ကြောင်ကျွန်း

ဝီကီပီးဒီးယား မှ

ကြောင်ကျွန်း (Tashirojima)[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံရှိ Tashirojima အမည်ရသည့် ကျွန်းတစ်ကျွန်းကို ကြောင်ကျွန်းဟု ခေါ်သည်။ ကြောင်ကျွန်းဟု ခေါ်ဆိုခြင်းမှာ လူဦးရေထက် ကြောင်ဦးရေက ပိုမို များပြားနေ၍ ဖြစ်သည်။ ဂျပန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း ဒေသရှိ ကျွန်းငယ် ဖြစ်ပြီး အကျယ်အဝန်း အားဖြင့် ၁.၂၁ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ကျွန်းတွင် နေထိုင်သည့် လူဦးရေသည် ၁၀ဝ တိတိသာ ရှိပြီး ၁၉၅၀ ကျော်နောင်းပိုင်း လူဦးရေ ၁၀ဝ၀ ကျော်မှနေ ကျလာခြင်း ဖြစ်သည်။ လူဦးရေ တစ်ဝက်သည် အသက် ၆၀ကျော် လူအိုများ ဖြစ်ကြသည်။ မြို့ကြီးများတွင် သွားရောက် အလုပ်လုပ်ကိုင်သူ များသောကြောင့် လူဦးရေ နည်းသွားရခြင်း ဖြစ်သည်။ ကျန်ရှိသူများမှာ တံငါလုပ်ငန်း၊ တည်းခိုခန်းနှင့် စားသောက်ဆိုင် ဖွင့်လှစ်လုပ်ကိုင်ကြသည်။ အသက်ကြီး အဘိုးအဘွားများ အနေနှင့် ရှေးယခင် ကတည်းက ကြောင်များကို မွေးမြူ လာခဲ့ခြင်း ဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် အကောင် အရေအတွက် သိသိသာသာ တိုးပွားလာခဲ့သည်။ ထို့ကြောင့် ကျွန်းကို ကြောင်ကျွန်းဟု ပြောစမတ်ပြုကာ နာမည်ကြီးလာပြီး ကမ္ဘာလှည့်ခရီးသည်များ အတွက် သွားရောက် လည်ပတ်စရာ နေရာများထဲက တစ်ခု ဖြစ်လာခဲ့သည်။ ယနေ့တွင် ထိုကျွန်းသည် လည်ပတ်သူများနှင့် ပြန်လည် စည်ကားလျက် ရှိကြောင်း သိရသည်။

ကိုးကား[ပြင်ဆင်ရန်]