင်းရဲနွမ်းပါးသူများဖြစ်ကြသည့်အတိုင်း တစ်ဝမ်းတစ်ခါးဝအောင်မျှပင် မစားသောက်နိုင်ကြချေ။

ဂျစ်ပစီတို့တွင် ထူးဆန်းသော ဓလေ့ထုံးစံများ ရှိသည်၊ မွေးခါစ နို့စို့ကလေးကို ရေစီးနေသောမြစ်ချောင်းထဲတွင် ရေချိုးပေးရ၏။ လက်ထပ်ပွဲတွင် သတို့သားနှင့် သတို့သမီးသည် မီးပုံပေါ်လွှားခုန်၍ သူတို့၏လက်များကို ဓားနှင့်ခြစ်ပြီးလျှင် လက်နှစ်ဖက်ကို စည်းနှောင်ထားရသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ သွေးချင်းရောသွားစေရန် ဖြစ်သည်။ လူတစ်ယောက် သေလျှင်လည်း ထိုသူ၏ပစ္စည်းဝန်ထုပ်အားလုံးကို မီးတင်ရလေသည်။

ဂျစ်ပစီယောက်ျားများ၏ သက်မွေးဝမ်းကျောင်းပညာမှာ မမာသောမြင်းများကို ဆေးကုပေးခြင်း၊ သတ္တုထည်များလုပ်ခြင်း၊ ပန်းပဲလုပ်ခြင်း၊ ဆပ်ကပ်ပွဲပြခြင်း၊ တီးမှုတ်သီဆိုခြင်း တို့ဖြစ်၏။ မိန်းမများကမူ ဗေဒင်ဟောခြင်း၊ နက္ခတ်ကြည့်ခြင်း၊ ဇာထိုးခြင်းတို့ဖြင့် ဝမ်းကျောင်းကြ၏။ အလုပ်အကိုင် ရှားပါးသည့် အခါများ၌ ဂျစ်ပစီတို့သည် သူတောင်းစားဘဝကိုပင် ရောက်ခဲ့ကြရ၏။ ဂျာမနီနိုင်ငံ၌ သွားရောက်နေထိုင်ကြသော ဂျစ်ပစီတို့မှာ ဟစ်တလာလက်ထက်က နာဇီတို့၏ နှိပ်စက်ညဉ်းပန်းမှုတို့ကို များစွာခံခဲ့ကြရ၏။ နာဇီများကသူတို့ကို လူရာမဝင်သောသူများဟု ရှုတ်ချကာ သူတို့၏နေရေး ထိုင်ရေး၊ ရွှေ့ပြောင်းသွားလာရေး၌ များစွာ တားမြစ်ခဲ့၏။ အမေရိကတိုက်နှင့် ဥရောပတိုက်ရှိ အချို့ဒေသများ၌ ဂျစ်ပစီတို့ကို နေရာမရွေ့ပြောင်းရန် ပြင်းထန်စွာ ဥပဒေဖြင့် တားမြစ်ထားလေသည်။[၆၀]

မှတ်စု[ပြင်ဆင်ရန်]

  1. 5,400 per 2000 census.
  2. This is a census figure. Some 1,236,810 (6.1% of the population) did not declare any ethnicity. There was not any option for a person to declare multiple ethnicities.
  3. This is a census figure. Some 736,981 (10% of the population) did not declare any ethnicity. There was not any option for a person to declare multiple ethnicities. In a report Archived 25 February 2021 at the Wayback Machine. of the census’ authors, the ethnic results of this census are identified as a "gross manipulation".
  4. This is a census figure. There was an option to declare multiple ethnicities, so this figure includes Romani of multiple backgrounds. According to the 2016 microcensus 99.1% of Hungarian Romani declared Hungarian ethnic identity also.
  5. Approximate estimate
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ This is a census figure.
  7. This is a census figure. Some 368,136 (5.1% of the population) did not declare any ethnicity. There was not any option for a person to declare multiple ethnicities.
  8. This is a census figure. Some 408,777 (7.5% of the population) did not declare any ethnicity. There was not any option for a person to declare multiple ethnicities.
  9. This is a census figure. Less than 1% of the population did not declare any ethnicity. There was not any option for a person to declare multiple ethnicities.
  10. This is a census figure. Less than 1% of the population did not declare any ethnicity.
  11. This is a census figure including Romani, Ashkali and Balkan Egyptians.

ကိုးကား[ပြင်ဆင်ရန်]

  1. Ethnologue: Languages of the World (online)။ SIL (2009)။ 15 September 2010 တွင် ပြန်စစ်ပြီး။ “Ian Hancock's 1987 estimate for 'all Gypsies in the world' was 6 to 11 million.”
  2. "EU demands action to tackle Roma poverty"၊ BBC News၊ 5 April 2011။ 
  3. The Roma။ Nationalia။ 20 November 2015 တွင် ပြန်စစ်ပြီး။
  4. Rom။ 15 September 2010 တွင် ပြန်စစ်ပြီး။ “... estimates of the total world Roma population range from two million to five million.”
  5. Smith, J. (2008). The marginalization of shadow minorities (Roma) and its impact on opportunities (Doctoral dissertation, Purdue University).
  6. Kayla Webley။ "Hounded in Europe, Roma in the U.S. Keep a Low Profile"၊ 13 October 2010။ "Today, estimates put the number of Roma in the U.S. at about one million." 
  7. Falta de políticas públicas para ciganos é desafio para o governo (in pt)။ R7 (2011)။ 11 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 January 2012 တွင် ပြန်စစ်ပြီး။ “The Special Secretariat for the Promotion of Racial Equality estimates the number of "ciganos" (Romanis) in Brazil at 800,000 (2011). The 2010 IBGE Brazilian National Census encountered Romani camps in 291 of Brazil's 5,565 municipalities.”
  8. Roma integration in Spain (in en)။ 18 April 2022 တွင် ပြန်စစ်ပြီး။
  9. ၉.၀၀ ၉.၀၁ ၉.၀၂ ၉.၀၃ ၉.၀၄ ၉.၀၅ ၉.၀၆ ၉.၀၇ ၉.၀၈ ၉.၀၉ ၉.၁၀ ၉.၁၁ ၉.၁၂ ၉.၁၃ ၉.၁၄ ၉.၁၅ Roma and Travellers Team. Tools and Texts of Reference. Estimates on Roma population in European countries (excel spreadsheet)rm.coe.int Council of Europe Roma and Travellers Division
  10. "Estimated by the Society for Threatened Peoples"၊ Society for Threatened Peoples၊ 2007-05-17။ 
  11. The Situation of Roma in Spain။ Open Society Institute (2002)။ 1 December 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 September 2010 တွင် ပြန်စစ်ပြီး။ “The Spanish government estimates the number of Gitanos to be a maximum of 650,000.”
  12. Diagnóstico social de la comunidad gitana en España : Un análisis contrastado de la Encuesta del CIS a Hogares de Población Gitana 2007 (2007)။ 8 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 March 2019 တွင် ပြန်စစ်ပြီး။ “Tabla 1. La comunidad gitana de España en el contexto de la población romaní de la Unión Europea. Población Romaní: 750.000 [...] Por 100 habitantes: 1.87% [...] se podrían llegar a barajar cifras [...] de 1.100.000 personas”
  13. Roma integration in Romania (in en)။ 18 April 2022 တွင် ပြန်စစ်ပြီး။
  14. 2011 census data, based on table 7 Population by ethnicity, gives a total of 621,573 Roma in Romania. This figure is disputed by other sources, because at the local level, many Roma declare a different ethnicity (mostly Romanian, but also Hungarian in Transylvania and Turkish in Dobruja). Many are not recorded at all, since they do not have ID cards [၁]. International sources give higher figures than the official census(UNDP's Regional Bureau for Europe Archived 7 October 2006 at the Wayback Machine., World Bank Archived 24 August 2006 at the Wayback Machine., International Association for Official Statistics Archived 26 February 2008 at the Wayback Machine.).
