ကြယ်တို့၏ ဆင့်ကဲပြောင်းလဲမှု

ဝီကီပီးဒီးယား မှ
(ကြယ်တို့၏ ဆင့်ကဲပြောင်းလဲပုံ မှ ပြန်ညွှန်းထားသည်)

ကြယ်တို့၏ ဆင့်ကဲပြောင်းလဲပုံ ဆိုသည်မှာ ကြယ်တို့ အချိန်နှင့် အမျှ ပြောင်းလဲလာပုံကို လေ့လာခြင်း ဖြစ်သည်။ ကြယ်တို့သည် သူတို့ စတင်မွေးဖွားသည့် အချိန်မှစ၍ စွမ်းအင် ကုန်ဆုံးသည့် အချိန်အတွင်းတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်ကြသည်။ ကြယ်တို့သည် အလင်း နှင့် အပူတို့ကို နှစ်ပေါင်း သန်းပေါင်းများစွာ သို့မဟုတ် ဘီလီယံပေါင်းများစွာ ထုတ်လွှတ်နိုင်ကြသည်။ ထို့ကြောင့် သိပ္ပံပညာရှင်တို့သည် သက်တမ်းအမျိုးမျိုးတွင် ရှိနေသော ကြယ်ပေါင်းများစွာကို ကြည့်ရှုခြင်းဖြင့် ကြယ်တို့ကို လေ့လာကြသည်။

ကြယ်၏ သက်တမ်းတလျှောက်တွင် ဖြတ်သန်းရသော အဆင့်များမှာ နက်ဗျူလာပင်မ အစီအစဉ် အတွင်းရှိကြယ်ဧရာမ ကြယ်နီ ထိုမှတဆင့် ကြယ်ပုဖြူကြယ်ပုနက်နယူထရွန်ကြယ် သို့မဟုတ် တွင်းမည်း စသည်ဖြင့် ဖြစ်သည်။

နေ၏ ဘဝပြောင်းလဲပုံ

ကြယ်မွေးဖွားခြင်း[ပြင်ဆင်ရန်]

ကြယ်တို့သည် နက်ဗျူလာ ဟုခေါ်သော အမှုန်အမွှားနှင့် ဓာတ်ငွေ့တို့ စုစည်းထားသော အစုအဝေး အဖြစ် စတင်ဖြစ်ပေါ်ကြသည်။ ထိုအမှုန်အမွှားတို့သည် ဆွဲငင်အားကြောင့် စုစည်းသွားကြပြီး အပူချိန် မြင့်တက်လာသည်။ ထို့နောက် စတင်လည်ပတ်လာပြီး ဘောလုံးနှင့် အလားသဏ္ဌန် တူလာသည်။ အပူချိန် အလုံအလောက် ရသော အခါတွင် နျူကလီးယား ပေါင်းစပ်ခြင်း နည်းလမ်းဖြင့် စွမ်းအင်တို့ကို လွှတ်ထုတ်ပြီး ဟိုက်ဒရိုဂျင် တို့ကို ဟီလီယမ် အဖြစ် ပြောင်းလဲကြသည်။ ထို အဖြစ်အပျက်မှ တောက်ပသော အလင်းရောင် ထွက်ပေါ်လေ့ ရှိပြီး အာကာသ လေ့လာသူတို့က ထိုအချိန်ကို ပင်မ အစီအစဉ် အတွင်းရှိကြယ် ဟု ခေါ်ကြသည်။ ကြယ်တို့သည် ပင်မ အစီအစဉ် အတွင်းတွင်ပင် ဆက်လက်ရှိနေကြပြီ နှစ် ဘီလီယံပေါင်း များစွာ ပုံစံမပြောင်းပဲ ရှိကြသည်။

ကြယ်သက်တမ်းရင့်လာခြင်း[ပြင်ဆင်ရန်]

အချိန်ကြာမြင့်လာသော အခါတွင် ဗဟိုထုရှိ ဟိုက်ဒရိုဂျင် များအားလုံးလိုလို သည် ဟီလီယမ် အဖြစ် ပြောင်းလဲသွားကြသည်။ ထိုအကြောင်းကြောင့် ကြယ်၏ အလယ်ဗဟိုရှိ နျူးကလီးယား ဓာတ်ပြုမှုများ ရပ်တန့်သွားပြီး ဗဟိုသည် ဆွဲငင်အားကြောင့် တဖြည်းဖြည်း သေးငယ်လာသည်။ ဗဟိုထု၏ ပြင်ပမှ အလွှာမှာမူ ဟိုက်ဒရိုဂျင်ကို ဟီလီယမ် အဖြစ်ပြောင်းလဲခြင်းဖြင့် စွမ်းအင်ကို လွှတ်ထုတ် နေသေးသည်။

