ကြံဟင်း

ဝီကီပီးဒီးယား မှ
Operculina turpethum
in Kawal Wildlife Sanctuary, India.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Solanales
မျိုးရင်း: Convolvulaceae
မျိုးစု: Operculina
မျိုးစိတ်:
O. turpethum
ဒွိနာမ
Operculina turpethum
(L.) Silva Manso
Synonyms[၁]

Merremia turpethum (L.) Shah & Bhatt.

ပုံသဏ္ဌာန် : အပင် နှစ်ကြာခံမြေတွင် ဖြန့်သွား၍ ပေါက်သော နွယ်ပင်ရှည်မျိုးဖြစ်သည်။ ပင်စည် ခရမ်းညိုရောင် ရှိ၍ သုံးထောင့်ပုံ ဖြစ်ပြီး လိမ်နေသည်။ ထောင့်များ ပေါ်တွင် အတောင် ပါရှိ၏ ။ အခက် အလက် များစွာရှိ၍ အပင်ငယ်တွင် အမွေးနုကလေးများဖြင့် ဖုံးအုပ်နေသည်။ အရွက် ပင်စည်၏ တစ်ဖက်တည်းမှ လိမ်ထွက်သည်။ ရွက်ပြားကြီး၍ နှလုံးပုံရှိသည်။ ရွက်ရင်းတွင် ညီညာသော အဝိုက်ကြီးများ ရှိပြီး ရွက်ထိပ်ချွန်သည်။ ရွက်ကြောထင်ရှား၍ ရွက်နား လှိုင်း အနည်းငယ် တွန့်သည်။ ရွက်ပြားချောသည်။ ရွက်ညှာအလွန်ရှည်၍ အလယ်တွင် မြောင်းတိမ် ကလေးပါရှိ၏ ။ အပွင့် ပွင့်ညှာတံ တစ်ခုတွင် အပွင့် ၁ ပွင့် မှ ၇ ပွင့် ထိ ပါရှိ၏ ။ အဖြူရောင် ခေါင်းလောင်း ပုံသဏ္ဌာန် ဖြစ်သည်။ ပွင့်ချပ်သည် အစိမ်းရောင်ရှိ၍ ရှည်မျောမျော ဘဲဥပုံဖြစ်သည် ။ အတွင်း ၃ ဖတ် ၊ အပြင် ၂ ဖတ်ရှိသည်။ အသီး ကြီး၍ လုံးဝိုင်းသည် ။ အစေ့ ၄ စေ့ပါသည်။ ပြောင်ချောသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပင် နှင့် အမြစ်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်သည်။ ပေါက်ရောက်ပုံ သဘာ၀အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်းများ အလိုအရ ချို၏ ၊ ခါး၏ ။ ဖန်၏ ၊ ပူသောသတ္တိရှိ၏ ။ လေကို ထုတ်စေတတ်၏ ။ လေနာ ၊ နူနာတို့ကို ပျောက်စေ၏ ။ အသုံးပြုပုံ- အပင် ၁ ။ အညွန့်ကို ကြက်ရိုးနှင့်သော် လည်းကောင်း ၊ တင်ကျီးရိုးနှင့် သော် လည်းကောင်း ဟင်းချိုချက်သောက်ပါက ဆီးအောင့် ဆီးချုပ်ရောဂါနှင့် အခြား ဆီးနှင့် ပတ်သက်သောရောဂါများ ပျောက်၏ ။ အေးအောင်ပြုသော ဆေးဘက်တွင် အကောင်းဆုံးဖြစ်သည်။ ၂ ။ ကျောက်တည် ရောဂါ အတွက် ယင်းကြိတ်ညှစ်ရည် ကို နွားနို့ သကြားနှင့်ရော၍ သောက်ရ၏။ ၃ ။ မျက်စိရောဂါနှင့် လေနာ ၊ ရင်ဘတ်နာရောဂါအတွက် လည်း ဆေးအဖြစ် ဖော်စပ်အသုံးပြုနိုင်သည်။ အမြစ် ၁ ။ ဝမ်းသက်ဆေးအဖြစ် အမြစ်ခေါက်ကို ကြိတ်၍ နို့နှင့် သောက်ရ၏ ။ ၂ ။ နူနာ ၊ ဖျဉ်းစွဲနာ ၊ ဒူလာရောဂါများအတွက် ချင်း ၊ ငရုတ်ကောင်း တို့နှင့်ဆေးဖော်စပ်၍ စားသုံးရ၏။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Merremia turpethum, Medicinal Plants of Andhra Pradesh, Part-1, Central Council for Research in Unani Medicine, New Delhi, 1999, pp: 84.
  2. http://arogyamonline.com/commodity/materials/?raw=83[လင့်ခ်သေ]