  15. Rezultatele finale ale Recensământului din 2011 – Tab8. Populația stabilă după etnie – județe, municipii, orașe, comune (XLS) (in ro)။ National Institute of Statistics (Romania) (5 July 2013)။ 18 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 December 2013 တွင် ပြန်စစ်ပြီး။ However, some organizations claim that there are many more Romanis in Romania.
  16. Schleifer၊ Yigal (22 July 2005)။ Roma rights organizations work to ease prejudice in Turkey။ 10 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 June 2014 တွင် ပြန်စစ်ပြီး။
  17. Türkiye'deki Kürtlerin sayısı! (in tr) (6 June 2008)။ 2 January 2016 တွင် ပြန်စစ်ပြီး။
  18. Türkiye'deki Çingene nüfusu tam bilinmiyor. 2, hatta 5 milyon gibi rakamlar dolaşıyor Çingenelerin arasında (in tr) (8 May 2005)။ 7 October 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 January 2016 တွင် ပြန်စစ်ပြီး။
  19. Situation of Roma in France at crisis proportions။ EurActiv Network (7 December 2005)။ 21 October 2015 တွင် ပြန်စစ်ပြီး။ “According to the report, the settled Gypsy population in France is officially estimated at around 500,000, although other estimates say that the actual figure is much closer to 1.2 million.”
  20. Gorce၊ Bernard။ "Roms, gens du voyage, deux réalités différentes"၊ 22 July 2010။ "[Manual Trans.] The ban prevents statistics on ethnicity to give a precise figure of French Roma, but we often quote the number 350,000. For travellers, the administration counted 160,000 circulation titles in 2006 issued to people aged 16 to 80 years. Among the travellers, some have chosen to buy a family plot where they dock their caravans around a local section (authorized since the Besson Act of 1990)." 
  21. You must specify title = and url = when using {{cite web}}. (in bg)။ 2 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 June 2015 တွင် ပြန်စစ်ပြီး။ Self declared
  22. "Roma Integration – 2014 Commission Assessment: Questions and Answers" (သတင်းထုတ်ပြန်ချက်)။ Brussels: European Commission။ 4 April 201428 April 2016 တွင် ပြန်စစ်ပြီး EU and Council of Europe estimates
  23. Vukovich၊ Gabriella (2018)။ Mikrocenzus 2016 – 12. Nemzetiségi adatok [2016 microcensus – 12. Ethnic data] (PDF)Hungarian Central Statistical Office (ဟန်ဂေရီဘာသာစကားဖြင့်)။ Budapest။ ISBN 978-963-235-542-99 January 2019 တွင် ပြန်စစ်ပြီး
  24. "A roma népesség területi megoszlásának változása Magyarországon az elmúlt évtizedekben" (in hu) (2018). Területi Statisztika 58 (1): 3–26. doi:10.15196/TS580101. 
  25. Marsh၊ Hazel။ The Roma Gypsies of Colombia။ latinolife.co.uk။ 23 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 July 2017 တွင် ပြန်စစ်ပြီး။
  26. Emerging Romani Voices from Latin America။ 3 March 2021 တွင် ပြန်စစ်ပြီး။
  27. The History and Origin of the Roma။ Romove.radio.cz။ 25 April 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 April 2010 တွင် ပြန်စစ်ပြီး။
  28. Green၊ Peter S.။ "British Immigration Aides Accused of Bias by Gypsies"၊ The New York Times၊ 5 August 2001။ 
  29. Roma integration in the United Kingdom (in en)။
  30. "RME"Ethnologue
  31. You must specify title = and url = when using {{cite web}}. (in sr)။ State Statistical Service of the Republic of Serbia (29 November 2012)။ 8 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 July 2017 တွင် ပြန်စစ်ပြီး။
  32. Serbia: Country Profile 2011–2012။ 17 July 2017 တွင် ပြန်စစ်ပြီး။
  33. Giornata Internazionale dei rom e sinti: presentato il Rapporto Annuale 2014 (PDF)။ 3 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 December 2015 တွင် ပြန်စစ်ပြီး။
