ခန္ဓသုတ်

ဝီကီပီးဒီးယား မှ

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ မြတ်စွာ ဘုရား သီတင်းသုံးနေတော်မူစဉ် ရဟန်းတစ်ပါး မြွေကိုက် ခံရ၍ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထား ကြလေသည်။ ထိုအခါ မြတ်စွာဘုရားက “ရဟန်းတို့ . . ထိုရဟန်းသည် ဝိရူပက္ခစသော နဂါးမျိုး တို့ကို မေတ္တာ မပို့သသောကြောင့် မြွေကိုက်ခံရခြင်း ဖြစ်သည်။ အကယ်၍ ဝိရူပက္ခစသော နဂါးမျိုးတို့ကို မေတ္တာ ပို့သခဲ့လျှင် မြွေကိုက်ခံရမည် မဟုတ်”ဟု မိန့်တော်မူ၍ ဝိရူပက္ခ စသော နဂါးမျိုးတို့ကို မေတ္တာပို့သခြင်းအားဖြင့် မိမိကိုယ်ကို စောင့်ရှောက်ကြရန် ခန္ဓသုတ်ပရိတ် တရားတော်ကို ဟောကြားတော်မူခဲ့သည်။ [၁]

ခန္ဓသုတ် (ပါဠိ)[ပြင်ဆင်ရန်]


