ခိုးလ်၊ ဟဲလမွတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ခိုးလ်အား ၁၉၈၇ တွင် တွေ့ရစဉ်

ခိုးလ် ဟဲလမွတ် (ခရစ် ၁၉၃ဝ-)[ပြင်​ဆင်​ရန်​]

ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံတွင် ရှစ်နှစ်ခွဲကြာမျှ ဝန်ကြီးချုပ်အဖြစ် အာဏာရရှိခဲ့သော ဆိုရှယ်လစ်ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ဟဲလမွတ်ရှမစ်သည် ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပါလီမန်၌ အယုံအကြည် မရှိကြောင်းအဆိုကို ရှုံးနိမ့်ခဲ့ရသည့်အတွက် ရာထူးမှ နုတ်ထွက် ပေးခဲ့ရာတွင် အတိုက်အခံပါတီဖြစ်သော ခရစ်ယာန် ဒီမိုကရက်တစ်ယူနီယံပါတီ ခေါင်းဆောင် ဟဲလမွတ်ခိုးလ်သည် ဝန်ကြီးချုပ်အဖြစ် ဆက်ခံခွင့်ရခဲ့သည်။

ဝန်ကြီးချုပ် ဟဲလမွတ်ခိုးလ်ကို ၁၉၃ဝ ပြည့်နှစ်တွင် လူဒါ ဝစ်ရှားဖန်မြို့တွင် မွေးဖွားသည်။ ခိုးလ်သည် ငယ်စဉ်က လယ်သမားတစ်ယောက်ဖြစ်လိုသော်လည်း ဖြစ်မလာခဲ့ချေ။ ဟိန်ဒယ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ဘာသာဖြင့် ပါရဂူ (ဒေါက်တာ)ဘွဲ့ကို ရခဲ့သည်။

အသက် ၁၇ နှစ်အရွယ်တွင် အက်ဒီနောဝါ၏ စီဒီယူ ပါတီခွဲဖြစ်သော လူငယ်အဖွဲ့ တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး အသက် ၂၉ နှစ်အရွယ်တွင် ရိုင်းလန်ပြည်နယ်မှ ပြည်သူ့ ကိုယ်စားလှယ်အဖြစ် အရွေးခံရသည်။ အသက် ၃၉ နှစ် အရွယ်တွင် ခရစ်ယာန်ဒီမိုကရက်တစ် ယူနီယံပါတီဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသည်။ ထို့နောက် ၁၉၇၆ ခုနှစ်တွင် ဟဲလမွတ်ခိုးလ်သည် ပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခြင်းခံရသည်။

၁၉၇၆ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ လွှတ်တော်တွင် အတိုက်အခံပါတီဖြစ်သော ခရစ်ယာန်ဒီမိုကရက်တစ် ယူနီယံပါတီ၏ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ဝန်ကြီး ချုပ် ဟဲလမွတ်ရှမစ်အစိုးရအဖွဲ့အား အယုံအကြည် မရှိကြောင်း အဆိုကို ဟဲလမွတ်ခိုးလ်၏ ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံ ပါတီက ခေါင်းဆောင်၍ တင်သွင်းခဲ့ရာ ၂၅၆ မဲ ၂၃၅ မဲဖြင့် အနိုင်ရခဲ့သည်။ မဲမပေးပဲ ပျက်ကွက်သူလေးဦး ရှိသည်။ ဝန်ကြီးချုပ် ရှမစ်သည် အယုံအကြည်မရှိကြောင်းအဆိုကို ရှုံးနိမ့်ကာ ရာထူးမှ ထွက်ပေးခဲ့ရသဖြင့် ဟဲလမွတ်ခိုးလ်သည် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ၏ ခြောက်ဦးမြောက် ဝန်ကြီး ချုပ်(အဓိပတိ)အဖြစ် အရွေးခံခဲ့ရသည်။

ဝန်ကြီးချုပ်ခိုးလ်၏ ဗဟိုလက်ယာအစိုးရအဖွဲ့စာရင်းကို အောက်တိုဘာလ ၄ ရက်နေ့တွင် ကြေငြာသည်။ ဝန်ကြီး ချုပ်ခိုးလ်က ပြည်ထောင်စု ဂျာမနီနိုင်ငံ၏ စီးပွားရေး ပြန်လည်နာလန်ထူအောင် ကြိုးစားမည်ဟု ကတိပြုခဲ့သည်။ သို့ရာတွင် အစိုးရသက်တမ်း ရက်သတ္တ ၁၁ ပတ်အကြာ ၁၉၈၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ခိုးလ်သည် ပါလီမန်တွင် အယုံအကြည်မရှိ အဆိုကို ရှုံးနိမ့်အောင် စီစဉ်ပြီး ပါလီမန်ကို ဖျက်သိမ်းကာ ရွေးကောက်ပွဲသစ်ကို ၁၉၈၃ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ကျင်းပပေးရန် သမ္မတ ကား ကာစတင်ထံ တင်သွင်းခဲ့လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)