ဂျက်အင်ဂျင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျက်အင်ဂျင်

ဂျက်အင်ဂျင်[ပြင်​ဆင်​ရန်​]

အင်ဂျင်၏ သဘောအကျဉ်းကို လွယ်ကူထင်ရှားသော သာဓကဖြင့် ရှင်းလင်းပြနိုင်ပေသည်။ ရော်ဗာ ပူဖောင်းကလေး တစ်လုံးကို လေဝအောင်မှုတ်ပြီးနောက် ရုတ်တရက် လက်မှ လွှတ်လိုက်ပါ။ ရော်ဗာပူဖောင်းကလေး လွင့်ထွက်သွားသည်ကို တွေ့မြင်ကြရပေလိမ့်မည်။ ပူဖောင်းကလေး လွင့်သွားရခြင်းမှာ ထိပ်ဝမှ လေပန်းထွက်ခြင်းကြောင့် ဖြစ်သည်။ ထိုသို့ လွင့်သွား ခြင်းသည် ဂျက်အင်ဂျင်၏ သဘောအကျဉ်းပင် ဖြစ်ပေသည်။ ဂျင်အင်ခုတ်မောင်းပုံနည်းကို လူတို့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝ ကျော်ကပင် စတင်ကြံစည်လာခဲ့ကြသည်။ သိရ သလောက်မှာ ငျွန်အယ်လင်ဆိုသူ ပုဂ္ဂိုလ်တစ်ဦးသည် ခရစ် ၁၇၂၉ ခုနှစ်က လေငြိမ်အရပ်ရှိ သင်္ဘောကို ဤနည်းဖြင့် ခုတ် မောင်းနိုင်အောင် ကြံစည်ခဲ့ဘူးသည်။သူ၏အကြံမှာ ယမ်းမှုန့်၏ ပေါက်ကွဲမှုဖြင့် အင်ဂျင်ကို ခုတ်မောင်းရန် ဖြစ်သည်။ ထိုနည်း ကို အယ်လင်သည် မူပိုင်မှတ်ပုံပင် တင်ထားခဲ့၏။ နောင်နှစ်ပေါင်း ၅ဝ ကြာသောအခါ ဂျိမ်းရမ္မဇီဆိုသူ အမေရိ ကန်လူမျိုးတစ်ဦးသည် ရေအားသုံးဂျက်ခုတ်မောင်းနည်းဖြင့် လှေတစ်စင်းကို ခုတ်မောင်းပြခဲ့သည်။ သူသည် ရေကို လှေဦး ပိုင်းမှနေ၍ ရေစုတ်စက်ဖြင့် စုတ်သွင်းပြီးနောက် လှေပဲ့ပိုင်းရှိ နှုတ်သီးခေါင်းမှ နောက်ပြန် ပန်းထုတ်ပေးသည်။ ထိုအခါ ရေပန်း၏နောက်ပြန်အားကြောင့် လှေသည် ရှေ့သို့ရွေ့သွား သည်။ ရမ္မဇီသည် အလားတူလှေမျိုးကို နောက်ထပ် အင်္ဂလန် ပြည်၌လည်း ပြုလုပ်သေး၏။ သို့သော် ဘေးခုတ်စက်ဖြင့် ခုတ်မောင်းသော သင်္ဘောများ၊ အောင်မြင်စွာ ပေါ်ပေါက်လာ ခြင်းကြောင့် တစ်ကြောင်း၊ ရမ္မဇီကိုယ်တိုင်မှာ တိမ်မြှုပ်သွား သည်။ ထိုနောက်တွင် အတိုင်းတိုင်းအနိုင်နိုင်ငံမှ သိပ္ပံပညာရှင် တို့သည် တစ်စထက် တစ်စ တိုးတက်ကြံစည် ကြိုးစားလာကြ သောကြောင့် နောက်ဆုံးတွင် ထိထိရောက်ရောက် အသုံးချနိုင် သော ဂျက်အင်ဂျင်မျိုး ဖြစ်ထွန်း ပေါ်ပေါက်လာလေသည်။ သိပ္ပံပညာရှင်တို့သည် လှေသင်္ဘောများကို ခုတ်မောင်းရန် ရေပန်းဂျက်စက် အမျိုးမျိုးကို စမ်းသပ်ခဲ့ကြသည်။ ပထမ ကမ္ဘာစစ် ဖြစ်နေချိန်က အသံမမြည်သော ဂျက်အင်ဂျင်ကို ကြံ စည်ကြိုးစားခဲ့ကြသည်။ ဒုံးပျံအအမျိုးမျိုးကို စမ်းသပ်၍ လ သို့ အရောက်သွားနိုင်မည့် ဧရာမဒုံးပျံကြီးများကိုပင် စိတ်ကူး ခဲ့ကြဘူးသည်။


