ကျောက်

ဝီကီပီးဒီးယား မှ
Balanced Rock stands in the Garden of the Gods park in Colorado Springs

ဘူမိဗေဒတွင် ကျောက်ကို အမျိုးခွဲခြားထားပုံမှာ

အများအားဖြင့် ကျောက်ဖြစ်ရုပ်ကြွင်းများကို အနည်ကျကျောက်များ တွင် တွေ့ရသည်။ အနည်ကျကျောက်ဖြစ်ရန် ပစ္စည်းများသည် ကုန်းပေါ်မှ ပယ်လယ်နှင့်မြစ်များသို့ မျောပါသွား၍ ရေအောက် တွင် မြေဖြူထုံးကျောက် သို့မဟုတ် သဲကျောက်အဖြစ်ဖြင့် တည်ရှိကြသည်။

ကျောက်ပွနှမ်းဖတ်ကျောက်မီးတောင်ချော်နက်နှင့် အော့ဗဆစ်ဒီကျောက်တို့သည် မီးတောင်ပေါက်ကွဲမှု ကြောင့်၎င်း၊ သို့မဟုတ် ကမ္ဘာမြေလွှာအတွင်းရှိ အပူကြောင့်၎င်း၊ ဖြစ်ပေါ်လာ ရသည့် မီးသင့်ကျောက်များ ဖြစ်သည်။ စကျင်ကျောက်သည် အသွင်ပြောင်းကျောက်များတွင် ခရစ္စတယ် အသွင်ဖြင့် တွေ့ရသော ကျောက်မျိုး ဖြစ်သည်။ ဤကျောက်သည် ထုံးကျောက်မှတစ်ဆင့် ဖြစ်လာ၏။ အသွင်ပြောင်းကျောက် တစ်မျိုးဖြစ်သည့် သင်ပုန်းကျောက်သည် ယှေလကျောက်မှ ဖြစ်၍ ကွာကျောက်(ကျောက်သလင်း)မှာမူကား သဲကျောက် တစ်မျိုး ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)