ကြွေကျောက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကြွေကျောက် (Feldspar) သည် ကမ္ဘာ့နေရာ အတော်များများတွင် တွေ့ရှိရသည့် တွင်းထွက်အမျိုးအစား ဖြစ်သည်။ အလှဆင်ပစ္စည်းများအဖြစ် အသုံများပါသည်။

ကြွေကျောက်

ဓါတုဖွဲ့စည်းမှု[ပြင်​ဆင်​ရန်​]

ကြွေကျောက်သည် ပိုတက်စီယံ၊ ဆိုဒီယံ၊ ကယ်လ်စီယံ၊ ဗေရီယံ၊ အလူမီနီယံ များဖြင့် ပေါင်းစပ်ဖွဲ့သည့် ဆီလီကိတ်ဒြပ်ပေါင်းစုကြီး ဖြစ်သည်။ ပုံဆောင်စနစ်မှာ တစ်ရိုးစောင်းပုံဆောင်စနစ်ဖြစ်ပြီး သိပ်သည်းဆ ၂.၅၆ မှ ၂.၇ဝ ထိရှိတတ်သည်။ မာဆင့် ၆ ရှိကာ ရောင်လက်မှာ ဖန်ရောင်လက်မှ ပုလဲရောင်လက်ထိ ရှိတတ်သည်။

ကြွေကျောက်အမျိုးအစားများ[ပြင်​ဆင်​ရန်​]

ကြွေကျောက်များသည် မတူညီသည့် ဓါတုဖွဲ့စည်းမှုရှိသည် အလျောက် အရောင်များလည်းကွဲပြားကြသည်။ ထင်ရှားသည့် ကြွေကျော် အမျိုးအစားများမှာ-

  • ပန်းရောင်= ဩသိုကလေ့စ် (Orthoclase)
  • အဖြူရောင်= ပလေဂျီယိုကလေ့စ် (Plagioclase)
  • အစိမ်းဖျော့= မိုက်ခရိုကလိုင်း (Microcline)
  • အဝါ= အိုလီဂိုကလေ့စ် (Oligoclase) သို့ Sun Stone
  • အရောင်မဲ့= ကြောင်ကျောက် "Moon Stone"

တို့ဖြစ်ကြပါသည်။

မွှာပူးအသွင် ပုံမျိုးကို အတွေ့ရများပြီး ထင်ရှားသည့် ကွဲအင် နှစ်စုံရှိသည်။

ထွက်ရှိရာ ဒေသများ[ပြင်​ဆင်​ရန်​]

မြန်မာသီရိလင်္ကာအိန္ဒိယမာဒါဂါစကားကနေဒါအမေရိကန်ပြည်ထောင်စုရုရှားတန်ဇေးနီးယား