တုံးများတွင် ယမ်းမှုန့်အစား လေ၊ အောက်စီဂျင် စသည်တို့ကို အရည်ပြုလုပ်၍ ကန်အားရရှိအောင် စမ်းသပ်ခဲ့ကြသည်။ ဒုံးအင်ဂျင်ဖြင့် ခုတ်မောင်းသော ဒုံး မော်တော်ကား၊ ဒုံးလေယာဉ်ပျံများကို ကြံစည်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်လူမျိုးတို့ အသုံးပြုသော မက်ဆာရှမစ် ၁၆၃ တိုက်လေယာဉ်ပျံမျိုးတွင် ဒုံးအင်ဂျင် တပ်ဆင်ထားသည်။ ထိုအင်ဂျင်မှာ အရည်ပြုလုပ်၍ထားသော အောက်ဆီဂျင်ဖြင့် ခုတ်မောင်းခြင်း ဖြစ်လေသည်။ ဂျက်လေယာဉ်ပျံများ ထူးထူးခြားခြား ခေတ်စားလာခဲ့သည့် အချိန်ကား ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဖြစ်၏။ ထိုအချိန် တွင် စစ်ပွဲ၌ ပါဝင်တိုက်ခိုက်သည့် နိုင်ငံတိုင်းလိုလိုပင် ဂျက် လေယာဉ်ပျံများကို ဆောက်လုပ်ကြသည်။ အီတလျံလူမျိုးတို့က ၁၉၄၁ ခုနှစ်တွင် ဂျက်လေယာဉ်ပျံတစ်စင်းကို ဆောက်လုပ်၍ ပျံသန်းပြခဲ့သည်။ မက်ဆာရှမစ် ၂၆၂ ခေါ် ဂျာမန်လူမျိုးတို့၏ တိုက်လေယာဉ်ပျံမှာလည်း ဂျက်လေယာဉ်ပျံပင် ဖြစ်၏။ အင်္ဂလိပ်လူမျိုးတို့က ဂျက်စက်တစ်လုံးတပ် ဂလော့စတာတိုက် လေယာဉ်ပျံကို တီထွင်ခဲ့ကြသည်။ နောင်အခါတီထွင်သော စက် ၂ လုံး တပ် ဂလော့စတာ ဂျက်လေယာဉ်ပျံသည် ၁၉၄၅ ခုနှစ် တွင် တစ်နာရီလျှင် ၆ဝ၆ မိုင်နှုန်းဖြင့် ပျံသန်း၍ ကမ္ဘာ့စံချိန် ထားခဲ့လေသည်။ ၁၉၄၄ ခုနှစ်တွင် ဂျာမန်လူမျိုးတို့သည် ဒုံးပျံများကို အသုံးပြုကြသည်။ ဒုံးပျံတွင် ပေါက်ကွဲမှုသည် ပြတ်တောင်း ပြတ်တောင်း လျင်မြန်စွာ ဖြစ်၍ အခြားဂျက် အင်ဂျင်မျိုးတွင်မူ စက်လည်သည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲမှု သည် တောက်လျှောက် တစ်ဆက်တည်း ဖြစ်ပေသည်။ ဂျက်လေယာဉ်ပျံ၌ ကောင်းသော အချက်များနှင့် မကောင်းသောအချက်များ ရှိလေသည်။

ကောင်းသောအချက်များ[ပြင်​ဆင်​ရန်​]

