ကွန်မန်ဒို

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကွန်​မန်​ဒို[ပြင်​ဆင်​ရန်​]

ကွန်​မန်​ဒို ဟူ​သော မူရင်း​ဘာသာ​စကား​မှာ အင်္ဂလိပ်​ဘာသာ​စကား Commando မှ ဆင်းသက်​လာ​သည့် ဝေါဟာရ​ဖြစ်​သည်။ ယင်း​၏ အဓိပ္ပါယ်​မှာ အလစ်​တွင် ရုတ်​တရက် လျှပ်​တစ်​ပြက်​ဝင်​ရောက် တိုက်ခိုက်​သည့် တပ်ဖွဲ့​ငယ်​တစ်​ခု​မှ တပ်သားဟူ၍ ဖြစ်​သည်။ သို့သော် ဒုတိယ​ကမ္ဘာ​စစ်​ကြီး အတွင်း​က ပေါ်ပေါက်​လာ​ခဲ့​သော ကွန်​မန်​ဒို​ဟူ​သည့် ဝေါဟာရ​သည် ယခု​အခါ ကမ္ဘာ့​နိုင်ငံ​အသီး​သီး​မှ လက်ခံ​သုံးစွဲ​လာ​ကြ​သည်။


ကွန်​မန်​ဒို ဟူ​သော စကားလုံး​ကို စောစော​ပိုင်း​က မြန်မာ​သတင်းစာ​များ​နှင့် ဂျာနယ်​မဂ္ဂဇင်း​၌ အသေခံ​တပ်သား​များ​ဟူ၍ သုံးစွဲ​ခဲ့​ကြ​ရာ​မှ ယခု​အခါ မူရင်း​ဘာသာ​စကား အသံ​ထွက်​အတိုင်း ကွန်​မန်​ဒို ဟူ၍​ပင် တိုက်ရိုက်​သုံးစွဲ​လာ​ခဲ့​ကြ​သည်။ (မြန်​မာ့​ရုပ်​ရှင် ဇာတ်​ကား​တစ်​ကား​၏ အမည်​ကို မို⁠မို​ချစ်​တဲ့ ကွန်​မန်​ဒို ဟူ၍ သုံးစွဲ​လာ​သည်​အထိ ကျယ်​ပြန့်​လာ​ခဲ့​သည်။) မူလ​က ကွန်​မန်​ဒို​ကို အသေခံ​တပ်သား ဟူ၍ မြန်မာ​ပြန်ဆို သုံးစွဲ​ခဲ့​ကြ​ရာ​မှ အထက်​တွင် ဖော်​ပြ​ခဲ့​သည့် မူရင်း​အဓိပ္ပာယ်​အရ ရုတ်​တရက် အလစ်​တွင် လျှပ်​တစ်​ပြက်​ဝင်​ရောက် တိုက်ခိုက်​သည့် တပ်ဖွဲ့​ငယ်​တစ်​ခု​မှ တပ်သား ဟူ၍ နားလည်​ထားခဲ့​ကြ​ရာ​မှ ထိုသို့ လျှပ်​တစ်​ပြက် ဝင်​ရောက်​တိုက်ခိုက်​ရာ​တွင် မိမိ​အသက်​ကို ပဓာန​မ​ထား​ပဲ သက်​စွန့်​ဆံ​ဖျား အသေခံ​၍ တိုက်ခိုက်​ကြ​ရ​သည့်​အတွက် ကွန်​မန်​ဒို​ဆို​သည်မှာ အသေခံ​တပ်သား​ဟူ၍ အလွယ်​တ​ကူ ခေါ်ဝေါ်​လာ​ခဲ့​ကြ​ခြင်း ဖြစ်​သည်။


သို့သော် ကွန်​မန်​ဒို (ဝါ) အသေခံ​တပ်သား ဟူ​သော ဝေါဟာရ​သည် ဒုတိယ​ကမ္ဘာ​စစ်​ကြီး​အတွင်း​က မ​ထင်ရှား​သေး​ပဲ စစ်​ပြီး​ကာလ ၁​၉​၇​၀-ပြည့် လွန်​နှစ်​များ​တွင် ဖြစ်​ပွားပေါ်​ပေါက်​ခဲ့​သည့် လေ​ယာဉ်​အပိုင်​စီး​မှု​များ နှင့် ပြန်​ပေး​ဆွဲ​မှု​များ​ကို အကြောင်းပြု​၍ ပါ​လ​စ​တိုင်း ပြောက်ကျား​များ​က စတင်​သုံးစွဲ လာ​ခဲ့​ရာ​မှ ပိုမို​ထင်ရှား​လာ​ခဲ့​သည်။ အထူးသဖြင့် ၁​၉​၇​၆-ခု​နှစ်​က ယူ​ဂန်​ဒါ​နိုင်ငံ အင်​တက်​ဘီ လေ​ဆိပ်​၌ ခရီးသည် ၁​၀​၀ကျော်​တို့​အား ပြင်​သစ်​လေ​ယာဉ်​ကြီး​နှင့်​အတူ ပြန်​ပေး​ဆွဲထား​ခဲ့​သည့် ပါ​လ​စ​တိုင်း ပြောက်ကျား​များ​အား အစ္စရေး​ကွန်​မန်​ဒို (အသေခံ​တပ်သား)များ​က လျှပ်​တစ်​ပြက်​ဝင်​ရောက် စီးနင်း​ကယ်တင်​ခဲ့​ကြ​ရာ​မှ ကွန်​မန်​ဒို​ဟူ​သော ဝေါဟာရ​သည် ပို​မိုကျော်​ကြား လူ​သိ​များ​လာ​ခဲ့​ကြ​သည်။


