ကျွဲကျောင်းဗျိုင်း
| ကျွဲကျောင်းဗျိုင်း Cattle Egret | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001)) |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Bubulcus ibis'' | ||||||||||||||
မြန်မာနိုင်ငံတွင် ကျွဲကျောင်းဗျိုင်းကို ကွင်းပြင်၊ လယ်ပြင်နှင့် ကမ်းခြေများ၌ အများအပြားတွေ့နိုင်သည်။ ကျွဲနွားများအနီးတွင် အမြဲတွေ့ရသောကြောင့် ကျွဲကျောင်းဗျိုင်းဟု ခေါ်ခြင်းဖြစ်သည်။
မာတိကာ |
[ပြင်ဆင်ရန်] ကြင်အင်လက္ခဏာများ
အလျားလက်မ ၂၀ ရှိသည်။ ဝါသော နှုတ်သီးနှင့် ညိုမည်းသော ခြေထောက်များရှိသော ကြောင့် အခြားဗျိုင်းနှင့် ခွဲခြား၍ ရသည်။
[ပြင်ဆင်ရန်] အစားအစာ
ကျွဲကျောင်းဗျိုင်းသည် ကျွဲနွားများကိုယ်ပေါ်တွင် နားလျက်ကျွဲနွားများ၌ ကပ်တွယ်နေသော ပိုးမွှားများကိုလည်းကောင်း၊ ကျွဲနွားများလှုပ်ရှားသွားလာရခြင်းကြောင့် မြက်သီးထပျံသော ပိုးမွားများကိုလည်းကောင်း စားသည်။ ငါးကလေးများ၊ ဖားလောင်းခေါ်ဖားတပိုင်းငါးတပိုင်းနှင့် ရေပိုးမွှားများကိုလည်း စားတတ်လေသည်။ အသိုက်ကို ကုက္ကိုပင်များ၌ ဧပြလကုန် သို့မဟုတ် မေလ အစလောက်တွင် ပြုလုပ်သည်။
[ပြင်ဆင်ရန်] အသိုက်ပြုလုပ်ခြင်း
သရက်ပင်၊ ဝါးပင်တို့၌လည်း အသိုက်လုပ်တတ်သေးသည်။ ဥများသည် ဖြူ၍ အပြာပြောက်၊ အစိမ်းပြောက်များရှိသည်။[၁]
[ပြင်ဆင်ရန်] ကိုးကား
- ↑ Myanmar Encyclopedia, Part-2