ခဲခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ခဲခြင်း[ပြင်​ဆင်​ရန်​]

အရည်တစ်ခုသည် တဖြည်းဖြညး် အပူချိန်လျော့၍ အေး သည်ထက် အေးသွားသောအခါ၊ နောက်ဆုံး၌ အခဲအဖြစ်သို့ ကူးပြောင်းသွားမြဲ ဖြစ်သည်။ ဤသို့ အရည်ဘဝမှ အေးပြီး ခဲသွားသောအပူရှိန်ကို အရည်ခဲချိန် (ဝါ) အရည်ခဲမှတ်ဟု ခေါ်သည်။ အလွန်အေးသောဒေသတို့၌ ရေခဲခြင်း၊ ဆီးနှင်း ကျခြင်း စသည်တို့မှာ ရေခဲလောက်အောင် အပူချိန် လျှောကျ သွားခြင်းေ0x100ကာင့်ပင် ဖြစ်သည်။ ရေခဲမှတ် (ရေ၏ ခဲချိန် အမှတ်)မှာ စင်တီဂရိတ်ပြဒါးတိုင်းအရ သုညဒီဂရီဖြစ်၍၊ ဖာရင်၊ ဟိုက်ပြဒါတိုင်အရ ၃၂ ဒီဂရီဖြစ်သည်။

ရေဘဝမှ ရေခဲဘဝသို့ ကူးပြောင်းသွားပုံနှင့် ရေခဲမှတ် တို့ကို လက်တွေ့စမ်းသပ်0x100ကည့်ရှုလိုလျှင် အောက်ပါနည်းဖြင့် စမ်းသပ်နိုင်သည်။ ရေခဲကို အတုံးကလေးများ ဖြစ်အောင် ထုခွဲပြီးနောက် ခွက်ထဲတွင် ဆားလက် ၂ ဆုပ် ၂ ဆုပ်စာမျှနှင့် ရောမွှေပြီး ထားပါ။ ထို့နောက် ဖန်ပြွန် သို့မဟုတ် သတ0x048ုဗူး ခပ်ငယ်ငယ် တစ်ခုတွင် ရေနှင့် ပြဒါးတိုင်တစ်ချောင်းကို ထည့်ပြီးလျှင် ထိုပြွန်ကို အထက်ပါ ရေခဲခွက်ထဲ၌ နှစ်ထားပါ။ ရေခဲ၏ အအေးရှိနေ်0x100ကာင့် ပြဒါးတိုင်အမှတ်သည် တဖြည်း ဖြည်း လျော့ဆင်းလာပြီးလျှင် စင်တီဂရိတ်ပြဒါးတိုင် ဖြစ်သော် သုညဒီဂရီ၊ (ဖာရင်ဟိုက်ပြဒါးတိုင်ဖြစ်သော ၃၂ ဒီဂရီ) အရောက်တွင် ပြွန်ထဲရှိရေသည် ခဲစ ပြုလာပြီးလျှင် ပြဒါးတိုင် အမှတ်သည် ရေအားလုံး ခဲသွားသည့်တိုင်အောင် မပြောင်းဘဲ တည်နေသည်ကို တွေ့ရလိမ့်မည်။ ရေနည်းတူ အရည်ဘဝမှ အေးပြီးနောက် ခဲသွားနိုင်သော အခြားပစ0x038ည်းများလည်း အမြောက်အမြား ရှိ၏။ ရေဘဝမှ ရေခဲဘဝသို့ ကူးပြောင်းနေချိန်တွင် အပူချိန် သည် အတိုးအလျော့မရှိဘဲ တန့်နေသည်။ ရေခဲဘဝမှ အရည် ပျော်ချိန်တွင်လည်း ရေခဲအားလုံး အရည်ပျော်သည်အထိ အပူ ချိန်မှာ တသမတ်တည်း တန့်နေသည်။ ဤကဲ့သို့ အရည်ပျော် နေချိန်တွင် ရေခဲသည် ဘေးပတ်ဝန်းကျင်ရှိ အရာဝတ0x049ုတို့မှ အပူကို အစဉ်တစ်စိုက် စုတ်ယူလျက်ရှိသည်။ အသီးအနှံ၊ သားငါးမှစ၍ အစားအစာများကို မပုပ်မသိုးအောင် သိုမှီးသော အအေးသေတ0x048ာ၊ အအေးခန်းများကို 0x100ကံစည်ပြုလုပ်ရာတွင် ဤ အပူချိန် တန့်နေတတ်သောသဘောကိုပင် မူတည်၍ ပြုလုပ်ထားခြင်း ဖြစ်သည်။

