ကွန်တိန်နာကား

ဝီကီပီးဒီးယား မှ
ကွန်တိန်နာကား

ကွန်တိန်နာကား (container truck)ဆိုသည်မှာ ကုန်သေတ္တာကြီးများကို တင်ဆောင်သယ်ပို့ ပေးသော အမိုးမပါသည့် လော်ရီကားပက်လက်ကြီးများပင် ဖြစ်သည်။ ထိုကားကြီးများကို Articulated truck ဟု ခေါ်သည်။ ယင်းတို့တွင် ရှေ့ပိုင်းယာဉ်မောင်းခန်းနှင့် နောက်ပိုင်း ကုန်တင်တွဲဟု နှစ်ပိုင်းပါရှိသည်။ ယာဉ်မောင်းခန်းတွင် ဒီဇယ်အင်ဂျင်၊ ယာဉ်မောင်းလက်ကိုင်ခွေနှင့် အခြားထိန်းချုပ်ရေး ခလုတ်များ၊ ဒီဇယ်တိုင်ကီများနှင့် ယာဉ်မောင်းနားနေရန် အခန်းငယ်လေးတခု ပါရှိသည်။ ထိုကားကြီးများတွင် အလွန်ကောင်းမွန်သော ပါဝါဘရိတ်စနစ်များ ပါရှိသည်။ အချို့ကားကြီးများတွင် ဂီယာ အချက် ၂၀-ကျော်အထိ ပါရှိသည်။ ထိုအားကောင်းသော ဒီဇယ်အင်ဂျင်သုံး ကားစက်ခေါင်းကြီးများဖြင့် ကုန်သေတ္တာကြီးများကို ယာဉ်၏ပက်လက်နောက်တွဲပေါ် တင်ဆောင်၍ အလိုရှိရာသို့ သယ်ယူပို့ဆောင်ပေးခြင်းဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. The Best Ever Book of Questions and Answers.