ကြောင်ရိုသေပင်

ဝီကီပီးဒီးယား မှ
Acalypha indica
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Malpighiales
မျိုးရင်း: Euphorbiaceae
မျိုးဇာတ်သေး: Acalyphinae
မျိုးစု: Acalypha
မျိုးစိတ်:
A. indica
ဒွိနာမ
Acalypha indica
Synonyms
  • Acalypha bailloniana Müll.Arg.
  • Acalypha canescens Benth., nom. nud.
  • Acalypha bailloniana Müll.Arg.
  • Acalypha caroliniana Blanco, nom. illeg.
  • Acalypha chinensis Benth.
  • Acalypha ciliata Benth., nom. nud.
  • Acalypha cupamenii Dragend.
  • Acalypha decidua Forssk.
  • Acalypha fimbriata Baill.
  • Acalypha indica var. bailloniana (Müll.Arg.) Hutch.
  • Acalypha indica var. minima (H.Keng) S.F.Huang & T.C.Huang
  • Acalypha minima H.Keng
  • Acalypha somalensis Pax
  • Acalypha somalium Müll.Arg.
  • Acalypha spicata Forssk.
  • Cupamenis indica (L.) Raf.
  • Ricinocarpus baillonianus (Müll.Arg.) Kuntze
  • Ricinocarpus deciduus (Forssk.) Kuntze
  • Synonym Ricinocarpus indicus (L.) Kuntze[၁]

ပုံသဏ္ဌာန် : အပင် တစ်နှစ်ခံ ပင်ပျော့ပင်ငယ်တစ်မျိုး ဖြစ်သည်။ ၃ ပေခန့် ထိ မြင့်၏ ။ ပင်စည်ချောမွေ့၍ အစိမ်းရောင် ရှိပြီး သေးငယ်အမွှေးနုများ ရှိသည်။ ပင်စည်မှ အရွက် ထွက်၏ ။ ပင်စည် နှင့် အရွက်ကြားမှ ကိုင်းဖြာသည်။ အရွက် ရွက်လွှဲထွက်သည်။ ဘဲဥပုံရှိ၍ ထိပ်ချွန်ပြီး ရွက်ရင်း အနည်းငယ် သွယ်သည်။ ရွက်နား ခွေးသွားစိပ်ရှိသည် ။ ရွက်ညှာ သေးသွယ် ရှည်လျားသည်။ ရွက်ပြားချောသည်။ အပွင့် ပန်းခိုင် အစိမ်းရောင်ရှိ၍ အပွင့်သည် အလွန်ငယ်သည်။ ပင်စည် အစိမ်းရောင်ရှိ၍ အပွင့်သည် အလွန်ငယ်သည်။ ပင်စည်နှင့် အရွက်ကြားမှ ထွက်သည်။ ပန်းခိုင်အောက် နားတွင် ရွက်ဖတ်ငယ်များ ထူးခြားစွာ ပါရှိသည်။ အစေ့ အစေ့သည် ဝိုင်း၏ ။ ကြေမွတတ်၏ ။ ထိပ်ချွန်၍ ပြောင်ချော၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက် ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : အလွန်အေးသည့် တောင်ပေါ်ဒေသမှလွဲ၍ မြေပြန့်ဒေသများတွင် အနှံ့အပြား ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာ၀အလျောက် အလေ့ကျပေါက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်းများအလိုအရ အရွက်ကို အန်ဆေးအဖြစ်သုံးက အဆုတ်အကူအညီ ပေး၏။ အဆစ်ရောင် ၊ အဆုတ်အအေးပတ်သော အဖျား ၊ ပန်းနာ ၊ လေပြွန်ချောင်းပူခြင်း စသည်တို့ကို သက်သာစေသည်။ အသုံးပြုပုံ- အရွက် ၁ ။ ကြောင်ရိုသေပင်၏ အရွက်ရည်ကို ကလေးသူငယ်နာ ချွဲကျပ်ရောဂါအတွက် တမာရွက်ရည် နှင့် ရောစပ်တိုက်ပါက ဝမ်းသွားခြင်း ၊ အော့အန်ခြင်းကို သက်သာစေသည်။ ချွဲကျစေသည်။ ၂ ။ အရွက်ပြုတ်ရည် ကို အန်ဆေးအဖြစ် တိုက်ပေးခြင်း ဖြင့် အဆုတ်ရောင်ခြင်း တို့ကို ပျောက်၏ ။ ၃ ။ အရွက်ခြောက်ပြုတ်ရည်ကို တိုက်လျှင် အသက်ရှူလမ်းကြောင်း တစ်လျှောက်၌ ရှိသော အညစ်အကြေးပိတ်ဆို့ခြင်းကို ရှင်းလင်း စေပြီး အသက်ရှူပြွန်တံ ရောင်ခြင်းကို သက်သာစေ၏ ။ ပန်းနာရောဂါ ၊ မီးယပ်ကွက်ပေါ်သောရောဂါ ၊ သွေးတိုးရောဂါတို့ကို လည်း ပျောက်စေ၏။ ၄ ။ အရွက်ကို ကြိတ်၍ အနာပေါ်၌ အုံပေးသော် အနာများပျောက်ကင်းစေ၏ ။ ၅ ။ အရွက်ရည် သည် ဝဲခြောက် ၊ ပွေး ၊ ယားနာ စသော အရေပြား ရောဂါ တို့ကို ပျောက်ကင်းစေသည်။ တမာဆီနှင့် ရောလိမ်းသော် အမျိုးမျိုးသော ယားနာကို ပျောက်ကင်းစေ၏ ။ ၆ ။ အရွက်ရည်ကို ကြက်ဆူဆီနှင့် ရော၍ အဆစ်အမျက်ကိုက်ရာတွင် လိမ်းပေးသော် ပျောက်ကင်းစေ၏။ ၇ ။ ၎င်းအရည်ကို နားထဲသို့ ထည့်ပေးသော် နားပြည်ယိုခြင်း ၊ နားကိုက်ခြင်း ၊ နားလေထွက်ခြင်း ၊ နားအူခြင်း ပျောက်၏ ။ ၈ ။ အရွက်ကို ငါးမြွေထိုးခြောက်နှင့် ကြော်စားက ဝမ်းထဲတွင် အူအတက် ရောင်စေသော ရောဂါကို ကာကွယ်သည်။ ဦးနှောက်ရောဂါနှင့် ဝမ်းမကောင်းခြင်း ၊ ဝမ်းပျက်ရောဂါဖြစ်ခြင်း ၊ ဝမ်းထဲ၌ ရစ်၍နာခြင်း များကိုလည်း ပျောက်ကင်းစေသည်။ ၉ ။ အရွက်ကို ပြုတ်၍ သုပ်စားပါက အဆုတ်ရောဂါ ၊ ဦီးနှောက်ရောဂါ ၊ နားအူ ၊ နားကိုက်ရောဂါ ၊ ဗိုက်အောင့် ရောဂါ ၊ ဗိုက်နာရောဂါတို့ကို ပျောက်စေသည်။ ၁၀ ။ အရွက်ကို ချက်ပြုတ်စားသောက်ပါက ပန်းနာရောဂါ ၊ မီးယပ်ကွက် ပေါ်သောရောဂါ ၊ သူငယ်နာရောဂါ ၊ သွေးတိုးရောဂါများ ပျောက်ကင်းစေသည်။ ၁၁ ။ အရွက်ကို ပုစွန်ထုပ်နှင့် ကြော်စားပါက နွမ်းလျပင်ပန်းခြင်း ပျောက်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Acalypha indica L. Indian Acalypha, on India Biodiversity Portal. Accessed 31.07.2017.
  2. http://arogyamonline.com/commodity/materials/?raw=79[လင့်ခ်သေ]