ခင်လှတင်

ဝီကီပီးဒီးယား မှ
မဟာသဒ္ဓမ္မဇောတိကဓဇ
ခင်လှတင်
မွေးဖွား၁၃၂၁ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် (၂-၉-၁၉၅၉)
ရန်ကုန်မြို့
အခြား အမည်များဓမ္မဗျူဟာ ဒေါ်ခင်လှတင်
လူမျိုးမွန်လူမျိုး
ပညာရေးသိပ္ပံ (ရူပဗေဒ) ဘွဲ့၊ ပါဠိ(ဒီပလိုမာ)
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်စာရေးဆရာမ
ကျော်ကြားမှုအရင်းခံအဘိဓမ္မာစာရေးဆရာမ
ဘွဲ့မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့
မိဘ(များ)ဦးမြသောင်း၊ ဒေါ်သူဇာမြင့်
ဆွေမျိုးသားချင်းမောင်ထော်လေး

ဓမ္မဗျူဟာ ဒေါ်ခင်လှတင် သည် အဘိဓမ္မာစာရေးဆရာမ ဖြစ်သည်။ ဖခင်ဦးမြသောင်း (သာကီနွယ်) ဓမ္မဗျူဟာ နှင့် မိခင် ဒေါ်သူဇာမြင့်တို့၏ သားသမီး ၄ ယောက်အနက် အကြီးဆုံးဖြစ်ပြီး ကုန်းဘောင်ခေတ် မြန်မာဘုရင် ဗဒုံမင်း(ခေါ်) ဘိုးတော်ဘုရား နှင့် ဘကြီးတော်ဘုရား လက်ထက်တွင် "မင်းကျော်သီဟသူ" ဟူသော ရွှေဘွဲ့တော်ကို ချီးမြှင့်ခြင်းခံရသော ဒလမြို့စား မွန်လူမျိုး စစ်ကဲကြီးမောင်ထော်လေး (နောင်အခါ မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး) +ဒေါ်မင်းသူတို့မှ ဆင်းသက်လာသူဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၃၂၁ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် (၂-၉-၁၉၅၉) နေ့၊ ရန်ကုန်မြို့တွင် ဖွားမြင်သည်။ ရန်ကုန်မြို့၊ မြို့မကျောင်းနှင့် အ.ထ.က(၂)စမ်းချောင်းတို့တွင် ၁၀-တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံ (ရူပဗေဒ) ဘွဲ့ ရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် အထက်တန်းရှေ့နေ အောင်ခဲ့သည်။

အဘိဓမ္မာစာပေ[ပြင်ဆင်ရန်]

အဘိဓမ္မာပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် အောင်မြင်ခဲ့ပြီး ၁၉၈၂ ခုနှစ် အဘိဓမ္မာသီးသန့်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး ပထမရရှိခဲ့သည်။ ၁၉၈၃ ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးတွင် ဒုတိယ၊ ၁၉၈၅ အဘိဓမ္မာဂုဏ်ထူးဆောင်စာမေးပွဲတွင် ရန်ကုန်တိုင်း ပထမ ဖြင့် အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ပါဠိ(ဒီပလိုမာ)ဘွဲ့ ရရှိခဲ့သည်။

မင်္ဂလာဗျူဟာအသင်းချုပ်တွင် ဖခင်ဖြစ်သူ ဆရာကြီး ဦးမြသောင်းနှင့်အတူ တွဲဖက်၍ လက်ထောက်ဆရာမအဖြစ် အဘိဓမ္မာသင်တန်းများ ပို့ချခဲ့သည်။ [၁][၂][၃]ရန်ကုန်မြို့၊ ဓမ္မဗျူဟာသာသနမာမကအဖွဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ ဓမ္မစာပေသင်တန်းကျောင်းကြီး၏ သင်တန်းမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ဗုဒ္ဓသာသနာပြုလုပ်ငန်းများကို ကိုယ်ကျိုးမဖက် စေတနာသက်သက် သဒ္ဓါတရားထက်ထက်ဖြင့် အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတော်မှ ချီးမြှင့်အပ်သော မဟာသဒ္ဓမ္မဇောတိကဓဇ (သာသနာပြု) ဘွဲ့တံဆိပ်တော်ကို ခံယူရရှိခဲ့သည်။ ဗုဒ္ဓဘာသာဓမ္မရေးရာစာပေများ ရေးသားလျက်ရှိသည်။[၄] [၅]

