ဂရေးဆာအက်ဒွပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဆာ အက်ဒဝပ် ဂရေး

ဂရေးဆာအက်ဒွပ်(ခရစ်နှစ် ၁၈၆၂-၁၉၃၃)[ပြင်​ဆင်​ရန်​]

ပထမကမ္ဘာစစ်ကြီး မဖြစ်မီ ဂရိတ်ဗြိတိန်နိုင်ငံတွင် နိုင်ငံခြား ရေးဝန်ကြီး အဖြစ်ဖြင့် ကျော်ကြားခဲ့သူ ဆာအက်ဒွပ်ဂရေးသည် လစ်ဘရယ်ပါတီဝင်ဖြစ်၍ ခရစ် ၁၈၈၅ ခုနှစ်တွင် ပါလီမန် အမတ်အဖြစ် ပထမအရွေးခံရသည်။ ဂရေးသည် သူ၏အဖိုး ဆာဂျော့ဂရေး ကွယ်လွန်သောအခါတွင် ဗဲရွန်နက် အရိုက်အရာ ကို မျိုးရိုးအရ ဆက်ခံရရှိခဲ့လေသည်။

လစ်ဗရယ်ပါတီ ခေါင်းဆောင် နန်းရင်းဝန် ဂလက်စတုန်း သည် ၁၈၉၂ ခုနှစ်တွင် ဂရေးအား နိုင်ငံခြားရေး ဝန်ကလေး အဖြစ် ခန့်ထားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ လော့ရို စဘရီ၏ လက်ထောက်အဖြစ်ဖြင့် ပါလီမာန်တွင် ဆောင်ရွက် ရသည်။ ၁၈၉၅ ခုနှစ်တွင် ဂရေးသည် နိုင်ငံခြားရေးဝန်ကလေး ဖြစ်ခဲ့သည်။ ၁၈၉၅ ခုနှစ်မှ ၁၉ဝ၅ ခုနှစ်အထိ လစ်ဘရယ် ပါတီသည် အာဏာလက်လွတ်ဖြစ်၍ ကွန်ဆားဗေးတစ် ပါတီကသာ အစိုးရဖွဲ့ခဲ့သည်။ ၁၉ဝ၅ ခုနှစ်တွင် လစ်ဘရယ် ပါတီက တစ်ဖန် ရွေးကောက်ပွဲတွင် မဲသာပြန်သဖြင့် ကင်းဗဲ ဗင်းနားမန်းက နန်းရင်းဝန်အဖြစ် ခေါင်းဆောင်၍ လစ်ဘရယ် အစိုးရဖွဲ့ ဖွဲ့နိုင်ပြန်လေသည်။ ထိုအခါ ဂရေးကို နိုင်ငံခြားရေး ဝန်ကြီး ခန့်လိုက်သည်။

ဂရေးသည် ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ဖြင့် မိမိ တာဝန်ကို နိုင်နင်းကျွမ်းကျင်စွာ ထမ်းရွက်ခဲ့သည်။ ပြင်သစ် နိုင်ငံနှင့်၎င်း၊ ဗဲလဂျီယမ်နိုင်ငံ၎င်း၊ ရုရှအင်ပိုင်ယာကြီးနှင့်၎င်း၊ ဂျပန်နိုင်ငံနှင့်၎င်း၊ မဟာမိတ်စာချုပ်များချုပ်ဆိုကာ ဗြိတိန်၏ အင်အားကို ကမ္ဘာတွင် တောင့်တင်းစေခဲ့သည်။ ဂရေးသည် ဂျာမန်ဧကရာဇ်၏ စစ်ဖြစ်ရေးခြေလှမ်းကို အကဲခတ်မိသည့် အတိုင်း ဗြိတိန်က ကြံ့ကြံ့ခံနိုင်စေရန် လိမ်မ္မာပါးနပ်စွာ မဟာ မိတ်များကို ရှာကြံဖွဲ့ခဲ့သည်။ပထမကမ္ဘာစစ်ကြီး မဖြစ်မီအချိန် ကာလတွင် စစ်မက်မဖြစ်ပွားရအောင် ဂရေးသည် စေ့စပ်ကမ်း လှမ်းနည်းအမျိုးမျိုးဖြင့် အစွမ်းကုန် ကြိုးပမ်းခဲ့သည်။ ကြိုးပမ်း ချက်များ မအောင်မြင်ဘဲ ဂျာမန်တို့က စစ်စတင်တိုက်ခိုက်သော အခါ ဗြိတိသျှတစ်မျိုးသားလုံးက စစ်ကြေညာရေးကို ထောက်ခံ အားပေးလာအောင် ဂရေးသည် ထိရောက်စွာ ဟောပြော၍ အစွမ်းကုန် ဆောင်ရွက်ခဲ့လေသည်။

၁၉၁၆ ခုနှစ်တွင် ညွန့်ပေါင်းအစိုးရခေါင်းဆောင် အက် စကွစ် နန်းရင်းဝန်ရာထူးမှ နုတ်ထွက်သောအချိန်၌ ဂရေးသည် မျက်စိရောဂါ စွဲကပ်လာသဖြင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်လိုက်လေသည်။ သူ၏တိုင်းပြည်အတွက် အမှုထမ်း ခဲ့သည့် ကျေးဇူးကို အသိအမှတ်ပြုသောအားဖြင့် အဂ‡လိပ် ဘုရင်မင်းမြတ်က လော့အဆင့်အတန်းတွင် အပါအဝင်ဖြစ်သော ဗိုင်းကောင့်ဘွဲ့ဖြင့် ချီးမြှင့်ခြင်းပြုသည်။ ထို့အတွက် ဂရေးအား ပထမဗိုင်းကောင့်ဂရေး အော့ဖယ်လိုဒွန်ဟူ၍လည်း စာအုပ် စာတမ်းများတွင် ရေးသားခေါ်ဝေါ်ကြသည်။ တစ်ခါတစ်ရံလည်း 'ဂရေးအော့ဖယ်လိုဒွန်'၊ သို့မဟုတ် 'လော့ဖယ်လိုဒွန်'ဟု ခေါ်ဝေါ်ရေးသားကြသည်။ ဂရေး ရေးသားခဲ့သော စာအုပ်များ အနက် '၁၈၉၂ ခုမှ ၁၉၁၆ ခုနှစ်အထိ ၂၅ နှစ်ကာလ'ဟူ သော စာအုပ်နှင့် 'ဖယ်လိုဒွန်စာတမ်းများ'(၁၉၂၆)ဟူသော စာအုပ်မှာ သမိုင်းမှတ်တမ်းတင်စာအုပ်များ ဖြစ်သည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)