ကျော်သက်၊ ဒေါက်တာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဒေါက်တာ ကျော်သက် သည် ၁၉၂၁ ခုနှစ်တွင် ရန်ကုန်မြို့တွင် မွေးဖွားကြီးပြင်းခဲ့ သော မွန်-ဗမာစပ် သမိုင်း ပါမောက္ခ တစ်ဦးဖြစ်ခဲ့သည်။ လန်ဒန်ယူနီဗာစီတီ London University မှ သမိုင်းဆိုင်ရာ ပါရဂူဘွဲ့ကိုရခဲ့သည်။ ပီအိ်ပ်ချ်ဒီ ဘွဲ့အပြီး ကမ္ဘာကျော် ယေး(လ်) တက္ကသိုလ်ကြီး၏ ဘွဲ့လွန်တန်းများတွင် နှစ်နှစ်ကြာ စာသင်ကြားပို့ချခဲ့သေးသည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် အေရှားတိုင်းသမိုင်း ပညာဌာနတွင် ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်သွားခဲ့သည်။