ဆားရည်သည် ဖာရင်ဟိုက်ပြဒါးတိုင်အရ သုညအောက် ၇ ဒီဂရီရောက်မှ ခဲနိုင်သဖြင့် ရေရိုးရိုး၏ ခဲချိန် အမှတ်အောက် ၃၉ ဒီဂရီ လျော့လေသည်။ ထေို0x100ကာင့် ဆားရောထားသော ရေခဲသည် အပူကို စုတ်ယူယင်း အရည်ပျော်ကာ ဆားရည် ဖြစ်သွားစဉ်တွင်၊ ထိုဆားရည်၌ မိမိကိုယ်တိုင် ခဲသွားလောက် အောင် မအေးသော်လည်း ရေကို ခဲစေနိုင်လောက်အောင်ကား အေး၍နေသည်။ ဤအချက်ကို ထောက်သဖြင့် ရေခဲနှင့် ရေခဲမုံ့ များ ပြုလုပ်ရာ၌ ဆားရည် သို့မဟုတ် ဆားရောထားသော ရေခဲအား အသုံးပြုသည့် အဓိပ0x053ာယ်ကို သဘော ပေါက်နိုင် ပေသည်။

ရေခဲနှင့်တကွ သတ0x048ုအများမှာ ခရစ0x038တယ်ပွင့်တတ်သော ပစ0x038ည်းများဖြစ်၍ ထိုပစ0x038ည်းများတွင် အရည်ခဲမှတ်နှင့် အရည် ပျော်မှတ် (အရည်ပျော်ချိန်အမှတ်) တိသည် အတူတူပင် ဖြစ် သည်။ သံ၊ ဖန်၊ ထောပတ်၊ ဖယောင်းတို့ကဲ့သို့ ခရစ0x038တယ် မပွင့်တတ်သော (ဝါ) ပွင့်ပုံမဲ့ပစ0x038ည်းများတွင်မူ အရည်ခဲမှတ် အရည်ပျော်မှတ် ဟူ၍ အတိအကျ မရှိချေ။ ထိုပစ0x038ည်းမျိုးကို အပူတိုက်ပေးသောအခါ အခဲဘဝမှ တဖြည်းဖြည်း ပျော့ပျောင်း လာကာ ရှေးဦးစွာ ခဲရာမှ ပျစ်ပြီးလျှင် နောက်ဆုံးတွင် ပျစ်ရာ မှ သွက်သွားသည်။

အရာဝတ0x049ုတို့၌ များသောအားဖြင့် ပူလျှင် ကားထွက်၍ အေးလျှင် ကျုံ့ဝင်သွားတတ်သော သဘောရှိမြဲ ဖြစ်သည်။ သို့ရာတွင် စင်တီဂရိတ် ၄ ဒီဂရီအထက်သို့ ပူလာလျှင်ဖြစ်စေ၊ ထိုဒီဂရီအောက်သို့ အေးသွားလျှင် ဖြစ်စေ အရွယ်ပမာဏ အားဖြင့် ၁ဝ ပုံ ၁ ပုံနီးပါး ကားထွက်လာသည်။ ထေို0x100ကာင့် အရွယ်ချင်းတူလျှင် ရေထက် ရေခဲက ပေါ့သည့်အတိုင်း ရေခဲ သည် ရေထဲတွင် ပေါလောပေါ်နေနိုင်သည်။ အလွန်အေးသော ဒေသတို့၌ ရေခဲလောက်အောင် အေးသောရာသီတွင် ရေသွယ် ပြွန်(ပိုက်လုံး)များ ကွဲထွက်တတ်ခြင်းမှာလည်း ပြွန်တွင်းရှိ ရေခဲရာတွင် အရွယ်ပမာဏ ကားထွက်လာသည့် ဒဏ် ေ0x100ကာင့်ပင် ဖြစ်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)