ကျွန်း(အပင်)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကျွန်းပင်
Teak
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Plantae
မျိုးစဉ် Lamiales
မျိုးရင်း Lamiaceae
မျိုးစု '''''Tectona'''''

Item Name -------- Teak Tree (ကျွန်းပင်)
Category ------------ Raw Material
Botany Term ------- Tectona grands Linn
Species Family ----- Verbenaceae

ပေ ၃၀၀၀ အထက်မှ အပ မြန်မာနိုင်ငံ နေရာအနှံ့အပြား ၌ ပေါက်ရောက်သည်။ သဘာ၀ပေါက်ပင် အဖြစ် ပေါက်ရောက်သည်။

♥ အပင်

ရွက်ကြွေပင်ကြီးမျိုးဖြစ်၍ ပေ ၈၀ မှ ပေ ၁၅၀ ထိမြင့် သည်။ ဖြောင့်တန်းနေသော ပင်စည်ပေါ်တွင် ကြယ်ပုံ သဏ္ဍာန် အမွေးနုများ ရှိသည်။ အပွေးအညိုရောင်ရှိ၍ ချောသကဲ့သို့ ဖြစ်နေသော်လည်း အမျှင်လိုက်အကြောင်း ကလေးများ ရှိသည်။

♥ အရွက်

ရွက်ဆိုင် ထွက်သည်။ ရွက်ပြားကြီး၍ ၀ိုင်းပြီး ရွက်ထိပ်ချွန်သည် ။ ရွက်ရင်းသွယ်သည်။ ရွက်ညှာတိုသည်။ အရွက်အောက်မျက်နှာပြင်တွင် ကတ္တီပါအမွေးနုများ ရှိသည်။ အပေါ်မျက်နှာပြင် ကြမ်းတမ်းသည်။ ရွက်နုများ နီညိုရောင်ရှိသည်။


♥ အပွင့်

အဖြူရောင်ဖြစ်သည်။ ပန်းခိုင်တွင် အ၀ါရောင် အမွေးနုများ ရှိပြီး အပွင့်များ အခိုင်လိုက် ပွင့်သည်။ ပွင့်ဖတ်နှင့် ပွင့်ချပ်များ ကြွေလွယ်သဖြင့် မကြခဏ ကြွေကျသော်လည်း ပန်းခိုင်မှာ ခိုင်မြဲစွာ ကျန်ရစ်သည်။ ၀ါဆို ၊ တော်သလင်း လများတွင် ပွင့်လေ့ရှိသည်။

♥ အသီး

အသီးလုံးသည် အချင်း ၁ လက်မခန့် ထိရှိသည်။ အခန်း ၄ ခန်း ပါ၀င်၍ အမြှေးရှိသည်။ အသီးထိပ်တွင် တည်မြဲသော ပွင့်ဖတ်ဖြင့် ဖုံးအုပ်နေသည်။ တပေါင်း ၊ တန်ခူးလများတွင် အသီးရင့်မှည့်သည်။

► အသုံးဝင်ပုံ

အခေါက် ၊ အသား ၊ အသီး။

♥ အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ကျွန်းသည် ဖန်သော အရသာရှိ၍ အေးသောဂုဏ်သတ္တိ ရှိ၏ ။ လေ ၊ သလိပ် ကိုကြေစေ၍ ညောင်းကျရောဂါ ၊နူနာ ၊ သွေးအန်သွေးကျ ၊ ဖောရောင်ခြင်း ရောဂါများကို ပယ်ပျောက်နိုင်၏ ။

► အခေါက်အသုံးပြုပုံ

၁ ။ ကျွန်းခေါက် တစ်ညလုံး စိမ်ထားသော စိမ်ရည်ကို သောက်သော် မီးယပ်ဖြူဆင်းသောရောဂါ ပျောက်၏။ ၂ ။ကျွန်းခေါက်မှုန့်ကို ရေနွေးနှင့် အတန်ကြာ စိမ်သောက်သော် အဆက်မပြတ်သွားသော ၀မ်းသွားရောဂါပျောက်၏ ။