ရေးသားပြုစုခဲ့သော စာပေကျမ်းဂန်များ[ပြင်ဆင်ရန်]

  1. ဓမ္မဗျူဟာအခြေခံ အဘိဓမ္မာသင်တန်း (ပထမဆင့်) မှတ်စု
  2. ဓမ္မဗျူဟာအခြေခံ အဘိဓမ္မာသင်တန်း (ဒုတိယဆင့်) မှတ်စု
  3. ဓမ္မဗျူဟာအခြေခံ အဘိဓမ္မာသင်တန်း (တတိယဆင့်) မှတ်စု
  4. ဓမ္မဗျူဟာအဘိဓမ္မာစာမေးပွဲ (ပထမဆင့်) မေးခွန်းဟောင်း + စံပြအဖြေလွှာ
  5. ဓမ္မဗျူဟာအဘိဓမ္မာစာမေးပွဲ (ဒုတိယဆင့်) မေးခွန်းဟောင်း + စံပြအဖြေလွှာ
  6. ဓမ္မဗျူဟာအဘိဓမ္မာစာမေးပွဲ (တတိယဆင့်) မေးခွန်းဟောင်း + စံပြအဖြေလွှာ
  7. ဓမ္မဗျူဟာအဘိဓမ္မာဂုဏ်ထူးဆောင် (ပထမဆင့်) မှတ်စု
  8. ဓမ္မဗျူဟာအဘိဓမ္မာဂုဏ်ထူးဆောင် (ဒုတိယဆင့်) မှတ်စု
  9. ဓမ္မဗျူဟာအဘိဓမ္မာဂုဏ်ထူးဆောင် (တတိယဆင့်) မှတ်စု
  10. ဓမ္မဗျူဟာအခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း (ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ)
  11. ဓမ္မဗျူဟာအခြေခံ ပရိတ်တော်ကျင့်စဉ်သင်တန်း (ပရိတ်ကြီး ၁၁-သုတ်၊ ပါဠိ+မြန်မာပြန်)
  12. ဓမ္မဗျူဟာရတနာမြတ်သုံးပါး ဂုဏ်တော်၊ ဂုဏ်တော်ကွန်ခြာနှင့်မဟာသရဏဂုံတော်ကြီး
  13. ဓမ္မဗျူဟာဝါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့၊ ဓမ္မစက္ကပဝတ္တနသုတ္တန်သင်တန်း။

ကိုးကား[ပြင်ဆင်ရန်]

  1. http://1.u0148017.z8.ru/watch/ngC3cQP6qMI[လင့်ခ်သေ]
  2. Abhidhamma Pitaka teaching mp3 audio by Daw Khin Hla Tin
  3. အဘိဓမ္မာအခြေခံပို့ချချက် ညေယျဓမ္မတရား ၅-ပါး - စိတ်၊ စေတသိက် ဓမ္မဗျူဟာ ဒေါ်ခင်လှတင် - YouTube
  4. ရန်ကုန်မြို့၊ ဓမ္မဗျူဟာသာသနမာမကအဖွဲ့ လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မစာပေသင်တန်းကျောင်းကြီး၏ သင်တန်းမှူးဆရာမ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ဂုဏ်ပြုချီးမြှင့်ခြင်းခံရသော ဆရာမဒေါ်ခင်လှတင်၏ အတ္ထုပ္ပတ္တိအကျဉ်းချုပ် ကောဇာသက္ကရာဇ် ၁၃၆၈ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် (၂၉.၄.၂၀ဝ၆)
  5. ဒေါ်မြမြသန်း ဒုတိယတိုင်းဥပဒေအရာရှိ ရန်ကုန်တိုင်းဒေသကြီး၏ ကိုယ်တွေ့ပြောပြချက်