ကွားလားကောင်
| Koala[၁] | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| အမ | ||||||||||||||
| အထီး | ||||||||||||||
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001))[၂] |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Phascolarctos cinereus'' | ||||||||||||||
ကွားလားကောင်သည် ဩစတြေးလျတိုက်တွင် တွေ့ရ သော သားပိုက်ကောင် တစ်မျိုးဖြစ်၍ ဝက်ဝံနှင့် တူသည်။ ယင်း၌ ဝဖိုင့်သောကိုယ်လုံး၊ တိုတုတ်သော ခြေထောက်နှင့် ထူထဲသော အမွေးနုများ ရှိ၍ အမြီးမရှိ။ နားရွက်တို့သည် ဝိုင်း၍ နှာခေါင်းမှာ ပြားနေ၏။[၃] မာဆူးပီးယယ် မျိုးရင်းဝင် ဖြစ်သည်။ [၄]
ကွားလားကောင်သည် သစ်ပင်ပေါ်၌ နေ၍ အကိုင်းတစ်ခုမှ တစ်ခုသို့ ကူးသန်းသွားလာတတ်၏။ လေတိုက်၍ သစ်ကိုင်း များ ယိမ်းယိုင်နေသော်လည်း အောက်သို့မကျအောင် ခိုင်မာ သော ခြေသည်းတို့ဖြင့် ကုပ်တွယ်ထားနိုင်သည်။ မြေပေါ်ထက် သစ်ပင်ပေါ်မှာ နေရခြင်းကို ပိုမိုနှစ်သက်သည်။ကွားလားကောင်သည် သားပိုက်ကောင်မျိုး ဖြစ်သည့် အလျောက် သားငယ်ကို သုံးလသားတိုင်အောင် သားအိတ်တွင် ထည့်ကာ သယ်ယူသွားလာသည်။ သုံးလကျော်သောအခါ သားငယ်သည် သားအိတ်ထဲ၌ မနေတော့ဘဲ မိခင်၏ကျောပေါ် တွင် တွယ်ကပ်၍ နေသည်။ အတန်ကြီးသည့်တိုင်အောင်ပင် ဤကဲ့သို့ လိုက်ပါ နေ၏။ ကွားလားမသည် သားငယ်ကို ကျောပေါ်၌ သည်ပိုး၍ သစ်ပင်ထက်၌ တစ်ကိုင်းမှ တစ်ကိုင်း သို့ ကူးလူးသွားလာနိုင်လေသည်။
ကွားလားကောင်သည် ယူကလစ်တပ်ပင်၏ အရွက်ကို အလွန်ကြိုက်နှစ်သက်သဖြင့်၊ ပါးစောင်ထဲတွင် ထိုအရွက်ကို ငုံထားတတ်သည်။ ဆာလောင်သောအခါမှ စားလေ့ရှိ၏။ မြေကြီးပေါ်တွင် မနေလိုသော်လည်း မကြာခဏ သစ်ပင်ကို နောက်ပြန်ဆင်းလာတတ်၏။ ပြန်တက်သောအခါ ခုန်ဆွခုန်ဆွ နှင့် တက်သွားတတ်သည်။ ရန်သူနှင့် ရုတ်တရက်တွေ့သော အခါ ထွက်ပြေးခြင်းမရှိ။ ကလေးငယ်ပမာ မိမိအား ရန်မူမည် မဟုတ်သကဲ့သို့ ကြည့်နေတတ်သည်။ [၅]
ကိုးကား [ပြင်ဆင်ရန်]
- ↑ Template:MSW3 Diprotodontia
- ↑ Template:IUCN2008
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
- ↑ မောင်ဝင်းနိုင်၏ တိရစ္ဆာန်ရုံနှင့် တိရစ္ဆာန်များ စာအုပ်မှ၊ ၁၉၆၉၊ နိုဝင်ဘာ
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)