ချန်နယ် ဝင်ရောက်သုံးစွဲသည့် နည်းလမ်းများ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

တယ်လီဖုန်းဆက်သွယ်ရေး နှင့် ကွန်ပျူတာ ကွန်ယက်များ တွင် ချန်နယ်ကို ဝင်ရောက်သုံးစွဲသည့် နည်းလမ်း (Channel Access Method) သည် တာမင်နယ်များကို ကြားခံနယ် တစ်ခုတွင် အတူတူ ချိတ်ဆက်ထားပါက တပြိုင်နက်တည်း ဒေတာများ လွှင့်ထုတ်ရန်နှင့် capacity ကို မျှဝေသုံးစွဲရန် ခွင့်ပြုသည်။ ဥပမာ အားဖြင့် ပြရလျှင် ကြိုးမဲ့ ကွန်ယက်များဘတ်စ် ကွန်ယက်များဝိုင်းပတ် ကွန်ယက်များ (Ring Network)၊ ဆုံချက် ကွန်ယက်များ (Hub Network) နှင့် တစ်လမ်းသွား ဆုံမှတ်တစ်ခုမှ တစ်ခု ချိတ်ဆက်ထားသော လမ်းကြောင်းများ (half-duplex point-to-point links) တို့ ဖြစ်ကြသည်။

ချန်နယ် ဝင်ရောက်သုံးစွဲသည့် နည်းလမ်းများသည် ပေါင်းစပ်မျှဝေခြင်း (Multiplexing method) ပေါ်တွင် အခြေခံထားသည်။ ထိုနည်းစနစ်မှာ ဒေတာလမ်းကြောင်းများ သို့မဟုတ် အချက်ပြလှိုင်းများကို တူညီသော ဆက်သွယ်ရေး ချန်နယ် သို့ ထိတွေ့နိုင်သည့် ကြားခံနယ် (physical medium) များကို မျှဝေသုံးစွဲခွင့် ပြုသည်။

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်