ထို​မှ​တ​ဖန် ၁​၉​၇​၇-ခု​နှစ်​တွင် ဂျပန်​တပ်​နီ​များ​က ဂျပန်​လေ​ယာဉ်​ကြီး​တစ်​စင်း​ကို အပိုင်​စီး​ခဲ့​ကြ​၍၊ ဂျာ​မာန်​မြို့ပြ ပြောက်ကျား​များ​က​လည်း အနောက်​ဂျာမန်​လေ​ယာဉ်​ကြီး​တစ်​စင်း​ကို အပိုင်​စီး​ခဲ့​ကြ​ပြီး​နောက် ကွန်​မန်​ဒို​ဟူ​သော ဝေါဟာရ​သည် (မော်တော်​ကား၊ ရေ​ဒီ​ယို၊ တီ​ဗွီ၊ ကက်​ဆက်) စ​သော အင်္ဂလိပ်​စာလုံး​များ​ကဲ့သို့ မြန်မာ​စာ​နယ်​ဇင်း​များ​က ဖောဖောသီသီ သုံးစွဲ​လာ​ကြ​ခြင်း ဖြစ်​သည်။ ထို့နောက် ကွန်​မန်​ဒို​ဟူ​သော အင်္ဂလိပ်​စကားလုံး​ကို​ပင် မ​သုံးစွဲ​ကြ​တော့​ဘဲ မူရင်း​အဓိပ္ပါယ်​အတိုင်း အသေခံ​တပ်သား​ဟူ၍ ပြောင်း​လွဲ​သုံးစွဲ​လာ​ခဲ့​ကြ​သည်မှာ ရာ​စု​နှစ် ထက်​ဝက်ကျော်​မျှ​ပင် ရှိ​ခဲ့​ပြီ​ဖြစ်​သည်။


သို့သော် ကွန်​မန်​ဒို​ဟူ​သော အမည်​ကို ပထမ​ဆုံး​စတင်​သုံးစွဲ​ခဲ့​၍ အသေခံ​တပ်သား​အဖြစ် သက်​စွန့်​ဆံ​ဖျား ဆောင်ရွက်​ခဲ့​သည့် ကမ္ဘာကျော် ကွန်​မန်​ဒို​တစ်​ယောက် ၁​၉​၄​၄-ခု​နှစ်​လောက်​က အထင်​အရှား ပေါ်ပေါက်​ခဲ့​ဘူး​သည်။ အဆို​ပါ ကမ္ဘာကျော် ကွန်​မန်​ဒို​မှာ အခြား​သူမ​ဟုတ်၊ ဒုတိယ​ကမ္ဘာ​စစ်​ကြီး​ပြီး​ဆုံး​လု​ဆဲ​ဆဲ အချိန်​တွင် ဟစ်​တ​လာအတွက် ညာ​လက်ရုံး​သဖွယ် အားကိုး​ခဲ့​ရ​၍ အရေးကြီး​သည့် စစ်ဆင်​ရေး​များ​တွင် စွန့်​လွှတ်​စွန့်စား​ခဲ့​ရ​သည့် အော်​တို စကော်​ဇ​နီ ဆို​သူ​ဖြစ်​၍ အခြား⁠အခြား​သော ဂျာမန်​စစ်ဗိုလ်​ချုပ်​ကြီး​များ​ထက်​ပင် ထင်​ရှားကျော်​ကြား​ခဲ့​သူ ဖြစ်​သည်။ [၁] Mayor mt (talk) ၁​၃:၀​၃၊ ၂​၃ ဇွန် ၂​၀​၁​၄ (UTC)

ကိုး​ကား[ပြင်​ဆင်​ရန်​]

  1. လင်းယုန်​မောင်​မောင် ၏ ဟစ်​တ​လာ​နှင့် ပတ်သက်​သ​မျှ စာအုပ်၊ ၄​၃-စာ။