ဂျက်လေယာဉ်ပျံသည် ပစ်စတန်အင်ဂျင်တပ် သာမန် လေယာဉ်ပျံတို့ထက် မြန်သည်။ အသံလှိုင်းထက်ပင် မြန်သေး ၏။ အလွန်မြင့်သောအရပ်၌ ပျံသန်းနိုင်သည်။ မီးလောင်လွယ် သော ဓာတ်ဆီအစား ပယ်ရဖင်ဆီကို အသုံးပြုနိုင်၏။ ဂျက်လေယာဉ်ပျံသည် ပျံသန်းနေစဉ် သာမန်လေယာဉ်ပျံ တို့လောက် အသံမကျယ်ချေ။သာမန်လေယာဉ်ပျံတို့ထက် ပို၍ မတ်စောက်စွာ ပျံတက်နိုင်သည်။

မကောင်းသောအချက်များ[ပြင်​ဆင်​ရန်​]

ဂျက်လေယာဉ်ပျံသည် နိမ့်သောအရပ်တွင် ပျံသန်းရာ၌၎င်း၊ အမြန်နှုန်းကိုလျှော့၍ ပျံသန်းရာ၌၎င်း၊အမြန်နှုန်းကို လျှော့၍ ပျံသန်းရာ၌လည်းကောင်း သာမန်လူမျိုးတို့က ဗွီဝမ်းဟုခေါ် တွင်သော ဗုံးပျံလက်နက်ဆန်း၌ ပထမဦးစွာ အသုံးပြုခဲ့ကြ သည်။ ထိုအင်ဂျင်မျိုးကို တစ်ခါတစ်ရံ ပါလဆိုဂျက်ဟု လည်း ခေါ်လေသည်။ ထိုအင်ဂျင်ကို တစ်နည်းနည်းဖြင့် လျင် မြန်စွာ ပစ်လွှတ်ပေးရသည်။ အင်ဂျင်ရှေ့၌ လျင်မြန်စွာ ပိတ်နိုင် ဖွင့်နိုင်သော တံခါးအရှင်ပါသည်။ ရှေးဦးစွာ တံခါးပွင့်သော အခါ စက်ထဲသို့ လေဝင်လာသည်။ ထိုနောက် တံခါးပိတ်သွား သည်။ ထိုအချိန်၌ အတွင်းသို့ ရောက်သွားသောလေသည် လောင်စာတစ်ခုခုနှင့် ရောကာ ပေါက်ကွဲသွားသည်။ ဤသို့ ပေါက်ကွဲပြီးသောအခါ တံခါးသည် တစ်ဖန်ပွင့်လာပြန်သည်။ လေလည်းဝင်၍ ပေါက်ကွဲပြန်သည်။ ဤနည်းဖြင့် တံခါးသည် တစ်စက္ကန့်တွင် အကြိမ်ပေါင်း ၄ဝ ခန့်ပွင့်လိုက် ပိတ်လိုက် ဖြစ်သည်။ လောင်ကျွမ်းပြီး ဓာတ်ငွေ့များသည် နောက်ပိုင်းရှိ နှုတ်သီးခေါင်းမှ ပန်းထွက်လေသည်။ တတိယအမျိုးမှာ ရမ်းဂျက်ခေါ် တစ်ဆက်တည်း ပေါက်ကွဲ သည့် အင်ဂျင်မျိုး ဖြစ်သည်။ ရမ်းဂျက်သည် ရှေ့သို့ တိုးလာ ချိန်တွင် လေကိုစက်အိုးထဲသို့ ဆောင့်ဝင်စေသည်။ လေသည် စက်အိုးထဲဲ၌ ပျံ့ထွက်လာပြီးလျှင် လောင်စာတစ်ခုခုဖြင့်ရော၍ ပေါက်ကွဲသည်။ ထိုနောက် ဓာတ်ငွေ့သည် နောက်ပိုင်းရှိ နှုတ်သီးခေါင်းမှ လျင်မြန်စွာ ထွက်သွားသည်။ ရမ်းဂျက်အင်ဂျင် ကို အသံလှိုင်းတစ်မျှ လျင်မြန်သောယာဉ်များတွင်သာ တပ်ဆင် အသုံးပြုရန် သင့်တော်သည်ဟု ယူဆကြလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)