ကြွေရည်ဆေး

ဝီကီပီးဒီးယား မှ

ဖလ်ရည်ကဲ့သို့ ပြောင်လက်၍ သတ္တုထည်များပေါ်တွင် သုတ်လိမ်းသော အရည်ဖြစ်သည်။ ဆေးရောင်ထည့်ထားသော ဖန်ရည်တစ်မျိုးဖြစ်၍ အကြည်၊ အနောက် နှစ်မျိုးလုံး ပြုလုပ်နိုင်သည်။ အနောက်အတွက် သံဖြူအောက်ဆိုက် ရောစပ်၍ လိုရာအရောင်များအတွက် သတ္တုအောက်ဆိုက် အမျိုးမျိုးကို ရရာစပ် အသုံးပြုသည်။ ပြင်းထန်သော အပူရှိန်ဖြင့် အရည်ဖြစ်စေ၍ အေးသောအခါ မာကျောစေလေသည်။ ကြွေရည်ကို မှုတ်ပေးခြင်း၊ နှစ်ခြင်း၊ ချယ်ခြင်း စသည်ဖြင့် အနည်းနည်းသုတ်နိုင်၍ သတ္တုထည်ကို ကြွေသားကဲ့သို့ ဖြစ်စေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ကြွေရည်ဆေး" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။