ချင်းမိုင်တက္ကသိုလ်
| ချင်းမိုင်(ဇင်းမယ်) တက္ကသိုလ် | |
| มหาวิทยาลัยเชียงใหม่ (မဟာဝိထယျာလိုင် ချင်းမိုင်) |
|
| အမည်ရင်း | มหาวิทยาลัยเชียงใหม่ (မဟာဝိထယျာလိုင် ချင်းမိုင်) |
| ထည်ထောင်သည့် ခုနှစ် | ၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလ |
| တည်နေရာ | ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ |
| အမျိုးအစား | ပညာရေး တက္ကသိုလ် |
| ဝန်ထမ်း | ၂,၁၇၁ (၂၀၀၇) |
| ပါမောက္ခချုပ် | Prof. Pongsak Angkasith |
| အရောင် | ခရမ်းနုရောင် |
| အဖွဲ့အစည်း | Association of Southeast Asian Institutions of Higher Learning (ASAIHL) |
ချင်းမိုင်တက္ကသိုလ် (มหาวิทยาลัยเชียงใหม่ - မဟာဝိထယျာလိုင် ချင်းမိုင်) [၁]သည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်းမြို့တွင်ရှိသည်။ မြန်မာတို့က ချင်းမိုင်ကို ဇင်းမယ်အဖြစ်သိကြသည်။ ၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလတွင် ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်၏ တော်ဝင်ချာတာ (Royal Charter) ခွင့်ပြုချက်ဖြင့် စတင်တည်ထောင်သည်။ အတိုကောက်အားဖြင့် CMU, ဒေသအခေါ်အားဖြင့် အတိုကောက် “မောချော (Mor Chor)”ဟု တွင်သော ချင်းမိုင်တက္ကသိုလ်သည် တိုင်းရင်းသားလူမျိုးများအခြေချနေထိုင်သော ထိုင်းနိုင်ငံမြောက်ပိုင်း၌ ပထမဆုံးသော အဆင့်မြင့်ပညာရေးအဖွဲ့အစည်းဖြစ်ပြီး၊ ထိုင်းနိုင်ငံ၏ ပထမဆုံးသော ခရိုင်တက္ကသိုလ်လည်းဖြစ်သည်။
မာတိကာ |
[ပြင်ဆင်ရန်] နောက်ခံသမိုင်း
စတင်ဖွင့်လှစ်ခါစ၌ မူလအားဖြင့် မဟာဌာနကြီး သုံးခုရှိသည်။ သိပ္ပံ၊ လူမှုသိပ္ပံနှင့် လူမှုရေးဘာသာရပ်ဌာနတို့ဖြစ်သည်။ ယနေ့ခေတ်၏ လိုအပ်ချက်၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှု (ဥပမာ - CDCE)၊ ကျောင်းသားများ၏ စိတ်ဝင်စားလျှောက်ထားမှု (ဥပမာ - နာနိုသိပ္ပံ) တို့အရ ဌာနများတို့ချဲ့သည်။ ယနေ့ခေတ် CMU တွင် ဌာနခွဲပေါင်း ၁၀၇ ခုပါဝင်သော မဟာဌာန ၁၇ ခု နှင့် Graduate School ရှိသည်။ လျှောက်ထားနိုင်သော ပရိုဂရမ်ပေါင်း ၂၅၃ ခုရှိသည်။ Certificate ပရိုဂရမ် ၂ ခု၊ ရိုးရိုးဘွဲ့တန်း ၈၇ ခု၊ ဘွဲ့လွန်နှင့် ဘွဲ့လွန်ဒီပလိုမာ ၁၆၃ ခုရှိပြီး ကျောင်းသားကျောင်းသူပေါင်း ၂၅,ဝ၀ဝ ကျော်ရှိသည်။ ထို့ပြင် နိုင်ငံတာကျောင်းသားများအတွက် အင်္ဂလိပ်ဘာသာဖြင့်သင်ကြားသော ရိုးရိုးဘွဲ့တန်း ၂ ခုနှင့် မဟာနှင့် ပါရဂူတန်း ၁၈ ခုရှိသည်။ နိုင်ငံတကာတန်းများသည် လူမှုသိပ္ပံ၊ ကျန်းမာရေးသိပ္ပံနှင့် သိပ္ပံနှင့်နည်းပညာဌာနများ၌ ရှိသည်။
