ကွန်ဖြူးရှပ် ရုပ်ရှင် (၂၀၁၀)

ဝီကီပီးဒီးယား မှ
ကွန်ဖြူးရှပ် (Confucius)
အမေရိကန်တွင် ဖြန့်ချိသည့် ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာဟူမေ (胡玫)
ထုတ်လုပ်သူဟန်စန်းဖိန် (韓三平)
ဟူမေ
စာရေးသူချန်ဟန့် (陳汗)
သရုပ်ဆောင်ကျိုးရွန့်ဖား (周潤發 Chow Yun-fat)
ကျိုးရွှင့် (周迅)
ဂီတမှူးစူးချုံး (蘇聰)
ဓာတ်ပုံပေါင်းတယ်ရှီး (鮑德熹)
နိုင်ငံတရုတ်
ဘာသာစကားတရုတ်
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
တရုတ် - ၂၂ ဇန္နဝါရီ ၂၀၁၀ [၁]
ထိုင်ဝမ် - ၅ ဖေဖော်ဝါရီ ၂၀၁၀
ထုတ်ဝေသူChina Film Group Corporation[*]
နက်ဖလစ်
ကုန်ကျငွေHK$22 million (US$2.8 million)[၂]

ကွန်ဖြူးရှပ် (孔子—決戰春秋) ရုပ်ရှင်ဇာတ်ကားသည် ဒါရိုက်တာ ဟူမေ၏ လက်ရာ တရုတ် အတွေးအခေါ် ပညာရှင် ကွန်ဖြူးရှပ်၏ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်ကား တစ်ကားဖြစ်သည်။ ဤဇာတ်ကားတွင် ဟောင်ကောင် အက်ရှင်မင်းသားကြီး ကျိုးရွန့်ဖား (ချောင်ရွင်ဖား) က ကွန်ဖြူးရှပ်အဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။ ဤဇာတ်ကားကို ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၂၂ ရက်နေ့တွင် တရုတ်ပြည် မြို့တော်ပေကျင်းတွင် စတင်ဖြန့်ချိသည်။

ကွန်ဖြူးရှပ်ဇာတ်ကားကို မူလက တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် ၆၀ ပြည့်နှစ်နှင့် ကွန်ဖြူးရှပ်၏ ၂၅၆၀ ပြည့်နှစ် မွေးနေ့ကို အထိမ်းအမှတ်ပြုသည့် အနေဖြင့် ၂၀၀၉ ခုနှစ် နှောင်းပိုင်းတွင် ရုံတင်ပြသရန် စီစဉ်ထားသော်လည်း နောက်ပိုင်းတွင် ရုံတင်ရက်ကို ၂၀၁၀ ခုနှစ် ဇန္နဝါရီလသို့ ရွှေ့ဆိုင်းခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Confucius Teaser Trailer and Making-of။ 20 December 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-12-26 တွင် ပြန်စစ်ပြီး။
  2. Chow Yun-fat signs on as Confucius။ 24 January 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ Mar. 16, 2009 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်[ပြင်ဆင်ရန်]