ဂျင်းနားအမ်၊ အေ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဂျင်းနားအမ်၊ အေ(ခရစ် ၁၈၇၆-၁၉၄၈)။ ။ 'ပါကစ္စတန်နိုင်ငံ၏ဖခင်ကြီး'ဟူ၍ ထင်ရှားသည့် ပုဂ္ဂိုလ်ကြီး ကား မဟာမက် အလီဂျင်းနားပင် ဖြစ်သည်။ သူသည် အိန္ဒိယ ပြည်ကြီးမှ ပါကစ္စတန်နိုင်ငံဟူ၍ သီးခြားပေါ်လာရေးအတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သောကြောင့် ထိုကဲ့သို့ နာမည် တွင်ခြင်း ဖြစ်သည်။ ဂျင်းနားသည် အိန္ဒိယပြည်ရှိ မွတ်စလင် တို့၏ ချစ်ကြည်လေးစားမှုကို ခံရသော ခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံဟူ၍ လွတ်လပ်ရေးကို ကြေညာသောအခါ ဂျင်းနားသည် ထိုနိုင်ငံ၏ ပထမဆုံးဘုရင်ခံချုပ် ဖြစ်လာခဲ့ လေသည်။

ဂျင်းနားသည် ကရာချိမြို့မှ ကြွယ်ဝသော ကုန်သည်ကြီး တစ်ဦး၏သားဖြစ်၍ အသက် ၁၆ နှစ်အရွယ်တွင် အဂ‡လန်ပြည် လန်ဒန်မြို့သို့သွားရောက်ကာ ၄ နှစ်မျှ ဝတ်လုံပညာ သင်ကြား ခဲ့လေသည်။ အိန္ဒိယပြည်သို့ ပြန်ရောက်၍ များမကြာမီ ဘုံဘိုင် မြို့တွင် ထိပ်တန်းဝတ်လုံတော်ရတစ်ဦးအဖြစ် နာမည်ရလာပြီး လျှင် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခဲ့လေသည်။ အသက် ၃ဝ အရွယ်တွင် အိန္ဒိယအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌကြီး၏ အတွင်း ရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။

၇ နှစ်ခန့်ကြာသောအခါ ဂျင်းနားသည် အိန္ဒိယကွန်ဂရက် အသင်းသားအဖြစ်နှင့်ပင် မွတ်စလင်အသင်းကြီးနှင့်လည်း ဆက် သွယ်ခဲ့သည်။ ထိုအချိန်တွင် မသင့်မမြတ်ဖြစ်နေကြသော မွတ် စလင်အသင်းကြီးနှင့် ဟိန္ဒူအမျိုးသားများ ပါဝင်သော အိန္ဒိယ အမျိုးသား ကွန်ဂရက်တို့၏နိုင်ငံရေးတွင် ချစ်ကြည်စွာ တွဲဖက် ဆောင်ရွက်မှုကို ကြိုးစားခဲ့သည်။ သို့သော် မွတ်စလင်လူနည်း စုကို ထိရောက်သော ဥပဒေများဖြင့် ကာကွယ်သမှုပြုပေးသမျှ မအောင်မြင်နိုင်ဟု ယူဆကာ မွတ်စလင်များ၏ အခွင့်အရေး ပြည့်စုံစွာ ရရှိအောင် ပြုလုပ်ရန်ရည်သန်၍ ၁၉၁၆ ခုနှစ်တွင် မွတ်စလင်အသင်းကြီး၏ ဥက္ကဋ္ဌအဖြစ်ကို ခံယူခဲ့လေသည်။

ထိုအချိန်မှစ၍ အိန္ဒိယပြည်၏ နိုင်ငံရေးကိစ္စများတွင် မဟတ္တမဂန္ဓီနှင့် ဂျင်းနားတို့သည် ရှေ့ဆောင်ခဲ့လေသည်။အိန္ဒိယ ပြည်သည် လွတ်လပ်ရေးရရှိရန် အခွင့်ကောင်း အမျိုးမျိုးကို အရယူခဲ့သော်လည်း ရင်ကြားမစေ့နိုင်သော ဟိန္ဒူနှင့် မွတ်စလင် စိတ်ဝမ်းကွဲပြားမှုကြီးကြောင့် မည်သည့်အလုပ်ကိုမျှ အဆင်ပြေ အောင် မလုပ်နိုင်ဖြစ်ခဲ့ရသည်။

