ခရမ်းလွန်ရောင်ခြည်

ဝီကီပီးဒီးယား မှ
(ခရမ်းရောင်ကဲရောင်ခြည် မှ ပြန်ညွှန်းထားသည်)
ဝရိန်ဆော်ခြင်းမှ ထွက်လာသော ခရမ်းလွန်ရောင်ခြည်များ

ခရမ်းလွန်ရောင်ခြည် (အင်္ဂလိပ်: Ultraviolet) ဆိုသည်မှာ မြင်နိုင်သော ခရမ်းရောင်ခြည်ထက် လှိုင်းတိုသော မမြင်နိုင်သည့် ရောင်ခြည်မျိုးဖြစ်သည်။ မိကျောင်းများနှင့် ငှက်ငယ်များကဲ့သို့ တိရစ္ဆာန် အများစုကမူ မြင်တွေ့နိုင်ပေသည်။ ခရမ်းလွန်ရောင်ခြည်ဟု ခေါ်ရခြင်းမှာ လူတို့မြင်နိုင်သော ခရမ်းရောင်ထက် ကြိမ်နှုန်းနှင့် လှိုင်းအလျားတို့အနေဖြင့် သာလွန်နေသောကြောင့် ဖြစ်သည်။[၁][၂] ခရမ်းလွန်ရောင်ခြည် ခေါ် အာထရာဗွိုင်းအိုရ်လက် ultraviolet ကို အင်္ဂလိပ်လို အတိုကောက်အားဖြင့် ယူဗွီ UV ဟု ခေါ်ပြီး နည်းပညာ နယ်ပယ်တွင်သာ ခေါ်ဆိုမှုများသည်။

အိပ်စရေးရောင်ခြည် စတင်ဖြစ်ပေါ်သည့် ရောင်ခြည်ထိလုနည်းပါး ကူးစပ်သွားသည်။ နေရောင်တွင် သဘာဝအားဖြင့် ပါဝင်၍ ပြဒါးမီးလုံး တစ်မျိုးဖြင့်လည်း ဖန်တီးထုတ်ယူနိုင်သည်။ မြေပြင်သို့ မရောက်မီ ထိုရောင်ခြည်ကို အိုဇုန်းလွှာက စုပ်ယူလိုက်သည်။[၃] ထိုရောင်ခြည် အနည်းငယ်သည် အကျိုးပြုသော်လည်း များလွန်းလျှင် အန္တရာယ်ဖြစ်စေသည်။ ထိုရောင်ခြည်သည် ပိုးမွှားကို သေစေနိုင်စွမ်း ရှိသည်။[၄]

ခရမ်းလွန်ဓာတ်ဖြာခြင်း[ပြင်ဆင်ရန်]

၃၈၀ နာနိုမီတာရှိ အားပျော့သော ခရမ်းလွန် ရောင်ခြည်သည် အိမ်သုံးပစ္စည်းအချို့ကို လင်းထိန်စေသည်။

ခရမ်းလွန်ရောင်ခြည်သည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ဥပမာ − နေရောင်ခြည်တွင် ခရမ်းလွန်ရောင်ခြည်များ ပါဝင်ပြီး ၎င်းတို့က နေလောင်ခြင်းကို ဖြစ်ပေါ်စေကာ ကင်ဆာ ဖြစ်ပွားစေနိုင်သည် အထိဖြစ်တတ်သည်။ အိပ်စရေးစက်မှ ဖြာထွက်နိုင်သော လုပ်ငန်းသုံး ခရမ်းလွန်ရောင်ခြည်များသည်လည်း ကင်ဆာဖြစ်စေနိုင်ပြီး လူတို့၏ မျိုးပွားနှုန်းကို ကျဆင်းစေသည်။[၅]

ကမ္ဘာ့လေထု အမြင့်ပိုင်းရှိ အိုဇုန်းလွှာက ခရမ်းလွန်ရောင်ခြည် အများအပြားကို စုပ်ယူထားသည်။[၆] လူတို့ကြောင့် အများဆုံး ပျက်စီးသွားသော အမြင့်ပိုင်းရှိ အိုဇုန်းလွှာ ပျက်စီးမှုသည် ခရမ်းလွန်ရောင်ခြည်များ ကမ္ဘာမြေသို့ ကျလာခြင်းကို မတားဆီးနိုင်တော့ပေ။ ထို့ကြောင့် အရေပြား ကင်ဆာများ ပိုမိုဖြစ်ပွားလာသည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Lynch၊ David K.; Livingston၊ William Charles (2001)။ Color and Light in Nature (2nd ed.)။ Cambridge, UK: Cambridge University Press။ p. 231။ ISBN 978-0-521-77504-512 October 2013 တွင် ပြန်စစ်ပြီးLimits of the eye's overall range of sensitivity extends from about 310 to 1050 nanometers
  2. Dash၊ Madhab Chandra; Dash၊ Satya Prakash (2009)။ Fundamentals Of Ecology 3E။ Tata McGraw-Hill Education။ p. 213။ ISBN 978-1-259-08109-518 October 2013 တွင် ပြန်စစ်ပြီးNormally the human eye responds to light rays from 390 to 760 nm. This can be extended to a range of 310 to 1,050 nm under artificial conditions.
  3. Haigh, Joanna D. (2007). "The Sun and the Earth's Climate: Absorption of solar spectral radiation by the atmosphere". Living Reviews in Solar Physics 4 (2). Retrieved on July 12, 2014. 
  4. လှသမိန် (ဧပြီ ၁၉၇၈)။ "ခရမ်းလွန်ရောင်ခြည်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
  5. James Bolton, Christine Colton, The Ultraviolet Disinfection Handbook, American Water Works Association, 2008 ISBN 978 1 58321 584 5, pp. 3-4
  6. Reference Solar Spectral Irradiance: Air Mass 1.5။ 2009-11-12 တွင် ပြန်စစ်ပြီး။