ချားမာတဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ချားမာတဲ (ခရစ် ၆၈၈-၇၄၁)[ပြင်​ဆင်​ရန်​]

ချားမာတဲသည် ဥရောပတိုက်နှင့်ဆိုင်သော အလယ်ခေတ် က မူးဝါးလူမျိုး တို့ကို ဥရောပတိုက်ထဲသို့ မဝင်ရောက်နိုင် အောင် တွန်းလှန်တိုက်ထုတ်ပစ်လိုက်သော ဖရန့်လူမျိုး ခေါင်းဆောင် တစ်ဦးဖြစ်သည်။ ထိုခေတ်တွင် ဂျာမန်လူရိုင်းမျိုး တို့သည် ဖရန့်နယ်ပယ်များကို ဝင်ရောက်တိုက်ခိုက်နေသည့် အတောအတွင်းတွင်၊ ထိုမူးဝါးများ၏ရန်က တစ်မျိုးဝင်လာပြန် သည်။ စပိန်နိုင်ငံမှတစ်ဆင့် အစ္စလမ်အယူဝါဒီများ ဖြစ်ကြ သော မူးဝါးလူမျိုးတို့သည် ဥရောပတိုက်သို့ သူတို့အယူဝါဒ ပြန့်ပွားရေးခြင်းငှာ၊ ပီးရနီးတောင် ကုန်းကို ပထမဖြတ်ကျော်၍၊ ဖရန့်ပြည်ဖက်သို့ ၇၁၈ ခုနှစ်လောက်တွင် ဝင်ရောက်လာလေ သည်။ ဖရန်တို့မှာ အဖက်ဖက်မှ အန္တရာယ်ဝိုင်းလျက် ရှိသော် လည်း မူးဝါးတို့၏ အန္တရာယ်မှာ ပို၍စိုးရိမ်ဖွယ် ကောင်းလှ၏။

ထိုစဉ်က ထိုရန်ကို မတွန်းလှန်လိုက်နိုင်ခဲ့သော် ဥရောပတိုက် အလုံးကို မူဝါးတို့ လွှမ်းမိုးသွားမည် ဖြစ်ပေသည်။ ဖရန့်ပြည် ၏ တောင်ဘက်ရှိ ဂေါလပြည်နယ်တွင် မူးဝါးတို့က အရေးသာ နေသဖြင့် ဂေါလတို့က စစ်ကူတောင်းလျက်ရှိ၏။ ထိုအခြေ အနေမှ ကင်တင်သူကား ချားမာတဲပင် ဖြစ်သတည်း။ချားမာတဲမှာ ဖရန့်ပြည့်နယ်ကို အုပ်စိုးနေသော မာရို ဗင်းဂျီယန် မင်းဆက်ဘုရင်၏ အိမ်တော်ဝန်ဖြစ်၏။ ချားသည် ဓါးကောက်ကြီးများ ဝင့်ကာ၊ လှိုင်းလုံးကြီးများသဖွယ် တအိအိ လိမ့်တက်လာသော မူးဝါးတို့အား ရဲတင်းပုဆိန်ကိုင်သော မိမိ၏တပ်သားများနှင့်အတူ ရင်ဆိုင်တိုက်ခိုက်လေသည်။ ၇၃၂ ခု တူးတိုက်ပွဲတွင် ဓါးကောက်ကိုင် မူးဝါးတို့မှာ ဖရန့်တို့၏ ပုဆိန်ဒဏ်ကို မခံနိုင်ဘဲ ဆုတ်ခွာထွက်ပြေးကြရလေသည်။

ယင်းသို့ဖြင့် မူးဝါးတို့ ဥရောပတိုက်ကို လွှမ်းမိုးမှုမှ လွတ် မြောက်သွားလေသည်။ မူးဝါးတို့၏ရန်ကို ဖြိုဖျက် ကာကွယ် ခဲ့သဖြင့် ချားမာတဲအားလည်း ဥရောပကို ကယ်တင်သူဟု ခေါ်ကြ၏။ သူ၏အမည်ရင်း ချားနောက်မှ မာတဲ(တင်းပုတ်) ဟူသော ဂုဏ်ထူးဆောင်အမည်တစ်လုံးကို တိုးပေးခဲ့ကြ လေသည်။

ထိုခေတ်က ဖရန့်ဘုရင်များမှာ ရုပ်သေးရုပ်သာ ဖြစ်၍ အိမ်တော်ဝန်များက ဘုရင်ထက်ပင် ပိုမို၍ ဩဇာ အာဏာ ရှိလေသည်။ ချားသည် မူးဝါးတို့အား တွန်းလှန်တိုက်ခိုက်ပြီး နောက် တန်ခိုးအာဏာ ပိုမိုကြီးမားလာသော်လည်း ဘုရင့် အဖြစ်ကို လက်မခံဘဲ သရဖူမဆောင်းသည့် ဘုရင်တစ်ပါး အနေဖြင့်သာ နေခဲ့၏။ သို့သော် ချားနှင့် သားတော်ပက်ပင် တို့သည် သူတို့၏ သားမြေးဖြစ်သော ရှာလမိန်းအား ဥရောပ အလယ်ခေတ်တွင် ဘုန်းလက်ရုံးအကြီးဆုံးသော ဧကရာဇ် တစ်ပါး ဖြစ်လာရန် အခြေစိုက်ပေးခဲ့ကြသည်ဟု ဆိုနိုင်ပေ သည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)