ကျော်မိုးသာ(ပန်းချီ)

ဝီကီပီးဒီးယား မှ

ပန်းချီအနုပညာ၊ ပန်းချီဆရာများ၊ ပန်းချီကျောင်းများနှင့် အနုပညာ တက္ကသိုလ်များ တိုးတက်မြင့်မားရေးကို ဆောင်ရွက်ခဲ့သော မန္တလေးမြို့မှ ပန်းချီဆရာကြီး တစ်ဦးဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၄၆-ခု၊ ဧပြီလ၊ (၁၇)ရက်တွင် အဖ ဦးစီ၊ အမိ ဒေါ်ငွေဇင်တို့မှ မန္တလေး၊ ချွန်းတောင်ဝင်း၌ မွေးဖွားခဲ့သည်။ မွေးချင်း ခြောက်ဦးအနက် အငယ်ဆုံးဖြစ်သည်။ ငယ်မည်မှာ ဦးချိုချို ဖြစ်သည်။ ၁၉၆၇-ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၁၉၆၈-ခုနှစ်တွင် ပန်းချီကားများ စတင်ရေးဆွဲခဲ့သည်။ ၁၉၇၁-၁၉၇၅ အထိ မန္တလေးတက္ကသိုလ်၊ ပန်းချီပန်းပုအသင်း၌ အတွင်းရေးမှူးနှင့် သင်တန်းမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၂-ခုနှစ်၊ ဒီဇင်ဘာ ၂၆ တွင်ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ပန်းချီပန်းပု ပြပွဲတွင် စတင်၍ ပန်းချီကားများ ပြသခဲ့သည်။ ၁၉၇၈-ခု နိုဝင်ဘာ ၂၃-ရက်နေ့၌ ရန်ကုန်လောကနတ် အနုပညာတွင်၎င်း၊ ၁၉၇၉ မြန်မာနိုင်ငံ ပန်းချီပန်းပုကောင်စီ မြန်မာနိုင်ငံလုံးဆိုင်ရာ ပန်းချီပြပွဲ(ရန်ကုန်)၌၎င်း ပြသခဲ့သည်။ ၁၉၈၁-ခုနှစ်မှ ၂၀၀၅-ခုနှစ်အထိ နိုင်ငံတော်မှ ထုတ်ဝေသော ပန်းရိုးမပြက္ခဒိန်တွင် ပန်းချီကားများ ရေးဆွဲခဲ့သည်။ ၁၉၉၄-ခုနှစ်တွင် ဒေါင့်မှန်မီးအိမ်ပန်းချီပြပွဲ၊ ၁၉၉၆-ခု၊ ဩဂုတ်လတွင် ယူတိုးပီးယား(စင်္ကာပူ)နှင့် (မလေးရှား)တို့တွင် ပါဝင်ပြသခဲ့သည်။


၁၉၇၃-ခုနှစ်တွင်ဒေါ်တင်တင်ကြည်နှင့် အိမ်ထောင်ပြုခဲ့ပြီး သားနှစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်။ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁-လမ်းနှင့် ၃၂-လမ်းကြား၊ ၈၄-လမ်းနှင့် ၈၅-လမ်းကြား၊ အကွက်(၅၇၄) ချွန်းတောင်ဝင်းနေအိမ်၌ နေထိုင်သည်။ [၁]

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၁၉-ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့ ညနေ (၄)နာရီတွင် နေအိမ်၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက်(၇၅)နှစ် ရှိပြီဖြစ်သည်။ [၂]


ကိုးကား[ပြင်ဆင်ရန်]

  1. နေထွတ်၏ မန္တလေးအဘိဓာန်
  2. မန္တလေး နေ့စဉ်သတင်းစာ၊ ၉.၉.၂၀၁၉