နိုင်ငံတကာ၊ ဌာနဆိုင်ရာနှင့် ဌာနခွဲဆိုင်ရာအားဖြင့် CMU သည် ၂၇ နိုင်ငံမှ တက္ကသိုလ်၊ အင်စတီကျု၊ နိုင်ငံတကာ အဖွဲ့များနှင့် ပူးတွဲဆောင်ရွက်မှု၊ နားလည်မှုစာချွန်ရေးထိုးထားမှု ၁၄၆ ခုရှိသည်။ ယင်းသဘောတူညီချက်၊ ပူးပေါင်းဆောင်ရွက်မှုများတွင် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကျမ်းကြီးကြပ်မှု၊ ပရောဂျက်အတိုင်ပင်ခံ၊ ပူးတွဲသုတေသန၊ ဆရာနှင့် ကျောင်းသား အပြန်အလှန်ဆက်သွယ်လုပ်ကိုင်မှု၊ ပူးတွဲ ဆယ်မီနာကျင်းပခြင်းနှင့် သတင်းအချက်အလက်ဖလှယ်ခြင်းတို့ အကျုံးဝင်သည်။
[ပြင်ဆင်ရန်] မဟာဌာနများ
- စိုက်ပျိုးရေးဌာန [၂]
- လယ်ယာ-စက်မှုဌာန
- ဗိသုကာဌာန
- ဆေးသိပ္ပံဘက်ဆိုင်ရာဌာန
- စီပွားရေးစီမံခန့်ခွဲမှုဌာန
- သွားဘက်ဆိုင်ရာဌာန
- စီပွားရေးဌာန
- ပညာရေးဌာန
- အင်ဂျင်နီယာဌာန
- ရသပန်းချီဌာန
- လူမှုဘာသာရပ်ဌာန
- ဥပဒေဌာန
- ဆေးပညာဌာန
- သူနာပြုဌာန
- ဆေးဝါးဌာန
- သိပ္ပံဌာန
- လူမှုသိပ္ပံဌာန [၃]
- တိမွေးကုဌာန
- လူထုဆက်သွယ်ရေးဌာန
- လုပ်သားကောလိပ်
[ပြင်ဆင်ရန်] တက္ကသိုလ်ပရဝုဏ်များ
(ဆက်ရေးပါမည်)
[ပြင်ဆင်ရန်] ထင်ရှားသော ကျောင်းသားဟောင်းများ
ဘန်ကောက်မြို့တော်ဝန် အပီရတ် ကိုစာယိုထင် (Apirak Kosayothin) [၄]- ၂၀ဝ၄ မှ ယနေ့အထိ။
ထိုင်းပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်
[ပြင်ဆင်ရန်] ချင်းမိုင်တက္ကသိုလ်နှင့် မြန်မာ့အရေး
(ဆက်ရေးပါမည်)
[ပြင်ဆင်ရန်] CMU နှင့် မြန်မာကျောင်းသားများ
ချင်းမိုင်တက္ကသိုလ်တွင် ဘွဲ့လွန်တက်ရောက်သင်ကြားသော မြန်မာကျောင်းသားပေါင်းမှာ ၂၀ဝ၈ အထိ အယောက် ၅၀ နီးပါးရှိသည်။ ယင်းတို့အထဲမှ တစ်ဒါဇင်ခန့်မှာ ဘွဲ့များရရှိကြပြီးဖြစ်သည်။ ချင်းမိုင်တက္ကသိုလ်ရောက် မြန်မာကျောင်းသားများအနက် ပေါက်ရောက်လူသိများသူတို့မှာ ဦးခင်မောင်ဌေး (သစ်တောပညာရှင် - ဖရီဒါ - FREDA)၊ ဦးဇော်ဝမ်း [၅] (စိုက်ပျိုးရေးပညာရှင် - နှစ်ရှည်စီမံကိန်း)၊ အမ်.အမ်.သင်ကာ (လူမှုသိပ္ပံ၊ ဘလော်ဂါ၊ မြန်မာဝီကီတွင် ကူညီရေးသားသူ)နှင့် ဟန်သစ်ငြိမ် [၆](ဗိသုကာ၊ ဘလော်ဂါ) တို့ဖြစ်သည်။ ချင်းမိုင်တက္ကသိုလ်တွင် ကာလတိုသင်တန်းများ လာတက်သည့် မြန်မာသင်တန်းသားများမှာ များပြားလှပြီး NGO, INGO များနှင့် မီဒီယာများတွင် တာဝန်ထမ်းဆောင်နေကြသည်။
CMU ရောက် မြန်မာကျောင်းသားများ၏ ဘလော့ဂ် [၇] ကိုလည်း ကြည့်ရှုနိုင်ပါသည်။
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |