ခွေးခေါ်ရစ်ငှက်
| ခွေးခေါ်ရစ်ငှက် | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001))[၁] |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Clamator jacobinus'' | ||||||||||||||
ခွေးခေါ်ရစ်ငှက် [ပြင်ဆင်ရန်]
ခွေးခေါ်ရစ်ငှက် သည် ဥဩငှက်တစ်မျိုးဖြစ်၍ မိုးစောင့်ငှက်ဟု လည်း ခေါ်ကြသည်။ ခွေးခေါ်ရစ်ငှက် ကို လူသိမများလှချေ။ အာဖရိကတိုက်၊ အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်းနှင့် မြန်မာနိုင်ငံ တို့တွင် ခွေးခေါ်ရစ်ငှက်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၌ အပူပိုင်းဒေသတွင် ကျက်စား၍ ဧရာဝတီမြစ်ဝှမ်းမှ သာယာဝတီ ခရိုင်အထိ ပျံ့နှံ့စွာ နေတတ်သည်။ မေလမှ အောက်တိုဘာလ အတွင်းသာ မြန်မာနိုင်ငံ၌ နေကြဟန်တူသည်။ ခွေးခေါ်ရစ်ငှက် သည် အလျား ၁၃ လက်မခန့် ရှိ၍ ခေါင်းတွင် နောက်ဖက်သို့ ခေါနေသော အမောက်ပါရှိသည်။အပေါ်ပိုင်းမည်း၍ အောက်ပိုင်း ဖြူသည်။ အတောင်သည် အဖြူနှင့် အမည်းကျားနေပြီးလျှင် တို၍ ဝိုင်းသည်။ အမြီးမှာရှည်၍ အဖျားသွယ်သည်။ ပျံသည့် အခါ အားစိုက်၍ ပျံသန်းသကဲ့သို့ ထင်မှတ်ရသည်။
ရေကောင်းစွာရသော နေရာနှင့် သစ်ပင်အတော်အသင့် ထူထပ်သော လဟာပြင်များတွင် ကျက်စားတတ်၍ ပင့်ကူ၊ ပရွက်ဆိတ်၊ ချေးထိုးပိုးနှင့် သစ်ရွက်အချို့ကို စားလေ့ရှိသည်။ အငြိမ်မနေဘဲ ဆူညံစွာ အော်တတ်၍ တစ်ကောင်နောက် တစ်ကောင် လိုက်နေတတ်သည်။ အော်သံမှာ ကျယ်လောင်၍ စူးရှပြီးလျှင် 'ခွေးခေါ်ရစ် ခွေးခေါ်ရစ်'ဟု အသံထွက်သယောင် ကြားရသဖြင့် မြန်မာတို့က ခွေးခေါ်ရစ်ဟု အမည်တွင်သည်။ ခွေးခေါ်ရစ်ငှက်သည် မေလနှင့် ဇွန်လများတွင် သားပေါက် သည်။ ကိုယ်ပိုင်အသိုက်မလုပ်ဘဲ စွေ့ငှက်၊ ဝါးရောင်းငှက်တို့၏ အသိုက်များတွင် ဥ အုလေ့ရှိ၏။ ဥသည် ရှည်မျော၍ ထိပ် ၂ ဖက် စလုံး ပြားနေသည်။ ဥခွံမှာ ချောမွတ်၍ အပြာရောင် သန်းနေ သည်။ ဥအရွယ်မှာ ပျမ်းမျှအလျား ဝ.၉၄ လက်မနှင့် ပြက် ဝ.ရ၃ လက်မခန့် ရှိသည်။ [၂]
ကိုးကား [ပြင်ဆင်ရန်]
- ↑ Template:IUCN2008
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)