ပါဠိတော်
ပါဠိအသံထွက်
၁။ သဗ္ဗာသီဝိသဇာတီနံ၊

ဒိဗ္ဗမန္တာဂဒံ ဝိယ။
ယံ နာသေတိ ဝိသံ ဃောရံ
သေသဉ္စာပိ ပရိဿယံ။

၁။ သပ်ဗာသီဝိသ-ဇာတီနံ၊

ဒိတ်ဗ-မန်တာ ဂဒံ ဝိယ။
ယံ နာသေတိ ဝိသံ ဃောရံ၊
သေသင်စာပိ ပရိတ်သယံ။

၂။ အာဏာခေတ္တမှိ သဗ္ဗတ္ထ၊

သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

၂။ အာဏာ-ခစ်တန်မှိ သပ်ဗတ်ထ၊

သပ်ဗဒါ သပ်ဗ-ပါဏိနံ။
သပ်ဗ-သောပိ နိဝါရေတိ၊
ပရိတ်တံ တံ ဘဏာမ ဟေ။

၃။ ဝိရူပက္ခေဟိ မေ မေတ္တံ

မေတ္တံ ဧရာပထေဟိ မေ။
ဆဗျာပုတ္တေဟိ မေ မေတ္တံ
မေတ္တံ ကဏှာဂေါတမကေဟိ စ။

၃။ ဝိရူပက်ခေဟိ မေ မစ်တံ၊

မစ်တံ အေရာပထေဟိ မေ။
ဆ-ဗျာ ပုတ်တေဟိ မေ မစ်တံ၊
မစ်တံ ကန်ဏှာ ဂေါတမကေဟိ စ။

၄။ အပါဒကေဟိ မေ မေတ္တံ

မေတ္တံ ဒွိပါဒကေဟိ မေ။
စတုပ္ပဒေဟိ မေ မေတ္တံ
မေတ္တံ ဗဟုပ္ပဒေဟိ မေ။

၄။ အပါဒကေဟိ မေ မစ်တံ၊

မစ်တံ ဒွိပါဒကေဟိ မေ။
စတုပ် ပဒေဟိ မေ မစ်တံ၊
မစ်တံ ဗဟုပ်ပဒေဟိ မေ။

၅။ မာမံ အပါဒကော ဟိံသိ၊

မာမံ ဟိံသိ ဒွိပါဒကော။
မာမံ စတုပ္ပဒေါ ဟိံသိ၊
မာမံ ဟိံသိ ဗဟုပ္ပဒေါ။

၅။ မာ မံ အ-ပါဒကော ဟိန်သိ၊

မာ မံ ဟိန်သိ ဒွိပါဒကော။
မာ မံ စတုပ်ပဒေါ ဟိန်သိ၊
မာ မံ ဟိန်သိ ဗဟုပ်ပဒေါ။

၆။ သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊

သဗ္ဗေ ဘူတာ စ ကေဝလာ။
သဗ္ဗေ ဘဒြာနိ ပဿန္တု၊
မာ ကိဉ္စိ ပါပ မာဂမာ။

၆။ သပ်ဗေ သတ်တာ သပ်ဗေ ပါဏာ၊

သပ်ဗေ ဘူတာ စ ကေဝလာ။
သပ်ဗေ ဘတ်ဒရာနိ ပတ်သန်တု၊
မာ ကိန်စိ ပါပ မာဂမာ။

၇။ အပ္ပမာဏော ဗုဒ္ဓေါ၊

အပ္ပမာဏော ဓမ္မော။
အပ္ပမာဏော သံဃော
ပမာဏဝန္တာနိ သရီသပါနိ။
အဟိ ဝိစ္ဆိကာ သတပဒီ၊
ဥဏ္ဏနာဘီ သရဗူ မူသိကာ။

၇။ အပ်-ပမာဏော ဗုတ်ဓော၊

အပ်-ပမာဏော ဓမ်မော။
အပ်-ပမာဏော သံဃော၊
ပမာဏဝန်တာနိ သရီသပါနိ။
အဟိ ဝိတ်ဆိကာ သတပဒီ၊
အုန်န-နာဘီ သရဖူ မူသိကာ။

၈။ ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ

ပဋိက္ကမန္တု ဘူတာနိ။
သောဟံ နမော ဘဂဝတော။
နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

ကတာ မေ ရက်ခါ, ကတံ မေ ပရိတ်တံ၊

ပတိတ်ကမန်တု ဘူတာနိ။
သောဟံ နမော ဘဂဝတော၊
နမော သတ်တန်နံ သမ်မာသမ်ဗုတ်ဓာနံ။

ခန္ဓသုတ္တံ နိဋ္ဌိတံ။
ခန်ဓ-သုတ်တံ နိတ်ထိတံ။

မြန်မာပြန်ရှင်းလင်းချက်[ပြင်ဆင်ရန်]

  1. ဤခန္ဓသုတ် ပရိတ်တော်သည် နတ်ဆေး နတ်မန္တရားနှင့် တူ၏။ မြွေလေးမျိုးတို့၏ ပြင်းထန်သော အဆိပ်ကို ပျောက်ကင်းစေ၏။
  2. အာဏာခေတ်ဟုခေါ်သော စကြဝဠာ ကုဋေတသိန်း အတွင်း၌ သတ္တဝါအများရှိကြ၏။ မြွေမှတပါး ကျန်သော သတ္တဝါတို့၏ ဘေးရန်ကိုလည်း တားမြစ်နိုင်စွမ်းပေ၏။ ထိုပရိတ်တော်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
  3. ဝိရူပက္ခ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ဧရာပထ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ဆဗျာပုတ္တ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ကဏှာဂေါတမ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။
  4. အခြေမဲ့သော သတ္တဝါ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်းရှိသော သတ္တဝါ၊ ခြေထောက်များစွာရှိသော သတ္တဝါ၊ ဤသတ္တဝါအားလုံးနှင့် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် အတူတကွ ဖြစ်ပါစေသတည်း။
  5. အခြေမဲ့သော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ အခြေနှစ်ချောင်းရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ ခြေလေးချောင်းရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ ခြေထောက်များစွာရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။
  6. အာရုံငါးပါးကို ခုံမင်တတ်သော သတ္တဝါအားလုံးတို့သည်လည်းကောင်း၊ အသက်ရှူရှိုက်တတ်သော သတ္တဝါ အားလုံးတို့သည်လည်းကောင်း၊ ကိုယ်ကာယ အထင်အရှားဖြစ်သော သတ္တဝါအားလုံးတို့သည်လည်းကောင်း၊ သတ္တဝါတိုင်း သတ္တဝါတိုင်းသည် အကောင်း အမြတ်တို့ကိုသာ မြင်ကြပါစေ။ အနည်းငယ်မျှပင် မကောင်းမှုသို့ မရောက်ကြပါစေနှင့်။
  7. (ကိလေသာသည် နှိုင်းယှဉ်စရာ အကြောင်းပမာဏဖြစ်၏။) မြတ်စွာဘုရားသည် ပမာဏပြုစရာ ကိလေသာမရှိ။ တရားတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ။ သံဃာတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ။ ကင်း၊ သန်း၊ မြွေ၊ ကင်းပုစွန်၊ ကင်းခြေများ၊ ပင့်ကူ (ပင့်ကူနက်)၊ တက်တူ (အိမ်မြှောင်)၊ ကြွက်စသော သတ္တဝါတို့သည် ပမာဏပြုစရာ ကိလေသာ ရှိကြကုန်၏။
  8. ကျွန်ုပ်သည် အစောင့်အရှောက်ကို ပြုအပ်ပြီ။ အရံအတားကို ပြုအပ်ပြီ။ သတ္တဝါတို့သည် ဖဲရှောင်ကြကုန်လော့၊ ကျွန်ုပ်သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ ဝိပဿီ စသော ဘုရားခုနှစ်ဆူတို့အားလည်း ဦးညွှတ်ရှိခိုးပါ၏။