► အသားအသုံးပြုပုံ

၁ ။ ကျွန်းသားကို သွေးလူးသော် သည်း ခြေကြောင့်ဖြစ်သော အဖောအရောင် ပျောက်၏ ။ ၂ ။ ကျွန်းသားကို သီဟိုဠ် သရက်စေ့အခွံ ဆီနှင့် သွေးလိမ်း သော် အပူနှင့် ယှဉ်၍ ဖြစ်သော ရောင်ရမ်းခြင်းများ ပျောက်၏ ။ ၃ ။ ကျွန်းသား မီးသွေးကို ထမင်းရည်နှင့် သွေး၍ မကြာခဏ လိမ်းပေးသော် ရေယုန်နာပျောက်၏ ။

► အသီးအသုံးပြုပုံ

၁ ။ အသီးကို ဆီနှင့် သွေးလိမ်းသော် ယားနာ ပျောက်၏ ။ ၂ ။ အသီးကို ညက်အောင် ကြိတ်၍ အနာအုံဆေးကဲ့သို့ ချက်၌ အုံ၍ စည်းထားသော် ဆီးချုပ်ရောဂါ ပျောက်၏ ။ ၃ ။ အသီးကို ဆန်ဆေးရည်နှင့် သွေးလိမ်းသော် နို့ချောင်း ပိတ်ရောဂါပျောက်၏။

ကျွန်းပင်ကို ရုက္ခဗေဒအရ တက်တိုးနာဂရန်ဒစ်ဟု ခေါ်သည်။ ကျွန်းပင်သည် မိုးရေချိန် လက်မ ၄၀ မှ ၁၂၀ ရှိသော ဒေသများ၌ ဖြစ်ထွန်းသည်။ မြေအမြင့်ပေ ၃၀၀ အောက်တွင် သန်စွမ်းစွာပေါက်နိုင်သည်။ ရွက်ကြွေပင်ကြီးမျိုးဖြစ်၍ ပေ ၈၀ မှ ပေ ၁၅၀ ထိမြင့်သည်။ ဖြောင့်တန်းနေသော ပင်စည်ပေါ်တွင် ကြယ် ပုံသဏ္ဍာန် အမွေးနုများ ရှိသည်။ အပွေးအညိုရောင်ရှိ၍ ချောသကဲ့သို့ ဖြစ်နေသော်လည်း အမျှင်လိုက် အကြောင်း ကလေးများ ရှိသည်။ အရွက် ရွက်ဆိုင် ထွက်သည်။ ရွက်ပြားကြီး၍ ဝိုင်းပြီး ရွက်ထိပ်ချွန်သည် ။ ရွက်ရင်းသွယ်သည်။ ရွက်ညှာတိုသည်။ အရွက်အောက်မျက်နှာပြင်တွင် ကတ္တီပါအမွေးနုများ ရှိသည်။ အပေါ်မျက်နှာပြင် ကြမ်းတမ်းသည်။ ရွက်နုများ နီညိုရောင်ရှိသည်။ ခြောက်သွေ့သည့် ဒေသများနှင့် မိုးအလွန်များသည့် နေရာများ၌ ကျွန်းပင် မပေါက်ချေ။ မြန်မာနိုင်ငံတွင် ပဲခူးရိုးမ တစ်လျောက်၌ လည်းကောင်း၊ မုတ္တမနယ်ရှိ တောင်ကုန်းများနှင့် ယင်းတို့၏မြောက်ဘက် တောင်ကုန်းဆက်များ၌လည်းကောင်း၊ မြစ်ကြီးနားခရိုင်နှင့် ကာမိုင်းနယ်တို့၌ လည်းကောင်း၊ ကျွန်းပင်များကို တွေ့ရသည်။ မြန်မာနိုင်ငံ၌ ကျွန်းပင်စိုက်ပျိုးခြင်း၊ ကျွန်းပင် ခုတ်လဲခြင်းတို့ကို အစိုးရက စီမံအုပ်ချုပ်သည်။

