ဂန္နက်ငှက်

ဝီကီပီးဒီးယား မှ
Gannet
Temporal range: Early Miocene to recent 20–0 Ma
Northern gannets on Heligoland
Northern gannet calls: Grassholm, Wales
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Suliformes
မျိုးရင်း: Sulidae
မျိုးစု: Morus
Vieillot, 1816
အမျိုးအစား မျိုးစိတ်
Morus capensis
Species
  • Morus bassanus
  • Morus capensis
  • Morus serrator
Synonyms

Moris

ဂန္နက်ငှက် (Gannets) သည် သမပိုင်းပင်လယ်တွင် ကျက်စားသော စူလီဒေးမျိုးရင်းဝင် ငှက်ကြီးတစ်မျိုး ဖြစ်သည်။ တင်ကျီးနှင့် အတူ ပယ်လီကင်နီဖောင်း မျိုးစဉ်တွင် ပါသော်လည်း အသွင် အပြင်အားဖြင့် တင်ကျီးနှင့်မတူချေ။ ဦးခေါင်းနှင့် လည်ပင်း အနည်းငယ်ဝါ၍ အတောင်ဖျားမည်းသည်မှတပါး တစ်ကိုယ် လုံး ဆွတ်ဆွတ်ဖြူနေသည်။ ကိုယ်လုံးမှာ ၃ ပေခန့်ရှည်သည်။ ဝမ်းဘဲခြေမျိုး ရှိသည်။ ချွန်ထက်သော နှုတ်သီးမှာ ရှည်၍ ကောက်၏။

အခြားသော ပင်လယ်ငှက်များနည်းတူ ဂန္နက်ငှက်တို့သည် ငါးဖမ်းရာ၌ အလွန်ကျင်လည်သည်။ ရေမျက်နှာပြင်၏ အထက် ပေ ၁ဝဝ ခန့်အမြင့်၌ ပျံဝဲနေပြီးလျှင် ရေထဲတွင် မြင်ရသော ငါးကို ရုတ်တရက် ထိုးဆင်း၍ ဖမ်းယူနိုင်သည်။

ဂန္နက်ငှက်သည် ကျောက်ဆောင်များပေါ်၌ အသိုက်လုပ် တတ်သည်။ သာမန်အားဖြင့် တစ်ကြိမ်လျှင် ဥတစ်လုံးသာ အုလေ့ရှိသည်။ ဤငှက်မျိုးတွင် မျိုးကွဲများ ရှိသည်။ ဂန္နက်ငှက် အညိုမျိုးကို အပူပိုင်းဒေသ ပင်လယ်များ၌ တွေ့ရသည်။ မြန်မာ နိုင်ငံ တနင်္သာရီကမ်းခြေ၌ ရံဖန်ရံခါ တွေ့ရှိရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)