ကျောက်​ချဉ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကောျက်ချဉ်တုံး

[ပြင်​ဆင်​ရန်​] ကျောက်ချဉ်

ကျောက်ချဉ်သည် အရောင်းကင်း၍ ရှစ်မြှောင့် ခရစ္စတယ် ကလေးများအဖြစ် ဖွဲ့စည်းနေသော အခဲဖြစ်သည်။ ထိုအခဲတွင် ရေ ၄၅ ရာခိုင်နှုန်းခန့် ပါဝင်၏။ အလျူမီနီယမ် ဆာလဖိတ် (ဓါတ်ဆား) နှင့် ပိုတက်ဆီယမ်ဆာလဖိတ် (ဓါတ်ဆား)နှစ်မျိုး ကို အညီအမျှရောစပ်ကာ အရည်ဖျော်၍လုပ်လျှင် ရှစ်မြှောင့် ခရစ္စတယ်ကျောက်ချဉ်ခဲကလေးများ ဖြစ်လာသည်။ ကျောက်ချဉ်ကို သယံဇာတအဖြစ်ဖြင့် တူးဖော်ရရှိနိုင် သည်။ သို့သော် ကျောက်မီးသွေးမှ ဓါတ်ငွေ့ကို ထုတ်ယူရာတွင် ကျောက်ချဉ်ကို ဘေးထွက်ပစ္စည်းအနေဖြင့် အမြောက်အမြား ရရှိနိုင်သည်။ ရှေးခေတ်အခါက လူများသည် ကျောက်ချဉ် ပါသော ကျောက်တုံးကို မီးဖုတ်၍ ကျောက်ချဉ်ကို ထုတ်ယူကြ သည်။ အလယ်ခေတ် လောက်က ဥရောပနိုင်ငံများ၌ အသုံးပြု သော ကျောက်ချဉ်ကို ဥရောပအရှေ့ဖက်ရှိ မွတ်စလင်နိုင်ငံများမှ ရရှိသည်။ ၁၅ ရာစုနှစ်သို့ ရောက်သောအခါမှ ကျောက်ချဉ် တွင်းများကို အီတလီနိုင်ငံ တောင်ပိုင်းတွင် တွေ့ရှိကြလေသည်။ ကျောက်ချဉ်၏ ထူးခြားသော အချက်တစ်ရပ်မှာ ကျုံ့စေ ချုပ်စေတတ်သော သတ္တိဖြစ်၏၊ ဥဒါဟရုဏ် ကျောက်ချဉ် တစ်ခဲကို နှုတ်ခမ်းတွင် ပွတ်တိုက်ကြည့်လျှင် နှုတ်ခမ်းသည် ကျုံ့ယုံ့ တင်းမာသွားသည်ကို တွေ့ရမည်။ ကျောက်ချဉ်ကို ဆေးဝါးအဖြစ်ဖြင့် အမျိုးမျိုး အသုံးပြုနိုင်ရာ သွေးတိတ် အောင်ပြုခြင်း၊ အနာစိမ်းများ ကုသခြင်းတို့အတွက် ကောင်း၏။ ထို့ပြင် အထည်အလိပ်များ ဆေးဆိုးရာတွင်လည်း ဆေးရောင် ကို ချုပ်ရန်အတွက် အသုံးဝင်သည်။ သို့ရာတွင် ဤသို့ ချုပ်ဆေးအဖြစ်ဖြင့် အသုံးပြုသော ကျောက်ချဉ်၌ သံဓါတ် မပါအောင် သတိပြုရသည်။ သားရေနယ်ရာ၌၄င်း၊ စက္ကူ လုပ်ငန်းတွင် စက္ကူကို မင်အစုတ်နည်းအောင် ပြုလုပ်ရာ၌၄င်း၊ နောက်ကျိသောရေကို ကြည်လင်အောင် ပြုလုပ်ရာ၌၄င်း၊ ကျောက်ချဉ်ကို အသုံးပြုကြ၏။ ရေကို ကြည်လင်စေရန် ရေတိုင်ကီများတွင် တစ်ခါတစ်ရံ ကျောက်ချဉ်သက်သက်ကို ဖြစ်စေ၊ ထုံးဖြင့်ရော၍ ဖြစ်စေ အသုံးပြုတတ်ကြသည်။ ကျောက်ချဉ်သည် ဆေးဝါးဖက်တွင် အသုံးဝင်သော်လည်း တန်ရုံထက် လွန်၍ စားသုံးမိလျှင် ဥပဒ်ပေးတတ်သည်။ ကျောက်ချဉ်ကို မီးဖုတ်ကြည့်လျှင် ရေသည် အငွေ့ဖြစ်သွား၍ အမှုန့်သာ ကျန်သည်။ [၁]


[ပြင်​ဆင်​ရန်​] ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်