သဘာဝအနေအထား[ပြင်​ဆင်​ရန်​]

ကျွန်းပင်သည် ရာသီအလိုက် အရွက်ကြွေသော သစ်ပင်မျိုးဖြစ်သည်။ နွေရာသီတွင် ကျွန်းရွက်များသည် တရွက်မကျန် ကြွေကျလေ့ ရှိသည်။ ထိုသို့ ကြွေကျပြီးသည့်နောက်မှ ရွက်သစ်များတဖန် ပြန်ထွက်လာသည်။ ရွက်သစ်ပေါက်ချိန်မှာ မိုးဦးကျချိန်ဖြစ်သည်။ မိုးရာသီတွင် ကျွန်းပင်များသည် စိုပြည်သော အရွက်ကြီးများနှင့် စိမ်းလန်းအုပ်ဆိုင်းလျက် ရှိကြသည်။ ဝါဆို ၊ တော်သလင်း လများတွင် အပွင့် ပွင့်လေ့ရှိသည်။ အသီး အသီးလုံးသည် အချင်း ၁ လက်မခန့် ထိရှိသည်။ အခန်း ၄ ခန်း ပါဝင်၍ အမြှေးရှိသည်။ အသီးထိပ်တွင် တည်မြဲသော ပွင့်ဖတ်ဖြင့် ဖုံးအုပ်နေသည်။ တပေါင်း ၊ တန်ခူးလများတွင် အသီးရင့်မှည့်သည်။ အပွင့် အဖြူရောင်ဖြစ်သည်။ ပန်းခိုင်တွင် အဝါရောင် အမွေးနုများ ရှိပြီး အပွင့်များ အခိုင်လိုက် ပွင့်သည်။ ပွင့်ဖတ်နှင့် ပွင့်ချပ်များ ကြွေလွယ်သဖြင့် မကြခဏ ကြွေကျသော်လည်း ပန်းခိုင်မှာ ခိုင်မြဲစွာ ကျန်ရစ်သည်။

အသုံးပြုမှုများ[ပြင်​ဆင်​ရန်​]

ကျွန်းရွက်သည် ၁ ပေမှ ၃ ပေခန့် အထိရှည်၍ မျက်နှာပြင် ကြမ်းသည်။ ကျွန်းရွက်ကြီးများကို ပစ္စည်းထုပ်ရန် ဖက်အဖြစ် အသုံးပြုလေ့ ရှိသည်။ အချို့ ကျွန်းတောနှင့်နီးသော ကျေးရွာများတွင် ကျွန်းရွက်ကို အတန်းလိုက်သီ၍ အိမ်မိုးကြသည်။ တစ်ချို့ကလည်း ကျွန်းရွက်တွင် အနီရောင်ဆေးတမျိုး ပါရှိသဖြင့် ကျွန်းရွက်များကို ဆိုးဆေးအဖြစ် အသုံးပြုကြသည်။

