ဂလစ်ဆရင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဂလစ်ဆရင်း[ပြင်​ဆင်​ရန်​]

ဂလစ်ဆရင်းသည် အရောင်ကင်း၍ အနံ့ မထင်ရှားသော အချိုရည်ခပ်ပျစ်ပျစ်ဖြစ်သည်။ ရေထက် လေး၍ ရေတွင် ကောင်းစွာပျော်သည်။ အဆီနှင့် ဆီစစ်စစ်မှန်သမျှတွင် ဂလစ် ဆရင်းပါသည်။ ဂလစ်ဆရင်းကို အလှဆီဟူ၍လည်း သိကြ သည်။ သကြားမှ ကစော်ဖောက်ယူရသော အရက်များတွင် ဂလစ်ဆရင်း အနည်းအကျဉ်းပါ၏။ ဂလစ်ဆရင်းကို ဆပ်ပြာ လုပ်ငန်း၌ ဘေးထွက်ပစ္စည်းအဖြစ်ဖြင့် အများအပြားရရှိသည်။ ဂလစ်ဆရင်းစစ်စစ်ကို ဂလစ်ဆရိုဟု ခေါ်ကြသည်။ ဓာတုဗေဒ အလိုအားဖြင့် ထရိုင်ဟိုက်ဒရစ်အယ်လကိုဟောဟု ခေါ်၍ ဓာတု သကေ‡တမှာ ဟဂ္ဂ၃ ံ၅ (ဥံ)၃ ဒ္ဒ ဖြစ်၏။ အယ်လကိုဟောအစု တွင် ပါဝင်သော်လည်း ဂလစ်ဆရင်း၌ မူးယစ်စေတတ်သော သတ္တိအနည်းငယ်မျှ မရှိချေ။

ဂလစ်ဆရင်းသည် ပစ္စည်းများစွာကို အရည်ပျော်စေနိုင် သည်။ အထူးသဖြင့် ထင်းရှူးစေးကဲ့သို့သော ပစ္စည်းမျိုးကို ကောင်းစွာ အရည်ပျော်စေနိုင်သည်။ အဝတ်၌စွဲသော ကာဖီ၊ လက်ဖက်ရည်အစွန်းအထင်းမျာကို ဂလစ်ဆရင်းနှင့် တိုက်ချွတ် ဆေးကြောလျှင် အစွန်းအထင်းပျောက်သည်။ ဂလစ်ဆရင်းကို နိုက်ထရိုဂလစ်ဆရင်း၊ ဒိုင်းနမိုက်စသော ပေါက်ကွဲစေတတ် သည့် ခဲယမ်းမီးကျောက်များပြုလုပ်ရာ၌ အသုံးများသည်။ ဆဲလိုဖိန်းနှင့် ပလပ်စတစ်ပစ္စည်းများ ပြုလုပ်ရာ၌လည်း သုံးသည်။

ဂလစ်ဆရင်းသည် မခြောက်သွေ့သောတတ်သော ပစ္စည်း တစ်မျိုးဖြစ်ခြင်းကြောင့် စီးကရက်နှင့် ဆေးတံသောက်ဆေးများ တွင် ရောစွက်အသုံးပြုကြသည်။ ချို၍စေးသော သတ္တိရှိခြင်း ကြောင့် ဆပ်ပြာ၊ အလှဆီစသော အလှကုန်များ၊ ဘယဆေး များ၊ သရေစာမုန့်များပြုလုပ်ရာတွင် ဂလစ်ဆရင်းကို အများ အစား အသုံးပြုကြသည်။ ဝမ်းနုတ်ဆေးအဖြစ်ဖြင့်လည်း သုံးကြ သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)