ဂျင်မီ ဟင်းဒရစ်

ဝီကီပီးဒီးယား မှ
(ဂျင်မီဟင်းဒရစ် မှ ပြန်ညွှန်းထားသည်)
ဂျင်မီဟင်းဒရစ် ဒတ်ခ်ျ ရုပ်မြင်သံကြား အစီအစဉ်တွင် ပါဝင် ဖျော်ဖြေနေစဉ်

ဂျင်မီဟင်းဒရစ်(၁၉၄၂-၁၉၇ဝ)[ပြင်ဆင်ရန်]

အမေရိကန်-လန်ဒန်၏ ဂစ်တာသူရဲကောင်းအဖြစ် ကျော်ကြားခဲ့သော ဂျင်မီဟင်းဒရစ်ကို အမေရိကန်နိုင်ငံ၊ ဝါရှင် တန်မြို့တွင် ၁၉၄၂ ခုနှစ်၊ နိုဝင်ဘာလ ၂၇ နေ့၌ မွေးဖွားခဲ့သည်။ နာမည်ရင်းမှာ ဂျော်နီအက်လန်ဟင်းဒရစ်ဖြစ်ပြီး သူ ၉ နှစ်သားအရွယ်တွင် မိဘနှစ်ဦးသည် ကွာရှင်းပြတ်စဲခဲ့ကြ သည်ဆို၏။ ဂျင်မီ၏ ငယ်ရွယ်စဉ်ဘဝများသည် အလွန်ပင်ပန်း ဆင်းရဲခဲ့ပြီး မိသားစုပြဿနာများ၊ စီးပွားရေး ကျပ်တည်းမှုများ ကြားတွင် ကြီးပြင်းခဲ့ရသည်။ ကျောင်းမနေခဲ့ရဟု သိရှိရပြီး မိခင်ကြီးမှာ သူ ၁၅ နှစ်သားတွင် ကွယ်လွန်သွားခဲ့သည်။

တစ်နေ့တွင် ဂျင်မီ၏ဖခင်သည် အမှိုက်ပုံမှ ကောက်ရ ခဲ့သော ယူခူလေလီ ဂစ်တာလေး လက်ဆောင်ပေးခဲ့ရာမှ ဂီတာတီးခတ်မှုကို စိတ်ဝင်စားခဲ့ရသည်ဆို၏။ ထိုဂစ်တာလေးကို အကြောင်းပြု၍ သူတို့ပတ်ဝန်းကျင် တွင်ရှိသော ဂီတာတီးခတ်သူများထံတွင် ဂီတာပညာကို လေ့ လာဆည်းပူးခဲ့ရင်း သီချင်းခွေများကို နားထောင်ရင်းနှင့် ဂီတ ကို သင်ယူခဲ့ရသည်ဆို၏။ ၁၉၅၉ ခုနှစ်၊ ဂျင်မီ့အသက် ၁၇ နှစ် အရွယ်တွင် ပထမဦးဆုံးသော အီလက်ထရောနစ် ဂီတာသစ်ကလေးကို သူ့အဖေမှ ဝယ်ပေးခဲ့ပြန်သဖြင့် ပထမဆုံး အကြိမ်အဖြစ် ဂီတဖျော်ဖြေပွဲလေး ကျင်းပခဲ့သည်ဆို၏။ နာမည်မရှိသေးသော ဂီတအဖွဲ့လေး၏ ဖျော်ဖြေမှု။ ထိုဖျော်ဖြေမှုလေးကို ဝါရှင်တန် မြို့၏ ဘုရားရှိခိုးကျောင်းတစ်ခု၏ မြေအောက်ထပ်ထဲတွင် စတင်ခဲ့ခြင်းဖြစ်သည် ဆို၏။ ပထမဦးဆုံး Band အနေနဲ့The Velvetones ဆိုတဲ့Band မှာ ပါဝင်ခဲ့သည်ဆို၏။ ထူးခြားမှုမှာ ဂျင်မီသည် ဘယ်သန်ဖြစ်ခြင်းကြောင့် ညာသန်ဂစ်တာကို ကီးပြောင်းပြန် တီးခတ်ခဲ့တဲ့ သူ့စတိုင်လ်ကို ပရိသတ်မှ သိသာစေခဲ့သည်ဆို၏။ ထိုနှစ်မှာပင် ဂျင်မီ့ကို သက်ဆိုင်ရာမှ ကားခိုးမှုနှင့် ထောင်ဒဏ် (သို့မဟုတ်) စစ်ထဲဝင်ဖို့ ရွေးချယ်ခိုင်းခဲ့သည် ဆို၏။ ထို့ကြောင့် ဂျင်မီသည် စစ်ထဲဝင်ဖို့ကို ရွေးချယ်ခဲ့သဖြင့် ၁၉၆၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် စစ်တပ်ထဲ ဝင်ခဲ့ရ သည်။ သို့သော် တစ်နှစ်အတွင်းမှာပင် စစ်တပ်မှ ထွက်ခွင့် ပေးလိုက်သဖြင့် ဘေ့စ်ဂီတာသမား ဘီလီကော့စ်အတူ (The Casuals) ဆိုသော အဖွဲ့ကို စတင်တည်ထောင်ခဲ့သည်။

