ကြောင်လျှာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကြောင်လျှာ
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် [[Lamiales]]
မျိုးရင်း [[Bignoniaceae]]
မျိုးစု [[Oroxylum]]
မျိုးစိတ် '''''O. indicum'''''
ဒွိနာမ
''Oroxylum indicum''

Indian Trumpet Flower (ကြောင်လျှာ)[ပြင်​ဆင်​ရန်​]

  • Botany Term : Oroxylum indicun Vent
  • Species/Family : Bignoniaceae
ကြောင်လျှာသီး

ပုံသဏ္ဌာန် : အပင် ကြီးထွားမှု မြန်သောအပင်လတ်မျိုးဖြစ်သည်။ ပေ ၃၀ မှ ၄၀ အထိမြင့်သည်။ အခေါက်ထူသည်။ မီးခိုးစိမ်းရောင်ရှိသည်။ အတွင်းသား အဝါရောင် ရှိသည်။ အရွက် ရွက်ပေါင်း ဖြစ်ပြီး ရွက်ဆိုင်ထွက်သည်။ ရွက်မြွှာများ မျက်နှာချင်းဆိုင်ထွက်၍ ရှည်မျောမျော ဘဲဥပုံသဏ္ဍာန်ရှိသည်။ ရွက်ရင်းအနည်းငယ်ဝိုင်း ၊ သို့မဟုတ် သွယ်၍ ရွက်ဖျား ချွန်သည်။ အကြောထင်ရှားသည်။ ထိပ်ရွက် တစ်ရွက် ပါသည်။ အပွင့် ခရမ်းရောင် အပွင့်များဖြစ်သည်။ ပန်းခိုင်ရှည်သည်။ ခေါင်းလောင်းပုံရှိပြီး အသားထူသည်။ ပွင့်ညှာရှည်၍ တုတ်သည် ။ နယုန် ၊ ဝါဆို တွင် ပွင့်သည်။ အသီး သီးတောင့် ရှည်ဖြစ်၍ ပြားပြီး အမွေးကလေးများရှိသည်။ တွဲလျားကျ၍ သီးသည်။ စိမ်းညိုရောင် ရှိသည်။ အတွင်းသား ထူသည်။ အစေ့တွင် အတောင်ပါသည်။ တန်ဆောင်မုန်းလတွင် သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အခေါက် ၊ အရွက်၊ အသီး ၊ အမြစ် ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ နေရာအနှံ့အပြား အမြင့်ပေ ၄၀၀၀ အထိ ပေါက်ရောက် နိုင်သည်။ ပေါက်ရောက်ပုံ သဘာ၀အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်းများ အလိုအရ ဖန်ခါးသော အရသာရှိ၍ ပူ၏ ၊ စပ်၏ ၊ ကြေလွယ်၏ ၊ နှုတ်ကို မြိန်စေ၏ ။ နှလုံး ၊ လည်ပင်းကို အကျိုးပြု၏ ။ ဝမ်းမီးကို တောက်စေသည်။ လေ သလိပ်ကို နိုင်သည်။ မြင်းသရိုက် ၊ ဝမ်းသက် ၊ အဖျား ၊ အစာမကြေ ၊ နူနာ ၊ ပျို့အန် ၊ ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေနိုင်၍ ခွန်အားကို တိုးပွားစေသည်။ အသုံးပြုပုံ- အခေါက် ၁ ။ ကြောင်လျှာအခေါက်မှုန့်ကို ချင်းရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ ။ ၂ ။ အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ ။ ၃ ။ ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက် ကွဲနာ ပျောက်၏ ။ ၄ ။ သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံး၏ ။ ၅ ။ အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ဝမ်းဖော ၊ ဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများအတွက် အသုံးပြု၏ ။ အရွက် ၁ ။ ကြောင်လျှာရွက်ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ ။ ၂ ။ ကြောင်လျှာရွက်ပြုတ်တို့စားက ဝမ်းမီးကောင်း၏ ။ အသီး ၁ ။ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။ ၂ ။ ကြက်သားနှင့် ချက်စားပါက ပန်းနာရောဂါ ပျောက်၏ ။ ၃ ။ ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်၏ ။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ဝမ်းပျက်ရောဂါပျောက်၏။ ၄ ။ ပုစွန်ဖြင့် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ ပျောက်၏ ၅ ။ ငါးသလောက်ဖြင့် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ဝဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။ ၆ ။ ငါးမြွေထိုးနှင့် ချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်း နှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။ အမြစ် ၁ ။ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://arogyamonline.com/commodity/materials/?raw=91