ဂျင်း ရှပ်

ဝီကီပီးဒီးယား မှ
(ဂျင်းရှပ် မှ ပြန်ညွှန်းထားသည်)

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ဂျင်းရှပ် (ဇန်နဝါရီ ၂၁၊ ၁၉၂၈ ဖွား) သည် အဲလဘတ်အိန်းစတိန်းအင်စတီကျူးရှင်း၏ တည်ထောင်သူဖြစ်သည်။ အဲလဘတ်အိန်းစတိန်းအင်စတီကျူးရှင်းသည် အကြမ်းမဖက်လှုပ်ရှားမှုများကို အထူးပြုလေ့လာသည့် အဖွဲ့အစည်းဖြစ်သည်။ သူသည် မန်ဆာချူးဆက်ဒါးမောက်တက္ကသိုလ်၏ နိုင်ငံသိပ္ပံပါမောက္ခဟောင်းလည်း ဖြစ်သည်။ ကမ္ဘာတဝန်းရှိ အစိုးရဆန့်ကျင်ရေးအဖွဲ့အစည်းအများအပြားကို ဩဇာလွှမ်းမိုးစေခဲ့သည့် သူ၏အကြမ်းမဖက်တော်လှန်ရေးနှင့် ပတ်သက်သည့် မြောက်မြားစွာသော အရေးအသားများကြောင့် ကျော်ကြားသည်။

သူ့ကို ၂၀၀၉၊ ၂၀၁၂ နှင့် ၂၀၁၃ တို့တွင် နိုဘယ်ဆုအတွက် သုံးကြိမ်တိုင်တိုင် အမည်စာရင်း တင်သွင်းခံခဲ့ရသည်။