ကြံ့သူတော်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကြံ့သူတော်
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Animalia
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Mammalia]]
မျိုးစဉ် [[Perissodactyla]]
မျိုးရင်း '''Tapiridae'''
မျိုးစု '''''Tapirus'''''

ကြံ့သူတော်[ပြင်​ဆင်​ရန်​]

ကြံ့သူတော်ကို တရရှူးဟုလည်း ခေါ်ကြသည်။ ကြံ့ သူတော်သည် ကြောက်တတ်သော တိရစ္ဆာန်မျိုး ဖြစ်၍ တောနက်ကြီးများထဲ၌ တစ်ကောင်ချင်း အေးအေးဆေးဆေး နေတတ်သည်။ နွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် ယင်းတို့ကို ကမ္ဘာဟောင်းကမ္ဘာသစ်ရှိ ပူအိုက်သောဒေသများတွင် တွေ့ရလေ့ရှိသည်။ အထူးသဖြင့် မလ္လာယုကျွန်းဆွယ်၊ အာရှ တိုက်အလယ်ပိုင်းနှင့် တောင်အမေရိကတိုက်တွင် အတွေ့ရများ လေသည်။ ကမ္ဘာဟောင်းရှိ ကြံ့သူတော်တို့သည် ကမ္ဘာသစ်ရှိ ကြံ့သူတော်များထက် ပိုမိုကြီးမားကြသည်။ မလ္လာယုကျွန်းဆွယ် ရှိ ကြံ့သူတော်သည် အလျား ၈ ပေခန့်ရှိ၍ ပုခုံးအထိ အမြင့်မှာ ၃ ပေ ၃ လက်မမျှ မြင့်၏။

ကြံ့သူတော်သည် ဆင်လည်းမမည်၊ ဝက်လည်းမကျ ဖြစ် သောကြောင့်၊ ပုံပန်းသဏ္ဍာန်မှာ အတော်ပင် အချိုးမကျချေ။ ယင်းတွင် နှာမောင်းတစ်ခုပါရှိရာ၊ ထိုနှာမောင်းမှာ အတိုစား ဖြစ်သဖြင့်၊ ခပ်လှမ်းလှမ်းမှ ကြည့်လျှင် ကြံ့သူတော်သည် ဦးချို မပါသော ကြံ့နှင့် ဆင်တူသည်။ ကြံ့သူတော်၏ကိုယ်တွင် ချော မွတ်သော အမွေးတိုများ ဖုံးလွှမ်းလျက်ရှိ၏။ အာရှတိုက်ရှိ ကြံ့ သူတော်မျိုးတွင် ခြေလက်နှင့် ကိုယ်ရှေ့ပိုင်းတို့သည် အနက် သို့မဟုတ် အညိုရင့်ရောင်ရှိ၍၊ ကိုယ်ဘေးနှင့် နောက်ပိုင်းတို့၌ ဖြူညစ်ညစ်အရောင်ရှိသည်။ အမေရိကတိုက်ရှိ ကြံ့သူတော်များ၌ တစ်ကိုယ်လုံးပင် အညိုရောင် သို့မဟုတ် အနက်ရောင် ရှိကြ သည်။ တောင်အမေရိကတိုက် ဗရာဇီးနိုင်ငံရှိ ကြံ့သူတော်မျိုးမှာ တောထူထပ်သောဒေသများတွင်သာ နေလေ့ရှိသည်။ အန်းဒီး တောင်တန်း၌ တွေ့ရသောအမျိုးမှာ ပေ ၇ဝဝဝ၊ ၈ဝဝဝ ကျော် မြင့်သော ကုန်းမြင့်ဒေသများ၌ နေလေ့ ရှိသည်။ အမေရိက တိုက် အလယ်ပိုင်း၌လည်း လူသိနည်းသော ကြံ့သူတော် အငယ်စား နှစ်မျိုးရှိသေးသည်ကို တွေ့ရပေသည်။

ကြံ့သူတော်တို့၏ အဓိကအစာမှာ သစ်ရွက်နုနှင့် သစ်သီး သစ်ဖုများ ဖြစ်သည်။ ကြံ့သူတော်သည် ရှေးကျသော တိရစ္ဆာန် ဖြစ်၏။ ယင်းတို့သည် တစ်ခါက မြောက်ကမ္ဘာလုံးခြမ်းတွင် အနှံ့အပြားနေထိုင်ခဲ့ကြဘူးသည်။ ထို့နောက်မှ အမေရိကတိုက် နှင့် မလ္လာယုကျွန်းဆွယ် အစွန်အဖျားဒေသတို့သို့ အပျံ့အနှံ့ ရောက်ရှိ သွားကြခြင်း ဖြစ်လေသည်။

ကြံ့သူတော်တို့သည် တစ်ကြိမ်လျှင် တစ်ကောင်ကျသာ မွေးလေ့ရှိသည်။ အရွယ်မရောက်သေးသော ကြံ့သူတော် ကလေး များတွင် အနက်ရောင်ရှိသော ကိုယ်ပေါ်၌ အဝါနှင့်အဖြူအစင်း ကျားများ ပါရှိလေသည်။ ကြံ့ သူတော်တို့သည် အကြောက် အလန့်ကြီးသည်မှာ မှန်သော်လည်း၊ ကြံ့သူတော်သားအုပ်မ တို့ကား၊ မိမိတို့၏သားငယ်များကို အသက်ပေး၍ ကာကွယ် စောင့်ရှောက်လေ့ရှိကြသည်။ မြန်မာနိုင်ငံ၌၊ ထားဝယ်နယ်၊ မြိတ်နယ်ဖက်တွင် ကြံ့သူတော်များကို တွေ့ရသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)



Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။

en:Tapir