ကျွဲဓညင်းပင်

ဝီကီပီးဒီးယား မှ
Pithecellobium dulce
Pithecellobium dulce (Madras Thorn) tree
In Kolkata, West Bengal (India)
Ripe Pithecellobium dulce bean

လုံခြုံမှုရှိ (NatureServe)[၂]
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Fabales
မျိုးရင်း: Fabaceae
Clade: Mimosoid clade
မျိုးစု: Pithecellobium
မျိုးစိတ်:
P. dulce
ဒွိနာမ
Pithecellobium dulce
ကျွဲဓညင်းပင် (Callerya atropurpurea)
ကျွဲဓညင်းပင် (Pithecellobium dulce)

ကျွဲဓညင်းပင်အမည်ဖြင့် အပင်၂မျိုး ရှိသည်။ အပင်တမျိုး၏ ရုက္ခဗေဒအမည်မှာ မီလီရှာအတ်ထရိုပါပါရီယား(Millettia atropurpurea; ယခုအခါတွင် Callerya atropurpurea[၄])ဖြစ်၍ အခြားတမျိုး၏ ရုက္ခဗေဒအမည်မှာ ပီသီကိုလိုဗီယမ်ဒျူ(Pithecellobium dulce)ဖြစ်သည်။

မီလီရှာအတ်ထရိုပါပါရီယား (Millettia atropurpurea; ယခုအခါတွင် Callerya atropurpurea)[ပြင်ဆင်ရန်]

ပထမအပင်မျိုး မီလီရှာအတ်ထရိုပါပါရီယား သည် အမြင့် ပေ ၁၀၀ခန့် ရှိ၍ လုံးပတ် ၈ပေ ၉ပေခန့်ရှိသည်။ ထိုအပင်မျိုးသည် ပဲခူးရိုးမတောင်၌ များသောအားဖြင့် ပေါက်သည်။ အသားမာ၍ လေးလံသည်။

ပီသီကိုလိုဗီယမ်ဒျူ (Pithecellobium dulce)[ပြင်ဆင်ရန်]

ဒုတိယကျွဲဓညင်းပင်မျိုးသည် ၅ လက်မခန့် လိမ်တွန့်သော သီးတောင့်သီးသည့် ပင်စောက်တမျိုးဖြစ်သည်။ ယင်းကို ခြံစည်းရိုးများ၌ စိုက်ပျိုးလေ့ရှိသည်။ အပူဒဏ်ခံနိုင်သည်၊ ခြောက်သွေ့ခြင်းကို ခံနိုင်ရည်ရှိသည်။ အပူပိုင်းဖြစ်သည့် မြေလတ်‌ဒေသ၊ အညာဒေသ၊ တနင်္သာရီတောင်ပိုင်းနှင့် မုတ္တမနယ်တို့တွင်တွေ့ရ၍ မွန်ဘာသာဖြင့် (ကြိုင်ပရင်)ဟုခေါ်သည်။ ကုလားမန်ကျည်းဟူ၍လည်းကောင်း၊ တရုတ်မန်ကျည်းဟူ၍လည်းကောင်း၊[၅] သင်္ဘောမန်ကျည်းဟူ၍လည်းကောင်း ခေါ်ကြသည်။ အာရှတိုက်တွင် manila tamarind ဟု လူသိများသည်။ [၆] ဤအပင်၏ မူလပေါက်ရောက်ရာဒေသမှာ မက္ကဆီကိုနိုင်ငံဖြစ်သည်ဟု ဆိုသည်။[၅]

ပင်စည်မှာ ကွေ့ကောက်၍ ဆူးများပါရှိသည်။ အကိုင်းအခတ်တို့တွင်လည်း ဆူးများပါရှိသည်။

အရွက်မှာ လက်မဝက် မှ တလက်မခန့်အရွယ် ဘဲဥပုံ ရွက်မွှာများ ပါရှိသော ရွက်ဆိုင်များဖြစ်သည်။

အပွင့်မှာ အရွယ်အစား လက်မဝက်ခန့် အဖြူရောင် အဆုပ်လိုက်ပွင့်သည်။[၇]

အသီးမှာ ကွေးကောက်၍ အတောင့်လိုက် သီးသည်။ အသီးတောင့်ကို ပါးသော အသီးခွံနှစ်ခြမ်းဖြင့် ဖုံးအုပ်ထားသည်။ အသီးခွံ မှာ အစိမ်းရောင်ဖြစ်၍ ရင့်မှည့်ချိန်တွင် အနီရောင်သမ်းလာသည်။ အသီးစိမ်းများမှာ အနည်းငယ် အစိမ်းနုရောင်သမ်း‌ော အဖြူရောင်ဖြစ်၍ ရည့်မှည့်လာချိန်တွင် အစိမ်းနုရောင် ‌ပျောက်၍ အဖြူရောင် မှသည် အနီရောင်သို့ ပြောင်းသွားသည်။ အသီးစိမ်းမှာ အနည်းငယ် ဖန်ခါး‌ော အရသာရှိ၍ ရင့်မှည့်‌ော အသီးများမှာ ချို၍ အနည်းငယ်ဖန်သော အရသာရှိသည်။[၈] အသီးတွင် ပါဝင်သော အာဟာရဓာတ်များမှာ ကာဗိုဟိုက်ဒရိတ် နှင့် ကယ်လိုရီ၊ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ကယ်လစီယမ် ‌ေါ် ထုံဓာတ်၊ ‌ော့စဖရိတ်၊ သံဓာတ် တို့ပါဝင်သည်။ ‌အယ်လကလွိုက် (alkaloids)၊ ကူမာရင် (coumarin)၊ ဖလေဗာနွိုက် (flavornoids)၊ phlorotanins၊ tanins၊ terpenoids ပစ္စည်းများလည်း ပါဝင်သည်။

