ကျောမည်း ခွေးအ
| Black-backed jackal | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001)) |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Canis mesomelas'' | ||||||||||||||
ကျောမည်းခွေးအ (black-backed jackal) သိပ္ပံအမည် (Canis mesomelas) ကို ငွေကျောကုန်း ခွေးအ သို့မဟုတ် ခွေးအ နီ ဟုလည်း ခေါ်ဆိုလေ့ ရှိကြသည်။ အာဖရိကတိုက်အတွင်း ကီလိုမီတာ ၉၀၀ မျှ ဝေးသော ဒေသနှစ်ခုတွင် တကွဲတပြား တွေ့ရှိရသည်။ ပထမဒေသမှာ တိုက်ကြီး၏ တောင်ဘက်ပိုင်းဖြစ်ပြီး တောင်အာဖရိက၊ နမီးဘီးယား၊ ဘော့ဆွာနာ၊ ဇင်ဘာဘွေ တို့ ပါဝင်သည်။ အခြားဒေသ တစ်ခုမှာ အရှေ့ဘက် ကမ်းရိုးတန်း တလျှောက်တွင် ဖြစ်ပြီး ကင်ညာ၊ ဆိုမာလီယာ နှင့် အီသီယိုးပီးယားတို့ ပါဝင်သည်။ ပတ်ဝန်းကျင် အပြောင်းအလဲကို လက်ခံနိုင်မှု နှင့် နေရာ အနှံ့အပြား ရှိမှုတို့ကြောင့် နိုင်ငံတကာ တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့က မျိုးသုဉ်းရန် စိုးရိမ်ရေမှတ် အနိမ့်ဆုံး သတ္တဝါ အဖြစ်သတ်မှတ်ထားသည်။ သို့သော်လည်း ထိုခွေးအများကို ကျွဲနွားများအား တိုက်ခိုက်သူ နှင့် ခွေးရူးရောဂါ ဖြန့်ဖြူးသူ အနေနှင့် လိုက်လံ သတ်ဖြတ်လေ့ ရှိကြသည်။ ကျောက်ဖြစ်ရုပ်ကြွင်းများ အရ ကျောမည်းခွေးအသည် ခွေးမျိုးရင်းဝင် သတ္တဝါများတွင် ရှေးအကျဆုံး တည်ရှိခဲ့သော သတ္တဝါ အဖြစ် တွေ့ရသည်။