ကြောင်ကျောက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကြောင် (moonstone) ကျောက်သည် နဝရတ် ကိုးပါးတွင် တစ်ပါး အပါအဝင်ဖြစ်သည်။ ကြောင်ကျောက်ကို ကြောင်မျက်လုံးနှင့် တူ၍ (Cats' eye)ဟုလည်းခေါ်ဆိုသည်။

ကြောင်ကျောက်

ဓာတုဖွဲ့စည်းမှု[ပြင်​ဆင်​ရန်​]

ကြောင်ကျောက်၏ ဓါတုဖွဲ့စည်းမှုအရ ဩသိုကလေ့စ် ကြွေကျောက် (Orthoclase feldspar) နှင့် ပလေဂျီအိုကလေ့စ် ကြွေကျောက် (Plagioclase feldspar) တို့ တစ်လှည့်စီ ပါဝင်ဖွဲ့စည်းထားသည်။ (ထို့ကြောင့် ရောင်ပြေးဖြစ်ပေါ်လာရခြင်းဖြစ်သည်။) ပုံဆောင်စနစ်မှာ တစ်ရိုးစောင်းပုံဆောင်စနစ်(Monoclinic system) ဖြစ်ပါသည်။ သိပ်သည်းဆ ၂.၅၆ ရှိကာ မာဆင့် ၆ မှ ၆.၅ ထိရှိသည်။ ဖန်ရောင်လက်ရှိပြီး အလင်းပေါက်(Transparent) မှ အလင်းမှုန်(Translucent) ထိရှိပါသည်။ အရောင်မဲ့၊ အဖြူရောင်၊ ပန်းရောင်၊ အဝါရောင်၊ ခရမ်းပြာရောင်များကို အများအားဖြင့် တွေ့ရှိရသည်။

ထင်ရှားသော ကွဲအင်နှစ်စုံသည် ၉ဝ ံ အနေအထားဖြင့် ဖြတ်သန်း တည်ရှိသည်။

ထွက်ရှိရာ ဒေသများ[ပြင်​ဆင်​ရန်​]

မြန်မာသီရိလင်္ကာအိန္ဒိယအမေရိကန်ပြည်ထောင်စု


ကြောင်ကျောက်၏ ဂုဏ်သတ္တိများ[ပြင်​ဆင်​ရန်​]

ကြောင်ကျောက်သည် သိဒ္ဓိပြီးမြောက်သည်၊ အောင်မြင်သည်၊ တန်ခိုးရှိသည် စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။ နီလာကျောက်သည် သူတပါး၏မေတ္တာကို ရရှိသည်။ လူတို့၏ ချစ်ခင်မြတ်နိုးမှုကို ရရှိသည်။ ရန်အပေါင်းမှ ကာကွယ်နိုင်သည် စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။ ဂေါ်မုတ်ကျောက်သည် ခွန်အားကြီးခြင်း၊ ကျန်းမာခြင်း၊ ရန်သူကို အောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ဦးမြင့်စော-(သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်) ( မင်္ဂလာမောင်မယ် ၂၀၀၈-ခု အောက်တိုဘာလ)