ခူရှယ် ပယ်လ် ဆင့်
| ခူရှယ် ပယ်လ် ဆင့် | |
|---|---|
| မွေးသက္ကရာဇ် | ဩဂုတ် ၁၅၊ ၁၉၃၁ Bulandshahar, United Provinces, British India |
| အလုပ်အကိုင် | DLF Universal ၏ ဥက္ကဌ နှင့် အမှုဆောင် အရာရှိချုပ် |
| ဝက်ဘ်ဆိုက် | www.DLF.in |
ခူရှယ် ပယ်လ် ဆင့် ခေါ် K.P.Singh (၁၉၃၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်ဖွား)သည် အရေးပါအရာရောက်သော အိမ်ခြံမြေသူဌေးကြီးတစ်ဦးဖြစ်ပြီး DLF လိမိတက်၏ စီမံအုပ်ချုပ်သူ ဥက္ကဌလည်းဖြစ်သည့်အပြင် အိန္ဒိယ၏ အကြီးဆုံးသော အိမ်ခြံမြေလုပ်ငန်းများကို တည်ထောင်သူဖြစ်သည်။
သူ့တွင် ခန့်မှန်းချေရောင်းဝယ်မြေဧကပေါင်း ၁၀,၂၅၅ (၄၂ km2)ရှိပြီး DLF မြို့တော်ဟုခေါ်သည့် Gurgaon တွင် ဧက ၃,၀၀၀ (12 km²)ရှိသည်။
[ပြင်ဆင်ရန်] ငယ်ဘဝအကြောင်းအရာများ
သူ့ကို ၁၉၃၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် Bulandshahar ရှိ Jat မိသားစု (Tewathia Gotra)၌ မွေးဖွားခဲ့ပြီး အိန္ဒိယနိုင်ငံ၏ အကြီးဆုံး အိမ်ယာစီမံကိန်းကုမ္ပဏီကြီးကို တည်ထောင်ခဲ့သည်။
DLF သည် ယခုအခါ အခွန်ငွေများ၊ ဝင်ငွေများ၊ မြို့တော်ဈေးကွက်နှင့် ဖွံ့ဖြိုးတိုးတက်မှု ဧရိယာများအရ ကမ္ဘာ့အကြီးဆုံး အိမ်ယာစီမံကိန်းကြီးဖြစ်လာပြီဖြစ်သည်။ Meerut ကောလိပ်မှ သိပ္ပံဘွဲ့ရတစ်ဦးဖြစ်ပြီး ဗြိတိသျှအရာရှိ တာဝန်ထမ်းဆောင်မှု ရွေးချယ်ရေးဘုတ်အဖွဲ့၏ ရွေးချယ်မှုဖြင့် အိန္ဒိယစစ်တပ်ကိုယ်စားပြုကာ အင်္ဂလန်နိုင်ငံတွင် လေကြောင်းအင်ဂျင်နီယာပညာကို လေ့လာခဲ့သည်။
သူသည် အိန္ဒိယစစ်တပ်၏ “The Deccan Horse” မြင်းတပ်ရင်းတွင် ပြန်တမ်းဝင်အရာရှိအဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ ၁၉၆၀ တွင် သူသည် အမေရိကန် ယူနီဗာဆယ်လ် အီလက်ထရောနစ်ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့ပြီး သိပ်မကြာခင် ၁၉၇၉ တွင် DLF ယူနီဗာဆယ်လ်လိမိတက်နှင့် ပေါင်းစည်းလိုက်သောအခါ ထိုကုမ္ပဏီသစ်၏ စီမံခန့်ခွဲမှု ဒါရိုက်တာအဖြစ်သူက တာဝန်ယူခဲ့သည်။
[ပြင်ဆင်ရန်] ရာထူးများ
လက်ရှိရာထူးများမှာ-
- DLF လိမိတက်ဘုတ်အဖွဲ့၏ ဥက္ကဌ
- စီးပွားရေးလောက၏ ကဏ္ဍများစွာတွင် ဆက်စပ်နေသော သီးခြား ကုမ္ပဏီ ၃၁ ခု၏ ဥက္ကဌနှင့် ဒါရိုက်တာ
- MeCommerce နှင့် စက်မှုလုပ်ငန်း (FICCI)
- ဒေလီ ၂၀၂၁ ၏ အဓိကစီမံကိန်း အစီအစဉ်များကို လုပ်ဆောင်သည့် ဒေလီဗီးရှင်းအဖွဲ့၏ အဖွဲ့ဝင်
- မိုနာကို စည်းမျဉ်းဥပဒေသများအရ ဂုဏ်ထူးဆောင် ကောင်စီဗိုလ်ချုပ်
ရရှိခဲ့ဖူးသော ရာထူးများမှာ-
• President of the apex industry chamber of the country, Associated Chamber of Commerce & Industry of India (ASSOCHAM). နိုင်ငံပိုင်ဖြစ်သော Apex စက်မှုလုပ်ငန်းအဖွဲ့၏ အကြီးအမှူး၊ အိန္ဒိယကုန်သွယ်မှုနှင့် စက်မှုလုပ်ငန်း (ASSOCHAM)၏ တွဲဖက်အဖွဲ့ဝင်
- ကုန်သွယ်မှုနှင့်စက်မှုလုပ်ငန်း PHD အဖွဲ့၏ အကြီးအမှူး
- အိန္ဒိယ Reserve ဘဏ် (RBI) ဗဟိုဘုတ်အဖွဲ့၏ ဒါရိုက်တာ
[ပြင်ဆင်ရန်] စွမ်းဆောင်ရည်များ
KP Singh သည် သူ၏ ကမ္ဘာ့မြေငလျင်ဒဏ်ခံ အဆောက်အဦများ၊ တိုက်ခန်းများ၊ ကုန်တိုက်ကြီးများနှင့် DLF Gary Player ဒီဇိုင်းပြုလုပ်ထားသော ဂေါ့ဖ်ကွင်းအပါအဝင် ဇိမ်ခံအသုံးအဆောင်များကြောင့် ၁၀ နှစ်အတွင်း Gurgaon ကမ္ဘာကျော် ရည်မှန်းချက်များကို လုပ်ဆောင်နိုင်ခဲ့သည်။ Gurgaon သည် ယခုအခါ ကမ္ဘာ့အလယ်ဗဟို၊ အိန္ဒိယ၏ ကုန်တိုက်မြို့တော်အဖြစ် ခေါ်ဆိုသိမှတ်ထားကြသည်။ ၂၀၀၈ ခုနှစ်တွင် သူသည် ကမ္ဘာ့အချမ်းသာဆုံး အိမ်ယာစီမံကိန်းလုပ်ငန်းရှင် ဖြစ်လာသည်။