အမရပူရ ရှိ ကျွန်းဖြင့် တည်ဆောက်ထားသော ဦးပိန်တံတား၊ မြန်မာနိုင်ငံ

ကျွန်းသားသည် မာ၍ ခိုင်ခံ့သည်။ ကျုံ့ခြင်း၊ ကြွခြင်း မရှိ။ ထိုဂုဏ်သတ္တိများကြောင့် ကမ္ဘာပေါ်၌ ပထမတန်းသစ်အဖြစ် ထင်ရှားလေသည်။ ကမ္ဘာကျော်သစ်အများသည် ကျွန်းထက် ၂ ဆမျှ ကျုံ့ခြင်း ကြွခြင်း ရှိ၏။ ခိုင်မာရာ၌လည်း ကျွန်း၏ ခိုင်မာခြင်း ၄ ပုံ ၃ ပုံမျှသာ ရှိ၏။ ကျွန်းသားကို ခြလည်းမစား၊ အက်ဆစ်လည်း မစားပေ။ ကျွန်းသား ၁ ကုဗပေသည် ၄၅ ပေါင်ခန့် အလေးချိန်စီးသည်။ အသားသေပြီး ကျွန်းသားကို ရေထဲချလျှင် ပေါလော ပေါ်လေသည်။ ကျွန်းသားကို အခြောက်ပေါင်းခံခြင်းဖြင့် မည်းနက်သော ကတ္တရာစေးတမျိုးကို ရနိုင်သည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် ဤကတ္တရာစေးကို ဆေးအဖြစ် အသုံးပြုကြသည်။

အသီး၊ အရွက်၊ အပွင့်တို့စုံလင်စွာပါရှိနေသည့် ကျွန်းပင်တစ်ပင်အားတွေ့ရပုံ၊ ကိုလ်ကတ္တား၊ အနောက်ဘင်ဂယ်၊ အိန္ဒိယနိုင်ငံ

အခြားကျွန်းအသုံးချမှုများမှာ အိမ်ဆောက်ခြင်း၊ ပရိဘောဂ ပြုလုပ်ခြင်း၊ သိပ္ပံလက်တွေ့ စမ်းသပ်ခန်းသုံး ထိုင်ခုံနှင့် စားပွဲများ ပြုလုပ်ခြင်း၊ ဇာတ်ခုံကြမ်းခင်းများ ပြုလုပ်ခြင်း စသည်တို့ ဖြစ်ကြသည်။ ရာသီဥတုအမျိုးမျိုး၏ ဒဏ်ကို ခံရသော သင်္ဘောများ တည်ဆောက်ရာ၌ ကျွန်းကို မြောက်မြားစွာ အသုံးပြုရသည်။ ကွင်းမေရီခေါ် ကမ္ဘာကျော်ဗြိတိသျှ သင်္ဘောကြီး၌ ကျွန်းသား တန်ချိန် ၁၀၀၀ ကျော် အသုံးပြုထားသည်။ မီးရထားတွဲများ ဆောက်လုပ်ရာ၌လည်း ရာသီဥတုဒဏ်နှင့် မီးရထား၏ လှုပ်ရှားမှဒဏ်ကို ကျွန်းသားသာလျှင် ခံနိုင်သဖြင့်၊ ယခင် ကမ္ဘာပေါ်ရှိ မီးရထားတွဲများကို ကျွန်းသားဖြင့်သာ ပြုလုပ်ထားခဲ့ကြသည်။ မြန်မာနိုင်ငံ၌ ကျွန်းသားဖြင့် ဆောက်လုပ်ထားသော ဘုန်းကြီးကျောင်း၊ ဇရပ် စသည့်အဆောက်အအုံအမြားအပြား ရှိသည်။ အမေရိကန်နိုင်ငံ ဖို့ ပြတိုက်ကြီး၌လည်း ကျွန်းဖြင့် ကြမ်းခင်းထားသော အကျယ်မှာ ၁၈ ဧကခန့် ရှိသည်။ ကျွန်းအစား အခြားသစ်များကို သုံးရန် အနောက်နိုင်ငံများ၌လည်း သုသေသနပြု၍ သိပ္ပံနည်းများဖြင့် လုပ်ကိုင်ကြသော်လည်း ယနေ့အထိ ကျွန်း၏ ဂုဏ်သတ္တိများနှင့် ယှဉ်ပြိုင်နိုင်သည့် သစ်ကို မတွေ့ရသေးချေဟု ဆိုသည်။

ဆေးဘက်ဆိုင်ရာ အသုံးပြုမှုများ[ပြင်​ဆင်​ရန်​]

