ဂေးရှား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂေးရှား လက်သင် တစ်ယောက် မိတ်ကပ် လိမ်းထားပုံ

ဂေးရှား (Geisha , 芸者)၊ ဂေးကို (Geiko , 芸子) သို့ ဂေးဂိ (Geigi ,芸妓) ဆိုသည်မှာ ဂျပန်ရိုးရာ အမျိုးသမီး ဖျော်ဖြေသူများ ဖြစ်ကြပြီး သူတို့ တတ်ကျွမ်းသော ပညာများတွင် ဂျပန် အနုပညာ အမျိုးစုံတို့ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း ပါဝင်သည်။ ဂျပန်နိုင်ငံတွင် လေ့ကျင့်သင်ကြားထားသော အိမ်တွင်းမှုပညာ အရပ်ရပ်နှင့် နှံ့စပ်ကျွမ်းကျင်သူ ပျော်တော်ဆက် မိန်းကလေးဖြစ်သည်။ ဂေးရှားအစစ်မှာ စာရိတ္တ ပျက်စီးသူများ မဟုတ်ပေ။ အလွန်အဖိုးတန်သော လက်ရွေးစင် မိန်းကလေးများဖြစ်၍ အနည်းငယ်သာရှိသည်။ အသက် ၅-နှစ်အရွယ်မှ စ၍ အဆို၊ အက၊ အပျော်၊ အပြုအပြင်၊ ဧည့်ဝတ် စသည်တို့ကို အထူးလေ့ကျင့် သင်ကြားထားကြသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. လှသမိန်၏ ဗဟုသုတစွယ်စုံ