ခွန်နွယ်၊ မောင် (အင်းလေး)

ဝီကီပီးဒီးယား မှ
မောင်ခွန်နွယ် (အင်းလေး)

၁။ အမည်ရင်း - ဦးခွန်စိန်ဝင်း ၂။ မိဘအမည် - ဦးချစ်ရီ + ဒေါ်လှရင် ၃။ မွေးသက္ကရာဇ် - ၃၁၊ ၈၊ ၁၉၄၈ ၄။ မွေးဖွားရာဒေသ - အင်းယားမြောက်ရွာ၊ ညောင်ရွှေမြို့ ၅။ ကလောင်အမည်ခွဲများ - ကမ္မောဇ မောင်ပြုံရည်

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

အဖ ဦးချစ်ရီ၊ အမိ ဒေါ်လှရင်တို့က ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် ညောင်ရွှေမြို့နယ်၊ အင်းယားမြောက်ရွာတွင် ဖွားမြင်ခဲ့သည်။ ပအိုဝ်း တိုင်းရင်းသား ဖြစ်သည်။ မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။


နဝမတန်း ကျောင်းသားဘဝကပင် စာပေ လိုက်စားကာ စာပေများ စတင် ရေးသားခဲ့သည်။ ၁၉၆၈ ခုနှစ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကြက်ခြေနီ ဆောင်းပါးပြိုင်ပွဲ (အထက်တန်းအဆင့်) တွင် 'ဆွတ်ေ့ခလိုစိတ် နှစ်သိမ့်ဖြေမယ်' စာညွှန်းဖြင့် တတိယဆု ရရှိခဲ့ပြီး အချစ်တော် စာစောင် နံရံကပ် ဆောင်းပါး ပြိင်ပွဲဆု (၆) ကြိမ် ရရှိခဲ့သည်။


၁၉၇၃ ခုနှစ်၊ စာပေဗိမာန်ဆု ပြိုင်ပွဲတွင် 'မြစိမ်းညိုရွက် သနပ်ဖက်' စာမူဖြင့် သုတပဒေသာ (ဝိဇ္ဇာ တတိယဆု)၊ ၁၉၈ဝ ပြည်နှစ်၊ စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် 'ပအိုဝ်း သွေးချင်းညီနောင်ရင်း' စာမူဖြင့် (လူငယ်စာပေ) တတိယဆု၊ ၁၉၈၇ ခုနှစ်၊ စာပေဗိမာန် ပြိုင်ပွဲတွင် 'စွမ်းအားရှင် ရွက်နုစိမ်းလေးများ' စာမူဖြင့် (ကလေးစာပေဆု) စာမူဆု တို့ကို ရရှိခဲ့သည်။ ၁၉၉ဝ ပြည်နှစ်တွင် 'စွမ်းအားရှင် ရွက်နုစိမ်းလေးများ' စာမူဖြင့်ပင် အမျိုးသားစာပေဆု (လူငယ်စာပေဆု)၊ ၁၉၉၂ ခုနှစ်တွင် 'ပအိုဝ်း သွေးချင်းညီနောင်ရင်း' စာအုပ်ဖြင့် အမျိုးသားစာပေဆု (စာပဒေသာဆု) တို့ကို ရရှိခဲ့သည်။


မြဝတီ၊ ငွေတာရီ၊ ရှုမဝ၊ စာပေလုပ်သား၊ မြတ်မင်္ဂလာ၊ ဒို့ကျောင်းသား စာအုပ်များတွင် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ယခု အချိန်အထိ တောင်ကြီးမြို့နယ် စာပေနှင့် စာနယ်ဇင်း အဖွဲ့တွင် ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ကြီးကြပ် လမ်းညွှန်ထုတ်ဝေသော 'ကမ္မောဇသတင်းစဉ်' တွင် စာတည်း အဖွဲ့ဝင်၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာ လုပ်ငန်း ကော်မတီဝင် အဖြစ် ဆောင်ရွက်လျက် ရှိသည်။


ယခုအခါ တောင်ကြီးမြို့တွင် နေထိုင်ရင်း စာပေကို လေ့လာ ရေးသားလျက် ရှိသည်။

ရေးသား ထုတ်ဝေခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

၁။ မြစိမ်းညိုရွက် သနပ်ဖက် ၁၉၇၆

၂။ ပအိုဝ်းသွေးချင်း ညီနောင်ရင်း ၁၉၈၄

၃။ စွမ်းအားရှင် ရွက်နုစိမ်းကလေးများ ၁၉၈၇

[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၆ နိုဝင်ဘာမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)