မြန်မာဆေးကျမ်းများ အလိုအရ ကျွန်းသည် ဖန်သော အရသာရှိ၍ အေးသောဂုဏ်သတ္တိ ရှိ၏ ။ လေ ၊ သလိပ် ကို ကြေစေ၍ ညောင်းကျရောဂါ ၊နူနာ ၊ သွေးအန်သွေးကျ ၊ ဖောရောင်ခြင်း ရောဂါများကို ပယ်ပျောက်နိုင်၏ ။

အခေါက်[ပြင်​ဆင်​ရန်​]

  • ကျွန်းခေါက် တစ်ညလုံး စိမ်ထားသော စိမ်ရည်ကို သောက်သော် မီးယပ်ဖြူဆင်းသောရောဂါ ပျောက်၏။
  • ကျွန်းခေါက်မှုန့်ကို ရေနွေးနှင့် အတန်ကြာ စိမ်သောက်သော် အဆက်မပြတ်သွားသော ဝမ်းသွားရောဂါပျောက်၏။

အသား[ပြင်​ဆင်​ရန်​]

  • ကျွန်းသားကို သွေးလူးသော် သည်းခြေကြောင့်ဖြစ်သော အဖောအရောင် ပျောက်၏ ။
  • ကျွန်းသားကို သီဟိုဠ် သရက်စေ့ အခွံဆီနှင့် သွေးလိမ်းသော် အပူနှင့် ယှဉ်၍ ဖြစ်သော ရောင်ရမ်းခြင်းများ ပျောက်၏။
  • ကျွန်းသား မီးသွေးကို ထမင်းရည်နှင့်သွေး၍ မကြာခဏ လိမ်းပေးသော် ရေယုန်နာပျောက်၏ ။

အသီး[ပြင်​ဆင်​ရန်​]

  • အသီးကို ဆီနှင့်သွေးလိမ်းသော် ယားနာ ပျောက်၏ ။
  • အသီးကို ညက်အောင် ကြိတ်၍ အနာအုံဆေးကဲ့သို့ ချက်၌ အုံ၍ စည်းထားသော် ဆီးချုပ်ရောဂါ ပျောက်၏ ။
  • အသီးကို ဆန်ဆေးရည်နှင့် သွေးလိမ်းသော် နို့ချောင်းပိတ်ရောဂါ ပျောက်၏။[၁]

ကျွန်းပင်နှင့် မြန်မာနိုင်ငံ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံ၌ ကျွန်းသစ်အဖိုးတန်ပုံကို ရှေးနှစ်ပေါင်းအတော်ကြာကပင် သိရှိခဲ့ကြသည်။ ခရစ် ၁၇၅၂ ခုနှစ်တွင် အလောင်းမင်းတရားကြီးသည် ကျွန်းပင်များကို ခုတ်လှဲခြင်း မပြုရ၊ ကျွန်းသစ်များသည် ဘုရင့်ဘဏ္ဍာတော် ပစ္စည်းဖြစ်သည်ဟု ကြေညာ ပညတ်တော်မူခဲ့သည်။ ၁၈၆၀ ပြည့်နှစ်တွင် ယခု မက္ကရီကာဟု ခေါ်တွင်သည့် ကုမ္ပဏီသည် မင်းတုန်းမင်းတရားထံ ကျွန်းသစ်ထုတ်လုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထား၍ လုပ်ကိုင်ခွင့် ရရှိခဲ့၏။ ၁၈၆၂ ခုနှစ်တွင် ဘုံဘေဘားမားခေါ် ကုမ္ပဏီသည် မင်းတုန်းမင်းကြီးနှင့် စေ့စပ်၍ ပျဉ်းမနားမြို့အနီးရှိ တောများ၌ ကျွန်းအလုပ်များကို လုပ်ကိုင်ရန်အခွင့်အရေးများ ရခဲ့၏။ ဤသို့ ကုမ္ပဏီကြီးများသည် ကျွန်းသစ်များကို ထုတ်ယူလာကြ၍ ကျွန်းသစ်တောများ တဖြည်းဖြည်းပြုန်းလာသောအခါ ၁၈၅၅ ခုနှစ်၌ အိန္ဒိယဘုရင်ခံချုပ်က ကျွန်းပင်များကို အစိုးရက ရွေးချယ်သတ်မှတ် သင်းသတ်ပေးခြင်းမပြုဘဲ မည်သူမှ မခုတ်မလှဲရဟု ကျေညာရလေသည်။