ရွတ်ဖတ်ရခြင်းအကျိုး[ပြင်ဆင်ရန်]

မြွေဘေးကင်းနိုင်သည်။ အခြားအဆိပ်ရှိသော သတ္တဝါတို့ ဘေးမှလည်း လွတ်နိုင်သည်။ မြွေကိုက် ကင်းကိုက် ခံရသော အခါမျိုး၌လည်း အကြိမ်ကြိမ် ရွတ်နိုင်သည်။ ဘေးရန်ကို ကျော်လွန်နိုင်ပေသည်။

အခြား ခန္ဓသုတ် (၇)သုတ်[ပြင်ဆင်ရန်]

  • ခန္ဓသုတ်(၇)သုတ် ရှိပါသည်။
  • ပရိတ်ကြီး၌ ပါသော ခန္ဓသုတ် (ပါဠိ)မှာ အဟိရာဇသုတ်[၂]မှ ဖြစ်ပါသည်။

[၃] ခန္ဓာငါးပါးတို့တွင် တစ်ပါးစီ တစ်ပါးစီကို အနတ္တလက္ခဏသုတ်တော်အတိုင်း အရှင်ရာဟုလာအား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၄] ပစ္စုပ္ပန်, အတိတ်, အနာဂတ်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကဖြစ်သော ခန္ဓာငါးပါးနှင့် အတိတ်, အနာဂတ်, ပစ္စုပ္ပန် ... ဒူရ, သန္တိက, သာသဝ, သဥပါဒါနိယဖြစ်သော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဘုရားရှင်က ရဟန်းတို့အား ဟောတော်မူသည့်သုတ်။


[၅] ကွယ်လွန်လျှင် အပါယ်လေးဘုံသို့ မရောက်နိုင်သော သောတာပန် မဖြစ်မခြင်း မသေနိုင်သော သဒ္ဓါနုသာရီပုဂ္ဂိုလ်၊ ဓမ္မာသာရီပုဂ္ဂိုလ်တို့၏ ခန္ဓာတစ်ပါးစီ တစ်ပါးစီ အပေါ်၌ ရှုမြင်ယုံကြည်ပုံကို ဟောတော်မူသည့်သုတ်။


[၆] ခန္ဓာတို့၏ စတင်ဖြစ်မှု, တည်တံ့မှု, အသစ်ဖြစ်ပေါ်မှု, ထင်ရှားဖြစ်ပေါ်မှုသည် ဆင်းရဲ၏ စတင်ဖြစ်မှု, ရောဂါတို့၏ တည်တံ့မှု၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်မှု ဖြစ်ပုံ၊ ခန္ဓာတို့၏ ချုပ်ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှု၊ ရောဂါတို့၏ ငြိမ်းမှု, အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှုမည်၏-ဟု ခန္ဓာတစ်ပါးစီ တစ်ပါးစီ ခွဲ၍ ဖြစ်မှု ချုပ်မှုတို့ကို ဘုရားရှင် ဟောလသုတ်။