ခရစ် ၁၉၂၈ ခုနှစ်သို့ ရောက်သောအခါ ဗြိတိသျှအစိုးရ တို့က စိတ်ဝမ်းကွဲပြားမှုကို ဖြေရှင်းပေးမည့် ကော်မရှင်အဖွဲွ့ တစ်ခုကို စေလွှတ်ခဲ့ရာတွင် ဂျင်းနားသည် မွတ်စလင်များ ဘက်မှ အချက်ပေါင်း ၁၄ ချက်ကို တင်ပြခဲ့လေသည်။ နောက် ထပ်၍ လန်ဒန်မြို့တွင် ကျင်းပခဲ့သော အစည်းအဝေးများ၌ ဂျင်းနားပင်လျှင် မွတ်စလင်များဘက်မှ အရေးဆိုခဲ့လေသည်။ အဂ‡လိပ် အောက်လွှတ်တော်တွင် ၁၉၃၅ ခုနှစ်၊ အိန္ဒိယပြည် အုပ်ချုပ်ရေး အက်ဥပဒေကို တင်သွင်းဆွေးနွေးခဲ့စဉ်ကလည်း ဂျင်းနားသည် တက်ရောက်နားထောင်ခဲ့၏။

ထို့နောက် ဂျင်းနားသည် မွတ်စလင်အသင်းကြီးအား မွတ် စလင်လူထု တစ်ရပ်လုံးက အားပေးထောက်ခံလာရေးအတွက် အိန္ဒိယတစ်ပြည်လုံးကိုလှည့်၍ တရားဟောသည်။ သူသည် မွတ်စလင်အသင်းကြီး အင်အားတောင့်တင်းမှသာ အိန္ဒိယ အမျိုးသားကွန်ဂရက်နှင့် အဂ‡လိပ်အစိုးရတို့က အုပ်ချုပ်ရေး အသစ်တွင် မွတ်စလင်တို့အား ပူးပေါင်းဆောင်ရွက်ခွင့်ပေးမည် ဟု ယုံကြည်ခဲ့၏။ ဂျင်းနားသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော ပြည်နယ်များတွင် မွတ်စလင်တို့သည် ရာထူးရာခံများ ရနိုင်မည် မဟုတ်သည့်ပြင် နိုင်ငံရေး ဖိနှိပ်ည|ဉ်းပန်းမှုများကိုလည်း ခံရ လိမ့်မည်ဟုလည်း စိုးရိမ်ခဲ့လေသည်။ ထို့ကြောင့် ဂျင်းနားသည် အိန္ဒိယပြည်အတွင်း မွတ်စလင်လူမျိုးတို့အတွက် သီးခြားနိုင်ငံ တစ်ခုထူထောင်ပေးရန် အရေးဆိုခဲဲ့လေသည်။ ယင်းရည်ရွယ် ချက် အောင်မြင်ရန် ကြိုးစားသည့် ကာလအတွင်း သူ့အား 'ခေါင်းဆောင်ကြီး'ဟူသော ဘွဲဲ့နှင့် ပိုမိုလူသိများလာခဲ့သည်။ ထို့နောက်၌ကား အိန္ဒိယအမျိုးသား ကွန်ဂရက်နှင့် မွတ်စလင် အသင်းကြီးတို့သည် ၁ဝ နှစ်ကြာမျှ ထပ်မံ၍ ပဋိပက္ခ ဖြစ်နေခဲ့ ကြလေ၏။ ၁၉၄၄ ခုနှစ်အတွင်း ဂန္ဓီနှင့် ဂျင်းနားတို့ တွေ့ဆုံ ဆွေးနွေးခဲ့သေးရာ အရာရောက်သော ဖြေရှင်းမှု မရခဲ့ပေ။

၁၉၄၇ ခုနှစ်တွင်မှ ဗြိတိသျှ အစိုးရက ပါလီမန်တွင် အိန္ဒိယပြည်အား လွတ်လပ်ရေးပေးသောအက်ဥပဒေကို သဘော တူညီခဲ့၍ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံဟူသော ဒိုမီနီယန် နိုင်ငံများ ထူထောင်ခွင့်ပေးခဲ့ရာ ခေါင်းဆောင်ကြီး ဂျင်းနား ကိုပင် ပါကစ္စတန်ဒိုမီနီယန်နိုင်ငံ၏ ပထမဆုံးဘုရင်ခံချုပ် အဖြစ် တင်မြေ|ာက်ကြသည်။ ဂျင်းနားသည် ဤရာထူးတွင် ၁ နှစ်မျှ ဆောင်ရွက်ခဲ့ပြီးနောက် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်နေ့၌ ကရာချိမြို့တွင် ကွယ်လွန်လေသည်။ ( ပါကစ္စတန်နိုင်ငံ။)


[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)