လွတ်လပ်ရေးမရမီက မြန်မာနိုင်ငံ၌ ဗြိတိသျှအစိုးရသည် အသွားအလာ လွယ်ကူသည့် နေရာများကို သီးသန့်ထား၍ ငွေအင်အားနည်းသည့် နိုင်ငံသားများအား ထုတ်ယူနိုင်ခွင့်ပြုခဲ့သည်။ အသွားအလာခက်ခဲသည့် နေရာများကိုမူ ငွေအင်အားကောင်းသော နိုင်ငံခြားကုမ္ပဏီများအား ရောင်းချလုပ်ကိုင်စေခဲ့သည်။ ထိုအခါက ထင်းရှားသော ကုမ္ပဏီကြီးများမှာ ဘုံဘေဘားမား၊ (ဘုံဘေဘားမားရောင်းဝယ်ရေး) စတီးဘရားသား၊ မက္ကရီကာ၊ ဖူးကား၊ တီဒီ ဖင်းလေးကုမ္ပဏီတို့ ဖြစ်ကြသည်။ လွတ်လပ်ရေးရပြီးသည့် နောက်တွင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ကျွန်းတောများကို ပြည်သူပိုင် ပြုလုပ်ရေး ပြီးစီးလေသည်။

မြန်မာပြည်၏ ကျွန်းသစ်ပို့ကုန်များ[ပြင်​ဆင်​ရန်​]

ယခုအခါ နိုင်ငံတော် သစ်ထုတ်လုပ်ရေးအဖွဲ့မှ ဦးစီး၍ ကျွန်းသစ်နှင့် အခြားသစ်များကို ထုတ်ယူ သုံးစွဲ ရောင်းချလျှက် ရှိသည်။ ကမ္ဘာတွင် မြန်မာနိုင်ငံမှအပ ယိုးဒယား၊ မလေးရှား၊ ဂျားဗား၊ အင်ဒိုချိုင်းနားနှင့် အိန္ဒိယနိုင်ငံတို့၌လည်း ကျွန်းထွက်သည်။ သို့သော် အခြားနိုင်ငံများ၌ ထွက်သည့် တန်ချိန်မှာ မြန်မာနိုင်ငံ၌ ထွက်သည့် တန်ချိန်၏ သုံးပုံ တစ်ပုံမျှသာ ရှိသည်။ ၁၉၈၈ ခုနှစ်မတိုင်၊ မြန်မာနိုင်ငံသစ်တော်များမှ နှစ်စဉ် မူမှန်အထွက်သည် တန်ချိန်ပေါင်း ၄ သိန်းမျှ ရှိနိုင်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံမှ ထွက်သည့် ကျွန်းကို အင်္ဂလန်ပြည်က ၂၆.၃ %၊ အိန္ဒိယနိုင်ငံက ၆၁.၅ %၊ အခြားနိုင်ငံများက ၁၂.၂ % ခန့် သုံးစွဲခဲ့ကြသည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။[၂][၃] ယခုအခါ မြန်မာ့ကျွန်းသစ်များအား ထုတ်ယူခြင်းတွင်သာ များပြား၍ ပြန်လည်စိုက်ပျိုးမှုမှာ တန်သလောက် မရှိသဖြင့် သစ်တောအရေအတွက်များ နည်းလာပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာပေါ်ရှိ ကျွန်းသစ် ၇၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ ထုတ်လုပ်ခဲ့ပြီးသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://arogyamonline.com/commodity/materials/?raw=132
  2. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်းခ၊ အတွဲ(၂)
  3. [၁]
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။