[၇] ခန္ဓာငါးပါးတို့၌ ဆန္ဒရာဂဟူသော ဥပက္ကိလေသကိုပယ်ပြီးသော ရဟန်း၏ စိတ်သည် နေက္ခမ္မ၌ညွတ်ပုံ၊ နေက္ခမ္မ၌အထုံရပြီးသော စိတ်သည် အဘိညာသစ္ဆိကရဏီယဓမ္မတို့၌ ပြုရန်သင့်လျော်ပုံကို ခန္ဓာတစ်ပါးစီ တစ်ပါးစီ ခွဲ၍ ဟောတော်မူသည့်သုတ်။


[၈] သစ္စာလေးပါးကို တစ်ပါးစီ တစ်ပါးစီ သဘာဝဓမ္မတို့ကို ဟောတော်မူပြီး ယင်း သစ္စာတရားတို့ကို အသီး အသီးသိရန် အားထုတ်ရမည်-ဟု ဟောတော်မူသည့်သုတ်။


[၉] သမဏမစလပုဂ္ဂိုလ်, သမဏပုဏ္ဍရိကပုဂ္ဂိုလ်, သမဏသုခုမာလပုဂ္ဂိုလ် သမဏေသု သမဏသုခုမာလပုဂ္ဂိုလ်တို့ကို တစ်ပါးစီ တစ်ပါးစီ အကျယ်ဟောတော်မူသည့်သုတ်။ [၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. ပရိတ်တော် အဓိပ္ပါယ် ကြည်ညိုဖွယ် (အရှင်သာသနဝရ)
  2. -အံ၊၁၊၃၈၃-၄။ အံ၊မြန်၊၁၊၃၉၈-၉။ အံ၊ဋ္ဌ၊၂၊၃၁၆။ အံ၊ဋီ၊၂၊၃၁၁-၂။ (ဝိ၊၄၊၂၄၅။ ဇာ၊၁။၅၃-၄။) -အင်္ဂုတ္တရနိကာယ၊ စတု က္ကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၇) ၂-ပတ္တကမ္မဝဂ္ဂ၊ သတ္တမသုတ်။
  3. -သံ၊၁၊၄၄၂။ သံ၊မြန်၊၁၊၄၃၁-၂။ သံ၊ဋ္ဌ၊၂၊၁၉၇။ သံ၊ဋီ၊၂၊၁၈၀။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၇-ရာဟုလသံယုတ္တ၊ ဒုတိယဝဂ္ဂ၊ ဒသမသုတ်။
  4. -သံ၊၂၊၃၉။ သံ၊မြန်၊၂၊၃၈။ သံ၊ဋ္ဌ၊၂၊၂၄၉။ သံ၊ဋီ၊၂၊၂၂၁။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ ၅-အတ္တဒီပဝဂ္ဂ၊ ဆဋ္ဌသုတ်။
  5. -သံ၊၂၊၁၈၈-၉။ သံ၊မြန်၊၂၊၁၈၀။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၄-ဩက္ကန္တသံယုတ္တ၊ ဒသမသုတ်။
  6. -သံ၊၂၊၁၉၃။ သံ၊မြန်၊၂၊၁၈၃။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၅-ဥပ္ပါဒသံယုတ္တ၊ ဒသမသုတ်။
  7. -သံ၊၂၊၁၉၆။ သံ၊မြန်၊၂၊၁၈၆။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၆-ကိလေသသံယုတ္တ၊ ဒသမသုတ်။
  8. -သံ၊၃၊၃၇၂-၃။ သံ၊မြန်၊၃၊၃၇၈-၉။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၂-သစ္စသံယုတ္တ၊ ၂-ဓမ္မစက္ကပဝတ္တနဝဂ္ဂ၊ တတိယသုတ်။
  9. -အံ၊၁၊၄၀၂-၃။ အံ၊မြန်၊၁၊၄၁၇။ အံ၊ဋ္ဌ၊၂၊၃၂၄။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၉)၄-မစလဝဂ္ဂ၊ ဒသမသုတ်။
  10. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