ခြောက်နိုင်ငံ မျက်နှာစုံညီ စည်းဝေးပွဲ

ဝီကီပီးဒီးယား မှ

ခြောက်နိုင်ငံ မျက်နှာစုံညီ စည်းဝေးပွဲသည် မြောက်ကိုရီးယားနိုင်ငံ၏ ဖျက်အားပျင်းလက်နက်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေနိုင်ရန် ရည်ရွယ်ထားသည့် စည်းဝေးပွဲဖြစ်သည်။ ဤစည်းဝေးပွဲတွင် ပါဝင်ဆွေးနွေးကြသော နိုင်ငံများမှာ

၂၀၀၃ ခုနှစ်တွင် မြောက်ကိုရီးယားမှ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်မှ နုတ်ထွက်ခဲ့ပြီးနောက် သက်ဆိုင်ရာ ၆ နိုင်ငံမှ ဤဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အကြား ၅ ကြိမ် ကျင်းပခဲ့ပြီး ဖြစ်သော်လည်း မြင်သာထင်ရှားသည့် တိုးတက်မှု မရှိခဲ့ပေ။ ပဉ္စမအကြိမ်မြောက် ဆွေးနွေးပွဲ၏ တတိယအဆင့် ရောက်မှသာ မြောက်ကိုရီးယားက ၎င်း၏ နျူကလီးယား အဆောက်အအုံများကို ပိတ်ပစ်ရန်၊ မြောက်ကိုရီးယားအား လောင်စာ အကူအညီပေးရန်၊ အမေရိကန်၊ ဂျပန်စသည့်နိုင်ငံများနှင့် ပုံမှန်ဆက်ဆံရန် သဘောတူခဲ့သည်။