  34. Premier Tsipras Hosts Roma Delegation for International Romani Day။ Nick Kampouris (9 April 2019)။
  35. Greece NGO။ Minelres။
  36. "Roma in Deutschland"Regionale Dynamik၊ Berlin-Institut für Bevölkerung und Entwicklung၊ 29 April 2017 တွင် မူရင်း အား မော်ကွန်းတင်ပြီး21 February 2013 တွင် ပြန်စစ်ပြီး
  37. Roma integration in Slovakia (in en)။
  38. Population and Housing Census. Resident population by nationality။ Statistics။ 15 July 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  39. Po deviatich rokoch spočítali Rómov, na Slovensku ich žije viac ako 400-tisíc (in sk)။ SITA (25 September 2013)။ 25 September 2013 တွင် ပြန်စစ်ပြီး။
  40. Gypsywww.iranian.com။ 15 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  41. "GYPSY i. Gypsies of Persia"၊ Encyclopædia Iranica၊ 12 Dec 2002။ 
  42. The 2002-census reported 53,879 Roma and 3,843 'Egyptians'။ Republic of Macedonia, State Statistical Office။ 21 June 2004 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 September 2010 တွင် ပြန်စစ်ပြီး။
  43. "Sametingen. Information about minorities in Sweden"Minoritet (ဆွီဒင်ဘာသာစကားဖြင့်)၊ IMCMS၊ 26 March 2017 တွင် မူရင်း အား မော်ကွန်းတင်ပြီး30 March 2013 တွင် ပြန်စစ်ပြီး
  44. You must specify title = and url = when using {{cite web}}. (in uk)။ State Statistics Service of Ukraine (2003)။ 15 September 2017 တွင် ပြန်စစ်ပြီး။
  45. ၄၅.၀ ၄၅.၁ Minority Rights Group International။ Roma /Gypsies: A European Minority
  46. Etwa 40.000 Roma und Sinti leben in Österreich။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 August 2022 တွင် ပြန်စစ်ပြီး။
  47. Kenrick၊ Donald (2007)။ Historical Dictionary of the Gypsies (Romanies) (2nd ed.)။ Scarecrow Press။ p. 142။ ISBN 978-0-8108-6440-5
  48. Poland – Gypsies။ 28 August 2015 တွင် ပြန်စစ်ပြီး။
  49. Population by Ethnicity – Delailed Classification, 2011 Census။ Croatian Bureau of Statistics။ 21 June 2015 တွင် ပြန်စစ်ပြီး။
  50. Emilio Godoy (12 October 2010)။ Gypsies, or How to Be Invisible in Mexico။ Inter Press Service။ 30 July 2016 တွင် ပြန်စစ်ပြီး။
  51. Hazel Marsh။ The Roma Gypsies of Latin America။ www.latinolife.co.uk။ 23 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 November 2017 တွင် ပြန်စစ်ပြီး။
  52. 2004 census
  53. ၅၃.၀ ၅၃.၁ ၅၃.၂ Gall၊ Timothy L, ed. (1998)၊ Worldmark Encyclopedia of Culture & Daily Life၊ 4. Europe၊ Cleveland, OH: Eastword၊ pp. 316, 318၊ 'Religion: An underlay of Hinduism with an overlay of either Christianity or Islam (host country religion)'; Roma religious beliefs are rooted in Hinduism. Roma believe in a universal balance, called kuntari... Despite a 1,000-year separation from India, Roma still practice 'shaktism', the worship of a god through his female consort...
  54. Hungary's Gypsy Buddhists & Religious Discrimination (29 November 2011)။ 4 June 2021 တွင် ပြန်စစ်ပြီး။
  55. "Gypsies embracing Buddhism:A step forward for Building a Harmonious Society in Europe" (2011). Undv.org/Vesak2011/Panel2. 
  56. https://radoc.net/radoc.php?doc=art_b_history_romanireligion&lang=&articles=true
  57. Historical Dictionary of the Gypsies (Romanies) (PDF)။ p. 134။
  58. https://en.m.wikipedia.org/wiki/History_of_the_Romani_people
  59. လှသမိန် (ဧပြီ ၁၉၇၈)။ "ဂျစ်ပစီလူမျိုး" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
  60. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၅၆)။ "ဂျစ်ပစီလူမျိုး"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်