ကြယ်၏ ပြင်ပအလွှာသည် တဖြည်းဖြည်း ကြီးသည်ထက်ကြီးလာသည်။ ကြယ်တို့သည် အလင်းရောင် မြောက်မြားစွာကို လွှတ်ထုတ်ကြသည်။ တခါတရံတွင် အစ ပထမက လွှတ်ထုတ်ခဲ့သည့် အလင်းရောင်ထက် အဆ သောင်းဂဏန်းမျှ များပြားသော အလင်းရောင်ကို လွှတ်ထုတ် ကြသည်။ ကြယ်၏ မျက်နှာပြင်မှာ ကျယ်ပြန့်လာသဖြင့် စွမ်းအင်တို့မှာ ပိုမိုကြီးမားသော ဧရိယာ အကျယ်အဝန်းသို့ ပျံ့နှံ့လာသည်။ ထိုအကြောင်းကြောင့် မျက်နှာပြင်၏ အပူချိန်မှာ လျော့ကျသွားပြီး ကြယ်၏ အရောင်မှာ အနီရောင်မှ လိမ္မော်ရောင်သို့ ပြောင်းလဲသွားသည်။ ကြယ်သည် ဧရာမ ကြယ်နီ အဖြစ် ပြောင်းလဲသွားပြီး ပတ်ပတ်လည်တွင် လှည့်ပတ်နေသော ဂြိုဟ်တို့ကို ထိုအချိန်တွင် ဝါးမြိုပစ်လိုက်သည်။

ကြယ်သေဆုံးခြင်း[ပြင်ဆင်ရန်]

ထုထည်သေးသော ကြယ်တို့၏ဆင့်ကဲပြောင်းလဲမှု (ဘယ်ဘက်)၊ ထုထည်ကြီးကြယ်တို့၏ ဆင့်ကဲပြောင်းလဲပုံ (ညာဘက်)။

အချိန်ကြာမြင့်လာသော အခါတွင် ကြယ်မှ ပြောင်းလဲဖြစ်ပေါ်လာသော ဧရာမ ကြယ်နီ သည် လောင်စာကုန် သွားသည်။ ထိုအခါတွင် ဓာတ်ငွေ့တိမ်တိုက်တို့ကို လွှတ်ထုတ်လိုက်ပြီး ကြယ်ဖြူပု ဟုခေါ်သော ကြယ်အသေးစားမှာ ကြွင်းကျန်ရစ်သည်။ ထိုမှ အချိန် ကြာမြင့်လာလေသာ အခါတွင် ကြယ်ဖြူပုမှာ အပူချိန် လျော့ကျလာပြီး ကြယ်ပုနက် အဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော် ဧရာမ ကြယ်နီ တို့မှာ တခါတရံတွင် ပေါက်ကွဲခြင်း ဖြစ်တတ်ပြီး ထိုသို့ပေါက်ကွဲမှုမှာ အလွန်ပြင်းထန်ကာ ထိုအဖြစ်အပျက်ကို စူပါနိုဗာ ကြယ်ပေါက်ကွဲမှု ဟု ခေါ်ကြသည်။ ထိုသို့ ဖြစ်ပျက်ပါက ကြယ်ဖြူပုအဖြစ် ကျန်ရစ်ခဲ့ခြင်း မရှိဘဲ ပို၍ သေးငယ်သိပ်သည်းသော နယူထရွန်ကြယ် အဖြစ် ကြွင်းကျန်ရစ်သည်။ နယူထရွန်ကြယ် ဖြစ်ပေါ်ရခြင်း အကြောင်းမှာ ဆွဲငင်အား အလွန်ကြီးမားသောကြောင့် ကြွင်းကျန်ရစ်ခဲ့သော အက်တမ် တို့တွင် အဏုမြူဗဟို (Nucleus) ကို လှည့်ပတ်နေသော အီလက်ထရွန် မရှိတော့သောကြောင့် ဖြစ်သည်။ လက်ဖက်ရည်ဇွန်းမျှ ရှိသော ဒြပ်ထုမှာပင် ကမ္ဘာ၏ အလေးချိန် နီးပါးမျှ ရှိသည်။

ထိုထက်မက ပို၍ ကြီးမားသော ဧရာမ ကြယ်နီတို့မှာ တွင်းမည်း များကို ချန်ရစ်ခဲ့သည်။ တွင်းမည်းဖြစ်ပေါ်ရခြင်း အကြောင်းမှာ ဆွဲငင်အား အလွန်ကြီးမားသောကြောင့် ပရိုတွန် နှင့် နျူထရွန်များပင် သူတို့ဘာသာ ဝါးမျို ပစ်သောကြောင့်ပင် ဖြစ်သည်။ အလင်းရောင် ပင်လျှင် တွင်းမည်းမှ မလွတ်မြောက်နိုင်ပေ။ အက်တမ်တို့၏ အဏုမြူဗဟို များ အချင်းချင်း ဆွဲငင်ထားသော အားမှာ လူသားတို့ သိသမျှ ထဲတွင် အကြီးမားဆုံး ဖြစ်သောကြောင့် အချို့သော ရူပဗေဒ ပညာရှင်တို့က တွင်းမည်းသည် သင်္ချာ အခေါ် singularity ဟုခေါ်သော တစ်ခုတည်း ကျန်သည်အထိ ပေါင်းစပ်သွားမည်ဟု ယူဆကြသည်။