ထိုအဖွဲ့နှင့်အတူ အနုပညာကြေး အနည်းငယ်သာ ရရှိခဲ့သော ဖျော်ဖြေပွဲများကိုသာ ကြုံတွေ့တီးခတ်ခဲ့ရသည် ဆို၏။ လူမည်းဂေဟာများတွင် ဖျော်ဖြေခဲ့ကြခြင်းသည်လည်း ဂျင်မီ့ဂီတလမ်းကြောင်းသည် နောင်အချိန်တွင် ပို၍အရေးပါ သော တီးခတ်ဖျော်ဖြေမှုများဟု သတ်မှတ်ခဲ့ကြရသည်။၁၉၆၄ ခုနှစ် ဂျင်မီဟင်းဒရစ်ဟု လူသိထင်ရှားခဲ့ပြီး ထိုနှစ် အပိုလိုကဇာတ်ရုံတွင် ကျင်းပခဲ့သော ဝါသနာရှင် ပြိုင်ပွဲတစ်ခုတွင် ဆုရရှိခဲ့လေ၏။ ထို့နောက်တွင် ဂျင်မီဟင်း ဒရစ်သည် တေးဂီတအဖွဲ့ပေါင်းများစွာနှင့် ဆက်သွယ်၍ တီးခတ်ဖျော်ဖြေခဲ့ရာမှ အာရ်အမ်ဘီဘန့်န်မှ ခေါ်ယူခြင်းကို ခံခဲ့ရသည်။ Lsley Brother's

ထိုအဖွဲ့နှင့် သူ၏ပထမဦးဆုံး စတူဒီယို အသံသွင်း အဖြစ် Testify သီချင်းကို ၁၉၆၄ ခုနှစ်၊မတ်လတွင် အသံသွင်း ဖြစ်ခဲ့သည်။ ၁၉၆၇ ခုနှစ် မေလတွင် ဂျင်မီဟင်းဒရစ်၏ Are you Experienced Album ကို ယူကေမှ စတင်ထုတ်ဝေခဲ့သည်။ ထိုအယ်လ်ဘမ်သည် နာမည်ကျော် အယ်လ်ဘမ်တစ်ခု ဖြစ်လာခဲ့သည်။ ထိုအယ်လ်ဘမ် ထွက်ရှိပြီးနောက်ပိုင်းတွင် ဂျင်မီဟင်း ဒရစ်သည် ပို၍အောင်မြင် ကျော်ကြားခဲ့ပြီး နယ်လှည့်ဖျော်ဖြေ ပွဲများကို အမေရိကန်နှင့် ဥရောပ နေရာအချို့မှာ တင်ဆက် ဖျော်ဖြေခဲ့သည်။ ဖျော်ဖြေတင်ဆက်ပွဲတစ်ခုဖြစ်သော ဝေါ့လ်ကာဘရား သားစ်တိုးစ်ပွဲတွင် သူ၏ဂီတာကို မီးရှို့၍ ပါဖောမင့် လုပ်ပြ ခဲ့သည်ဆို၏။

ပန်းချီအနုပညာနှင့် ဂီတဆက်နွယ်မှု[ပြင်ဆင်ရန်]

ထို့နောက်တွင် Bold as Love နာမည်ကျော် Voo Doo Child နှင့် All Along The Watch Tower တို့ပါဝင်သော Electric Lady Land စသည့် အယ်လ်ဘမ်များ သွင်းယူခဲ့ပြီး နောက်တွင် ဂျင်မီဟင်းဒရစ်၏ အောင်မြင်မှု အရှိန်အဝါသည် ပို၍ကြီးမားလာခဲ့သည်။ နယူးယောက်ရှိ နာမည်ကျော် BB King, The Doors တို့နှင့်လည်း တီးခတ်တွဲဖက် ဖျော်ဖြေခဲ့ရသည်။ အမေရိကန် နှင့် ဥရောပနိုင်ငံ အသီးသီးတွင် အကြိမ်ပေါင်းများစွာ ဖျော် ဖြေတင်ဆက်ခွင့် ရရှိခဲ့သည်။ ထိုသို့ ကျော်ကြားတောက်ပခဲ့သော အနုပညာကြယ် တစ်ပွင့်သည် ၁၉၇ဝ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းတွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ Nothing Hill ရှိ Samarkand hotelတွင် ကြွေလွင့်ဆုံးပါးခဲ့လေ၏။ ဂျင်မီဟင်းဒရစ်၏ ရုပ်အလောင်းကို အမေရိကန်၊ ဝါရှင်တန်သို့ ပြန်လည်သယ်ယူခဲ့ပြီး Green Wood Memorial Park တွင် ထားရှိခဲ့သည်။ ဂျင်မီဟင်းဒရစ် အမှတ်တရ ရုပ်တုကို ဝါရှင်တန်မြို့တွင် ထုလုပ်ထားရှိခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သုတေသီ ရေး ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