ဂေါ်ဖီထုပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂေါ်ဖီထုပ်ကြီးများ

ဂေါ်ဘီထုပ်သည် ဂေါ်ဘီပွင့် (ပန်းမုန်လာ) ခါးပု၊ မုန်ညင်း၊ စမုန် စသည်တို့နှင့်အတူ 'ကရူစီဖာရီး'မျိုးရင်းတွင် ပါဝင်သည်။ ဂေါ်ဘီထုပ်၏ ရုက္ခဗေဒအမည်မှာ 'ဗရပ်စီကားအိုလရာစီအေး' ဖြစ်သည်။ ဂေါ်ဘီထုပ်ကို မုန်လာထုပ် ဟူ၍လည်း ခေါ်သည်။ ဂေါ်ဘီထုပ်သည် ရေမတင်နိုင်သော မြေနုမြေမွများတွင် ကောင်းစွာ ဖြစ်ထွန်းသည်။ ယင်းကို ပျိုးထောင်ပြီးမှ စိုက် ခင်းတွင် ထပ်မံ၍ စိုက်ရသည်။ မျိုးစေ့များမချမီ ပျိုးခင်းတွင် ဗောင်နိမ့်နိမ့် ပြုလုပ်ရသည်။ ထိုနောက် ဗောင်ပေါ်တွင် ၄ လက်မ၊ ၅ လက်မစီခွါလျက် မျိုးစေ့များကို အတန်းလိုက် ပါးပါးချပေးရသည်။ ထိုမျိုးစေ့များပေါ်တွင် မြေစာမြေမှုန့်တို့ကို ခပ်ပါးပါး ဖုံးအုပ်ပေးပြီးနောက် ပန်းကရားဖြင့် ရေလောင်းပေး ရသည်။ ဗောင်များကို ငှက်ပျောရွက်၊ ထန်းရွက် စသည်တို့ဖြင့် နေပူမှ ကာကွယ်ရန် ဖုံးအုပ်ပေးရသည်။ပျိုးပင်ကလေးများသည် ၄ လက်မခန့် ကြီးမြင့်လာ၍ အရွက် ၃ ရွက်မှ ၆ ရွက်အထိ ရှိလာသောအခါ ရွှေ့ပြောင်းစိုက်ရန် သင့်ပြီဖြစ်သည်။

ပျိုးပင်ကလေးများကို ရွှေ့ပြောင်း မစိုက်မီ စိုက်ခင်းများကို ရေကောင်းစွာ ဖျန်းပေးရသည်။ ထိုနောက် ဗောင်တန်းများတွင် တပေစီခွါလျက် ကျင်းငယ်ကလေးများ ခပ်နက်နက်တူးပြီးလျှင် ထိုကျင်းများထဲ၌ ပျိုးပင်ကလေးများကို စိုက်ပျိုးရသည်။ ရွှေ့ ပြောင်းစိုက်ပြီးနောက် ၃၊ ၄ ရက်လောက်ကြာအောင် အပင် ကလေးများကို နေပူမှ ကာကွယ်ပေးရ၍ ရေကိုလည်း နိုင်နိုင် လောင်းပေးရသည်။

ဂေါ်ဘီထုပ်ပင်များသည် ၃၊ ၄ လကြာမှ ကြီးရင့်လာကြ သည်။ မကြီးရင့်မီ အပင်များအကြားရှိ မြေကို ဆွပေး၍ နွား၊ မြင်းတို့၏ အညစ်အကြေးရေနှင့် နှမ်းဖတ်ပုပ်ရေများကို မကြာ ခဏ လောင်းပေးလျှင် အပင်များသည် အထူးသန်စွမ်းကြသည်။ ဂေါ်ဘီထုပ်တွင် အာဟာရဓာတ် များပြားစွာပါရှိသောကြောင့် အနောက်နိုင်ငံများတွင် ဂေါ်ဘီထုပ်ပင်များကို မျိုးကွဲဲများ ဖြစ် ထွန်းအောင် ပြုပြင်၍ စိုက်ပျိုးခဲ့ကြသည်။ ယခုအခါ ဂေါ်ဘီ ထုပ်မျိုးပေါင်း ၁ဝဝ ကျော်မျှ ရှိလေပြီ။ သိပ္ပံပညာရှင်များက ဂေါ်ဘီထုပ်တွင် အခြားအပင်များမှာထက် လတ်ဆတ်သော အစာပို၍ ပါရှိသည်ဟု ဆိုကြသည်။



[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)