ကျောမည်း ခွေးအ

ဝီကီပီးဒီးယား မှ
ကျောမည်း ခွေးအ
(Black-backed Jackal)
Temporal range: Pliocene ခေတ် – လက်ရှိခေတ်
နမီးဘီးယားနိုင်ငံ၊ အီတိုသျှာ အမျိုးသားဥယျာဉ်မှ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
မျိုးရင်း: Canidae
မျိုးရင်းသေး: Caninae
မျိုးဇာတ်: Canini
မျိုးဇာတ်သေး: Canina
မျိုးစု: Lupulella
မျိုးစိတ်:
L. mesomelas
ဒွိနာမ
Lupulella mesomelas
(Schreber, 1775)
မျိုးစိတ်ခွဲ

မျိုးစိတ် (၂) မျိုး

Black-backed jackal range, with L. m. mesomelas in blue and L. m. schmidti in red
Synonyms

Canis mesomelas[၂]

ကျောမည်းခွေးအ (Black-backed Jackal) သိပ္ပံအမည် ("Lupulella mesomelas") ကို ငွေကျောကုန်းခွေးအ သို့မဟုတ် ခွေးအနီ ဟုလည်း ခေါ်ဆိုလေ့ ရှိကြသည်။ ခွေးအ မျိုးစိတ်တစ်မျိုးဖြစ်ပြီး အာဖရိကတိုက်အတွင်း ကီလိုမီတာ ၉၀၀ မျှ ဝေးသော ဒေသနှစ်ခုတွင် တကွဲတပြား တွေ့ရှိရသည်။ ပထမဒေသမှာ တိုက်ကြီး၏ တောင်ဘက်ပိုင်းဖြစ်ပြီး တောင်အာဖရိကနမီးဘီးယားဘော့ဆွာနာဇင်ဘာဘွေ တို့ ပါဝင်သည်။ အခြားဒေသ တစ်ခုမှာ အရှေ့ဘက် ကမ်းရိုးတန်း တလျှောက်တွင် ဖြစ်ပြီး ကင်ညာဆိုမာလီယာ နှင့် အီသီယိုးပီးယားတို့ ပါဝင်သည်။ ပတ်ဝန်းကျင် အပြောင်းအလဲကို လက်ခံနိုင်မှု နှင့် နေရာ အနှံ့အပြား ရှိမှုတို့ကြောင့် နိုင်ငံတကာ တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့က မျိုးသုဉ်းရန် စိုးရိမ်ရေမှတ် အနိမ့်ဆုံး သတ္တဝါ အဖြစ်သတ်မှတ်ထားသည်။ သို့သော်လည်း ထိုခွေးအများကို ကျွဲနွားများအား တိုက်ခိုက်သူ နှင့် ခွေးရူးရောဂါ ဖြန့်ဖြူးသူ အနေနှင့် လိုက်လံ သတ်ဖြတ်လေ့ ရှိကြသည်။ ကျောက်ဖြစ်ရုပ်ကြွင်းများ အရ ကျောမည်းခွေးအသည် ခွေးမျိုးရင်းဝင် သတ္တဝါများတွင် ရှေးအကျဆုံး တည်ရှိခဲ့သော သတ္တဝါ အဖြစ် တွေ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Hoffmann, M. (2014). "Canis mesomelas". IUCN Red List of Threatened Species 2014. IUCN. doi:10.2305/IUCN.UK.2014-1.RLTS.T3755A46122476.en. 
  2. Wozencraft၊ C. W. (2005)။ "Order Carnivora"။ in Wilson၊ D. E.; Reader၊ D. M. (eds.)။ Mammal Species of the World: A Taxonomic and Geographic Reference1 (3rd ed.)။ Johns Hopkins University Press။ p. 577။ ISBN 978-0-8018-8221-0