အစေ့မှာ အနက်ရောင်ဖြစ်၍ အစေ့ပုံမှာ ပြောင်းဖူးစေ့နှင့် ဆင်ပြီး ပြောင်းဖူးစေ့ကဲ့သို့ မလုံးပဲ ပြားချပ်ချပ်ဖြစ်သည်။ အရွယ်မှာလည်း ပြောင်းဖူးစေ့ နီးပါးခန့် ရှိသည်။

အသုံးဝင်ပုံ[ပြင်ဆင်ရန်]

အသီး[၉][ပြင်ဆင်ရန်]

အသီးမှည့် ကို သွားရည်စာအဖြစ် စားသုံးကြသည်။

နာတာရှည်ရောဂါကြောင့်ဖြစ်သော ‌ရောင်ရမ်းမှုကို သက်သာ‌‌စေသဖြင့် ‌ောင်ရမ်းမှု သက်သာရန် စားသုံးကြသည်။

ပိုးမွှားများကို တိုက်ဖျက်နိုင်သော အာနိသင်ရှိသည်။ အသီးတွင် ပါဝင်သော အယ်လကလွိုက် (alkaloids)၊ ကူမာရင် (coumarin)၊ ဖလေဗာနွိုက် (flavornoids)၊ phlorotanins၊ tanins၊ terpenoids ပစ္စည်းများသည် ဘက်တီးရီးယားများကို တိုက်ဖျက်ရန် စားသုံးကြသည်။

နှလုံးသွေးကြောများကို ကျန်းမာစေသဖြင့် သွေးတိုးရောဂါ နှင့် နောက်ဆက်တွဲဖြစ်သော နှလုံး‌ောဂါ၊ ‌လေဖြတ်ခြင်းတို့ ကာကွယ်ရန် စားသုံးကြသည်။

အစာချေစနစ်ကို ကျန်းမာစေပြီး ဝမ်းပျက် ဝမ်းလျှော နှင့် ပုံမှန်မဟုတ်သည့်ဝမ်းသွားခြင်းများအတွက် စားသုံးကြသည်။

ပါးစပ်ထဲတွင် အနာဖြစ်စေသည့် အက်ဆစ်ဓာတ်ကို လျှော့ချ ‌ပေးကာ ပါးစပ်ထဲတွင် ဖြစ်ပွား‌သော အနာဖြူဖြူလေးများ သက်သာ‌စေရန် စားသုံးကြသည်။

မှို ရောဂါအမျိုးမျိုးကို သက်သာစေရန်လည်း စားသုံးကြသည်။

အသားအရေ နှင့် ဆံသား ကျန်းမာလှပရန်လည်း စားသုံးကြသည်။

ထိုသို့ စားသုံးကြသော်လည်း ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ‌ောဂါအခံရှိသူ၊ ‌ေးတမျိုးမျိုး ‌ောက်နေသူများ အနေဖြင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ စားသုံးကြရန်လိုပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Botanic Gardens Conservation International (BGCI) (2019). "Pithecellobium dulce". IUCN Red List of Threatened Species 2019. IUCN. doi:10.2305/IUCN.UK.2019-2.RLTS.T130519803A149057978.en. 
  2. Pithecellobium dulce Guama AmericanoNatureServe Explorer။ NatureServe။ 2020-01-10 တွင် ပြန်စစ်ပြီး။
  3. "Pithecellobium dulce"Germplasm Resources Information Network (GRIN)၊ Agricultural Research Service (ARS), United States Department of Agriculture (USDA)2010-03-29 တွင် ပြန်စစ်ပြီး
  4. Millettia atropurpurea (Wall.) Benth. (Plants of the World online, Kew Science). Retrieved 3 January 2020
  5. ၅.၀ ၅.၁ မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-ခ၊ အတွဲ-၂။။
  6. သင်္ဘောမန်ကျည်း Archived 3 January 2020 at the Wayback Machine. (KML DICTIONARY). Retrieved 3 January 2020
  7. https://my.wiktionary.org/wiki/%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%98%E1%80%B1%E1%80%AC%E1%80%99%E1%80%94%E1%80%BA%E1%80%80%E1%80%BB%E1%80%8A%E1%80%BA%E1%80%B8
  8. https://hellosayarwon.com/healthy-eating/nutrition-facts/manila-tamarind-health-benefits/
  9. https://hellosayarwon.com/healthy-eating/nutrition-facts/manila-tamarind-health-benefits/